ယောကျ်ားလေးတွေရဲ့ ရင်ထဲကို အမြန်ဆုံး‌ရောက်အောင်လုပ်နိုင်မယ့် နည်း(၃)နည်း... - TrueID

ယောကျ်ားလေးတွေရဲ့ ရင်ထဲကို အမြန်ဆုံး‌ရောက်အောင်လုပ်နိုင်မယ့် နည်း(၃)နည်း...

September 26, 2022

ယောကျ်ားလေး ဆိုတာ သိပ်ကိုမာကြောခက်ထန်တဲ့ သူတွေလို့ အများက သတ်မှတ်ထားကြပေမယ့် တကယ်တော့ တချို့မိန်းကလေးတွေထက်တောင် စိတ်ထားနူးညံ့သိမ်မွေ့ကြသူတွေပါ။ သူတို့ရဲ့ရင်ထဲမှာ မိန်းကလေးတစ်ယောက်သာ ရှိနေမယ်ဆိုရင် တစ်ခြားမိန်းမတွေ ဘယ်လောက်ချောချော ဘယ်လောက်လှလှ ကြည့်ရုံနဲ့တင် ရပ်တန့်သွားတတ်ကြတာမျိုးပါ။ ရှင်းရှင်းပြောရရင်တော့ သူတို့ကြည့်မိတယ်ဆိုတာကလည်း ရယူလိုခြင်းမရှိတဲ့အကြည့်ပေါ့... ဒါပေမယ့် သမင်လည်ပြန်ဖြစ်နေပြီဆိုရင်တော့မဖြစ်သေးဘူးနော်...

 

အရှေ့ကအကြောင်းကို ဆက်ပြောရရင် ယောကျ်ားလေးတွေတကယ်ချစ်တတ်လာပြီဆိုရင် မိန်းကလေးတွေထက်တောင် အစွဲလန်းကြီးတတ်ကြပါတယ်။ အထူးသဖြင့် သူတို့သိပ်ချစ်မိသွားတဲ့မိန်းမတွေနဲ့ကြုံလာတဲ့အခါ ကျန်တဲ့ မဆိုတဲ့အရာတွေအားလုံး လှည့်မကြည့်တော့လောက်အောင်ဖြစ်သွားတတ်ကြတာပါပဲ... ယောကျ်ားအားလုံးတော့မဆိုလိုပေမယ့် သစ္စာတရားနဲ့မေတ္တာတရားကြီးမားတဲ့အမျိုးသားတွေအတွက်ကတော့ သူတို့အမျိုးသမီးမှသူတို့ အမျိုးသမီးပါပဲနော်...

ဆိုတော့ ဒီလိုမျိုး ကိုယ်ချစ်ရတဲ့အမျိုးသားရဲ့ရင်ထဲမှာ အမြန်ဆုံးနေရာဝင်ယူနိုင်ဖို့ ကြိုးစားချင်တယ်ဆိုတဲ့မိန်းကလေးတွေအတွက် ဒီနေ့မှာတော့ အမြန်ဆုံးရောက်နည်းလေးကို ပြောပြပေးသွားပါမယ်နော်...

သေချာတာတစ်ခုကတော့ သူ့ဘက်က လက်ရှိပိုင်ရှင်ရှိနေပြီးသားဆိုရင် ဆက်မကြိုးစားသင့်သလို အခုပြောပြသွားမှာက ပိုင်ရှင်မရှိသေးတဲ့အမျိုးသားရဲ့ ရင်ထဲမှာသာ နေရာရအောင်လုပ်သင့်တဲ့ နည်းလေးတွေဖြစ်ပါတယ်...

