ချစ်လို့ပြောနေတာ ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ အဆုံးရှုံးမခံနိုင်မှုတွေ သဝန်တိုမှုတွေ နဲ့ ချုပ်ချယ်မှုတွေက အနည်းနဲ့အများတော့ရှိကြစမြဲပါ။
ဘာပဲဖြစ်ဖြစ် ချစ်နေကြတဲ့စုံတွဲတွေအဖို့ ကိုယ့်ချစ်သူဆီကနေ ဒီလိုစိတ်ပူတာလေးတွေ ၊ သဝန်တိုတာလေးတွေ ၊ ချုပ်ချယ်ခံရတာလေးတွေက ချစ်စရာကောင်းတဲ့ အလေ့ထလေးတွေပေမယ့် လိုတာထက်ပိုပြီး ချုပ်ချယ်တာတွေများလာတဲ့အခါ စိတ်ကျဉ်းကျပ်လာတတ်ပြီး နှစ်ဦးသားကြား စိတ်ပျက်စိမ်းကားလာနိုင်ပါတယ်။
ဆိုတော့ ချုပ်ချယ်လွန်းတဲ့ ကိုယ့်ချစ်သူကို အရမ်းကြီး မချုပ်ချယ်တော့ပဲ နားလည်မှုရှိလာအောင် ဘယ်လိုနားချကြည့်ကြမလဲ?
(၁) ကိုယ်က သူယုံကြည်ရတဲ့သူ ဖြစ်တယ်ဆိုတာ သက်သေပြပါ
ချစ်သူဆီကနေ ယုံကြည်မှုရပြီး ချုပ်ချယ်မခံရဖို့ဆိုရင် ကိုယ်တိုင်ကလည်း ယုံကြည်မှုရှိအောင် နေတတ်ရပါမယ်။ အထူးသဖြင့် ကိုယ့်ချစ်သူဆီက နောက်လှည့်မကြည့်ရင်တောင် ကိုယ်က ကိုယ့်ကိုကိုယ်ထိန်းကျောင်းနိုင်ပြီး သစ္စာရှိတဲ့သူဖြစ်တယ်ဆိုတာ ကိုသာ သက်သေပြုနိင်မယ်ဆိုရင် သူ့ဘက်က စိတ်ချလာမှာ အသေချာပါပဲ။
(၂) ကိုယ်ချင်းစာတတ်အောင်ပြောပြပေးပါ
သူ့မှာလည်းသူ့အကြောင်းနဲ့သူရှိသလို ကိုယ့်ဘဝမှာလည်း ရှောင်လွှဲလို့မကောင်းတဲ့ လူမှုရေးတွေရှိတယ်ဆိုတာကို နားဝင်အောင်ပြောပြပါ။
ကိုယ်တုန်းက သူချုပ်ချယ်ခဲ့ဖူးရင် သူ့ကို ကိုယ်ပြန်ချုပ်ချယ်တဲ့အခါ ဘယ်လို နေမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ကို ထည့်ပေးဖို့လိုပါမယ်။ ဒီလိုသာ သူနားလည်သွားရင် နောက်အများကြီးချုပ်ချယ်တော့မှာမဟုတ်ပါဘူး၏
(၃) နားလည်မှုနဲ့ယုံကြည်မှု ရှိမှ တစ်ယောက်ကိုတစ်ယောက်တကယ်ချစ်တာဖြစ်ကြောင်း ပြောပြပါ
အချစ်ရေးမှာ ချစ်နေရုံနဲ့မပြီးပါဘူး။ ရေရှည်တည်တံ့တဲ့အချစ်ရေးတစ်ခုဖြစ်ဖို့ဆိုရင် နားလည်မှုနဲ့ ယုံကြည်မှုက သိပ်ကို အရေးပါတယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ရေရှည်တွဲရမလား ပြတ်ကြမလား ဆိုတဲ့ နေရာမှာ နားလည်မှုရှိပြီး ယုံကြည်မှုရှိတဲ့အတွဲတွေက ပိုသာတယ်ဆိုတာကို သူသိအောင်ရှင်းပြပေးဖို့လိုပါတယ်နော် ..
ကဲ အားလုံးပဲ သာယာတဲ့အချစ်ရေးလေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ
Source from sl(own creation), photos crd from google