မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ချစ်ရတဲ့သူကို မလိမ်ညာဘဲ တကယ်အချစ်စစ်နဲ့ချစ်တာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ကိုယ်ချစ်နေတာကို သည်းသည်းလှုပ်မဖော်ပြသင့်ပါဘူး။ အရမ်းကြီး ချစ်ပြလိုက်တဲ့အခါ ဒီလိုအချက်လေးတွေက ကိုယ့်ကိုပဲ စိတ်ညစ်စေလာနိုင်ပါတယ်။ လူတိုင်း ဒီလိုဖြစ်နိုင်တာတော့ မဟုတ်ပေမယ့် လူတော်တော်များများ ကြုံတွေ့နေရတဲ့ အရာတွေကို ဖော်ပြပေးထားပါတယ်။
ယောကျ်ားလေးတွေက ပင်ကိုဗီဇအရ အနိုင်ယူချင်စိတ်ရှိတဲ့သူတွေပါ။ တကယ်လို့ ကိုယ်က သည်းသည်း လှုပ်ချစ်ပြလိုက်မယ် ဆိုရင်တော့ ကိုယ့်ကို အနိုင်ယူလာတော့မှာပါ။ ဒါကြောင့်မို့လို့ ယောကျ်ားလေး တစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် အရမ်းကြီးထုတ်မပြတာ အကောင်းဆုံးပါပဲ။
2. တန်ဖိုးမထားတော့ဘူး
ကိုယ့်ချစ်သူကို သူမရှိပဲမနေနိုင်တဲ့ ပုံစံလုံးဝမလုပ်ပြပါနဲ့။ ကိုယ်ဒီလိုဖြစ်နေတာကို သိသွားရင် ကိုယ်ကို အရင်လို တန်ဖိုးထားတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်တဲ့၊ ချစ်သူမရှိလည်း ကိုယ့်ဘာသာကို ကောင်းကောင်းနေတတ်တဲ့ သူမျိုးကိုမှ ယောကျ်ားလေးတွေက တန်ဖိုးထားတတ်ကြတာများပါတယ်။
3.ဂရုစိုက်တာတွေလျော့လာမယ်
ကိုယ်က အမြဲတမ်း သူ့ကို တွယ်ကပ်နေမယ်ဆိုရင်တော့ ကိုယ်ကို ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ ဂရုမစိုက်ရင်တောင် သူ့ကိုဂရုစိုက်နေမယ့်သူမျိုးဖြစ်တယ်ဆိုရင်တော့ ကိုယ်ကို အချိန်တွေပေး၊ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပေးတော့မှာ မဟုတ်ပါဘူး။
4.မချော့တော့ဘူး။
ကိုယ်စိတ်ကောက်တဲ့ အချိန်တွေမှာလည်း ကြာကြာမချော့လိုက်ရပဲ ချက်ချင်းစိတ်ပြန်ပြေတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ကိုသူ မချော့လည်း ကိုယ်ဘာသာကိုယ်စိတ်ပြေတယ်ဆိုရင် ကိုယ်ကို စိတ်ရှည်ရှည်နဲ့ချော့တော့မှာ မဟုတ်သလို ကိုယ်ဘယ်လောက်ပဲ စိတ်တို၊ ဒေါသထွက်ထွက် အရေးစိုက်တော့မှာ မဟုတ်ပါဘူး။
5.ပင်ပန်းမယ်။
ကိုယ်က အရမ်းအဖြစ်သည်းပြလိုက်ရင် သူ့ရဲ့ ပြောင်းလဲလာတဲ့ အချိုးတွေကြောင့် လူပင်ပန်းစိတ်ပင်ပန်းရမှာ ကိုယ်ပါပဲ။ ကိုယ်ချစ်သလောက် သူက ပြန်မချစ်တဲ့အခါ၊ ကိုယ်ချစ်ပြသလို သူက ချစ်မပြတဲ့အခါ ကိုယ်ရဲ့ မာနတွေကို ထိခိုက်ရုံသာမက ကိုယ် ကိုယ်တိုင်လ
ည်း အမြဲတမ်း စိတ်တိုဒေါသထွက်ပြီး အလိုမကျဖြစ်နေရမှာပါ။
အရမ်းချစ်ပြရင် ပစ်ချခံရတယ်ဆိုတဲ့ စကားအတိုင်း ကိုယ်က သဲသဲလှုပ်ဖြစ်ပြလိုက်တဲ့အခါမှာ လျစ်လျူရှုတာတွေ ခံရတတ်ပါတယ်။ ဒါကြောင့် အစကတည်း သူ့ကို အရမ်းချစ်မပြပဲ ခပ်တင်းတင်းလေးနေတာ အကောင်းဆုံးပါပဲ ။
Source : Stylecraze
PhotoCredit : Google.com