ငါတို့ကတော့ တွဲလာတာကြာပြီဆိုတော့ အရင်လောက် မချစ်ဖြစ်ကြတော့ဘူး သွေးအေးလာကြပြီ... သူ့ဘက်ကလည်းငါ့ကို မချစ်တော့ဘူးထင်တယ်...ငါကလည်း သူဆိုတာ မရှိရင်တောင် နေတတ်နေပြီ... ဆိုတဲ့စကားတွေကိုကိုယ့်ပတ်ဝန်းကျင်က သက်တမ်းရင့် စုံတွဲတွေဆီက ကြားဖူးကြမှာပါ... ဒါမှမဟုတ်ကိုယ်တိုင်လည်း ဒီလိုအချစ်ရေးမျိုးကို လက်ရှိပိုင်ဆိုင်ထားတဲ့သူဖြစ်နိုင်ပါတယ်...
ဒါဆို လင်မယားတွေ ဘယ်လိုများနေကြလဲ? အခုလက်ထပ် နောက်၃နှစ်နေတော့ မချစ်တော့ဘူးဆိုပြီးကွဲသွားကြတာလား? သက်တမ်းကြာနေပေမယ့် အခုမှစကြိုက်ကြသလို အမြဲအချစ်မပျက်တဲ့အတွဲတွေကရော ဘာတွေကြောင့် ဒီလိုအချစ်မြဲနေကြတာလဲ?
တကယ်တော့ အချစ်တွေလျော့လာတယ် သွေးအေးလာကြတယ်ဆိုတာ အဖြေနှစ်ခုဖြစ်နိုင်ပါတယ္
ပထမတစ်ခုက နှစ်ယောက်လုံးက သူ့အလုပ်နဲ့သူ ကိုယ့်အလုပ်နဲ့ကိုယ်နေရင်း တစ်ယောက်ကို တစ်ယောက် အရင်လောက်ဂရုမစိုက်ဖြစ်တော့တာပါ။ မချစ်တော့တာမဟုတ်ပဲ ချစ်ပြဖို့မလိုလောက်အောင် တစ်ယောက်နဲ့တစ်ယောက် နှစ်စိတ်တစ်ကိုယ် ဖြစ်သွားတဲ့ ခံစားချက်ကြောင့် အရမ်းကြီး မချစ်ဖြစ်တော့တာပါပဲ။
နောက်တစ်ခုဖြစ်နိုင်တာကတော့ နှစ်ဦနှစ်ဖက်လုံး က အစတည်းက ခိုင်မြဲတဲ့အချစ်ရေးကို မတည်ဆောက်ခဲ့လို့ပါပဲ။
တကယ်သာ တစ်ယောက်နဲ့တစ်ယောက် ခိုင်မြဲတဲ့အချစ်ရေးတစ်ခုကို အစကောင်းကောင်းနဲ့တည်ဆောက်ခဲ့မယ်ဆိုရင် တကယ်ချစ်ခဲ့ကြမယ်ဆိုရင် ဝေးနေနီးနေ အချစ်ကသွေးမအေးသွားသလို ချစ်သူသက်တမ်းကြာလာလို့ အချစ်ရေးတွေ သွေးအေးသွားတယ်ဆိုတာမျိုးလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ အစတည်းက အစိုင်အခဲတွေနဲ့ တစ်ယောက်ပေါ်တစ်ယောက်နားလည်မှုမရှိတဲ့ အချစ်ရေးတွေက အချိန်ကြာလေလေ ပျက်စီးဖို့ လွယ်လေလေပါပဲ...
ဒါဆိုရင် တချို့ အိမ်ထောင်ရေးတွေ ၊ သက်တမ်းကြာတဲ့ ချစ်သူရည်းစားတွေက အခုချိန်ထိ ဘာလို့အချစ်မလျော့ပဲသည်းသည်းလှုပ်ချစ်နေကြတာလဲ?
ဒါကတော့ သူတို့စုံတွဲရဲ့ အချစ်ရေးကိုတည်ဆောက်ပုံက မှန်ကန်သွားလို့ပါ။ အသည်းသန်ကြီးမချစ်ကြတော့ရင်တောင် ခိုင်မာတဲ့သံယောဇဉ်ကြိုးတွေ၊ ဖြတ်တောက်ချင်တိုင်းဖြတ်တောက်လို့မရတော့တဲ့နားလည်မှုတွေ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ မပြောင်းလဲတဲ့ တန်ဖိုးထားမှုတွေကြောင့် ဒီအချစ်ရေးတွေက ကောက်ရိုးမီးလိုမဟုတ်ပဲ ဖွဲမီးလို တမျှင်းမျှင်းနဲ့ အချစ်စိတ်တွေဆက်လက်လောင်းကျွမ်းနေတယ်လို့ဆိုရမှာပါပဲ...
ကဲ သင်တို့ရော ဘယ်လိုအချစ်ရေးမျိုးလဲ? သေချာတာတော့ ကောက်ရိုးမီးလို အချစ်မျိုးမတည်ဆောက်ကြပါနဲ့လို့ပဲ အကြံပေးပါရစေ...
တကယ်အချစ်စစ်နဲ့ချစ်ကြတဲ့ စုံတွဲတိုင်း သွေးမအေးပဲ တစ်သတ်လုံးပေါင်းဖက်နိုင်ကြပါစေနော်...
Source from sl(own creation)
Photos credit from Google