ကဲ ကြည့်လိုက်ရအောင်…

(၁) ဘော်ဒါလိုဆက်ဆံပါ

null

သူတို့ကို ပဲနဲ့ဆက်ဆံတဲ့မိန်းကလေးထက် ဘော်ဒါလို ဆက်ဆံပေါင်းသင်းနိုင်တဲ့ မိန်းကလေးမျိုးကို ပိုပြီးသဘောကျတတ်ပါတယ်။ ဘော်ဒါလိုဆိုတဲ့ သဘောက ပြောဆိုတဲ့ပုံစုံ ပွင့်လင်းတဲ့အပြုမူ၊ ရင်ဘောင်တန်းပြောဆိုနိုင်တဲ့အရည်အချင်း ကိုပဲဆိုလိုတာပါ။ ကိုယ့်ကိုကိုယ် ယောကျ်ားလေးတစ်ယောက်လို သဘောထားပြီး ယောကျ်ားလေးတွေနဲ့အတူတူ တစ်ပူးပူးတတွဲတွဲနဲ့ ယောက်ချိုလုပ်နေမယ်ဆိုရင်တော့ ဒီလိုမိန်းကလေးမျိုးကို သူတို့ရဲ့ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဖို့ ခက်ခဲကြပါလိမ့်မယ်။ ယောကျ်ားဆိုတဲ့အမျိုးက အရမ်းလွယ်တဲ့မိန်းကလေးတွေကို အပေါင်းသင်းနေနဲ့သာ ထားတတ်ကြပေမယ့် တကယ်တမ်းဒီလိုယောကျ်ားလေးတစ်ရုန်းရုန်းနဲ့ မိန်းမမျိုးကို ရွေးချယ်ဖို့ တွန့်ဆုတ်တတ်ကြတာသဘာဝပါပဲ။ ဒါကြောင့် ဘော်ဒါလိုဆက်ဆံပါဆိုတဲ့စကားကို သဘောပေါက်မလွဲဖို့လိုပါတယ်နော်

(၂) ကိုယ်ပိုင်အရည်ချင်းရှိကြောင်းပြသပါ

null

ကိုယ်ပိုင်အရည်ချင်းရှိတဲ့ မိန်းကလေးကို ယောကျ်ားလေးတိုင်းက သဘောကျကြတတ်ပါတယ်။ အိမ်ထောင်ဖက်အဆင့်ထိ မတွေးကြည့်သေးဘူဆိုရင်တောင် ဒီလိုမိန်းကလေးမျိုးနဲ့ပတ်သတ်ချင်တတ်ကြတာပါပဲ။ ကိုယ်တိုင်အရည်ချင်းနဲ့ ကိုယ့်အလုပ်ကို ကိုယ်ကြိုးစားပမ်းစား လုပ်နေပြီး ကိုယ့်ရပ်တည်ချက်နဲ့ကို ရပ်တည်နေတဲ့ပုံစံက တစ်ဖက်အမျိုးသားတွေရဲ့ရင်ထဲမှာ စမတ်ကျစေတဲ့အချက်တစ်ချက်ပါပဲနော်...

(၃) ချစ်ရှောင်စနစ်ကို ကျင့်သုံးကြည့်ပါ...

null

ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် အရမ်းကြွေနေတဲ့သူဆိုရင် မကြိုက်တတ်ကြပါဘူး။ ဒါကြောင့်ကိုယ်သူ့ကို သဘောကျနေကြောင်း သူသိအောင်ပြပြီးတဲ့အခါ ခဏလောက်ခပ်တန်းတန်းနေကြည့်ပါ။ ဒီလိုချစ်တလှည့် ချေတလှည့် စနစ်ကို ကျင့်သုံးပြီးတစ်ဖက်ကလူကို ကလိကလိဖြစ်အောင်လုပ်ကြည့်ပါ။ သူသာကိုယ့်အပေါ် စိတ်ဝင်စားမှုအနည်းငယ်ရှိတယ်ဆိုရင် စိတ်က မနေနိုင်မထိုင်နိုင်ဖြစ်လာပြီးလာရောမှာအသေချာပါပဲ။ ဘာမှတုံ့ပြန်မှုမရှိရင်တော့ စိတ်မကောင်းပါဘူး သူမင်းအပေါ်စိတ်ဝင်စားမှု လုံးဝမရှိတာ အသေချာပါပဲနော်...

null

အချစ်ဆိုတာ လုပ်ယူလို့မရဘူးဆိုပေမယ့် ကြိုးစားပိုင်ခွင့်တော့ရှိပါသေးတယ်။ ဒါကြောင့်ကိုယ့် အချစ်တွေကို တစ်ဖက်က လက်ခံလာနိုင်ဖို့ တစ်ဖက်လူရဲ့ရင်ထဲမှာ ကိုယ်ရှိနေဖို့ ဒီလိုအဖြူထည်နည်းလမ်းလေးတွေနဲ့ Try ကြည့်ကြနော်... တကယ်လို့ သူ့ဘက်ကလည်းကိုယ့်အပေါ် သဘောကျမိတဲ့စိတ်လေးရှိနေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကြောင့်ပိုပြီးတော့နီးစပ်သွားစေမှာပါ...

ချစ်တဲ့သူတိုင်းအားလုံးအဆင်ပြေသာယာကြပါစေ...

Read More
Loading...
Loading...