မြင်မြင်ချင်း အချစ်ကို ယုံကြတဲ့သူတွေရှိကြလား..?
Love at first sight ဆိုတဲ့စကားလေးက ရုပ်ရှင်တွေ သီချင်းတွေ ကဗျာတွေမှာ ကြားဖူး နေကျ စကားလုံးလေးဖြစ်မှာပါ။
မြင်မြင် ချင်းချစ်တဲ့အချစ်က စစ်မှန်ပါ့မလား။ အချိန်အတိုင်းအတာတစ်ခု ထိ ရင်းနှီးမှုမရှိသေးပဲနဲ့ တစ်ယောက်နဲ့တစ်ယောက် မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ တွေးကောင်းတွေးချင်စရာ ပါပဲ။
တကယ်တော့ မြင်မြင်ချင်းချစ်မိတယ်ဆိုတာ တကယ်ကိုရှိပါ တယ်။ လူတစ်ယောက်ကို မြင်လျှင်မြင်ချင်း နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတယ်ဆိုတာ တကယ့်လက်တွေ့ဘဝတွေမှာလည်းရှိပါ တယ်။ ဒါဟာ သူ့ရဲ့ရုပ်ရည် အပြင်အဆင် ဘာတစ်ခုနဲ့မှ မသက် ဆိုင်ပဲနဲ့ကို သူ့ကိုမြင်မြင်ချင်းပဲ ရိုးရိုးလေး ချစ်မိသွားတာပါ။
သူ့ရဲ့ကြာရှည်ခံ မှုကတော့ ကိုယ့်နှလုံးသားအပေါ်မှာပဲမူတည်ပါတယ်။ အချိန် ကြာကြာအနားအတူတူရှိနေလည်း ချစ်ချင်မှချစ်တာပါ ခဏလေး တွေ့ခဲ့ရပေမယ့်လည်း တသသ သတိရနေပြီး တစိမ့်စိမ့်ချစ်နေ တာမျိုးတွေလည်း ရှိပါ တယ်။ အချစ်ဟာ အဓိပ္ပါယ်ဖော်ဖို့ ခက်ခဲ တဲ့ ဂန္တဝင်ကဗျာတစ်ပုဒ်ပါပဲ။
မြင်မြင်ချင်းချစ်တဲ့အချစ်ဟာလည်း လေးနက်ပါတယ်။ အချိန် အကြာကြီးအ နားအတူရှိလို့ ချစ်တယ် ဆိုတာက အချစ်ထက် သံယောဇဉ်ကပိုပါတယ်။မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့ စကားလေးဟာ သိပ်ပြီး Romantic ဆန်ပါတယ်။ အပြင်လောကမှာလည်းတကယ်ရှိပါတယ်လို့။
Photo Credit : Google