Relationship တစ်ခုမှာ Love &Lust ဘယ်လိုကွာခြားလဲ? - TrueID

Relationship တစ်ခုမှာ Love &Lust ဘယ်လိုကွာခြားလဲ?

September 26, 2022

အချစ်ရေးတစ်ခုမှာ Love ဆိုတာနဲ့ Lust ဆိုတာက ဘယ်လိုကွာတယ်လို့ သိထားကြလဲ?

လူတော်တ်ောများများက လူတစ်စုံတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် love နဲ့lust ကို မကွဲပဲ ဝေဝါးနေတတ်ကြပါတယ်။

နှစ်ခုစလုံးက အချစ်မှာ အရေးပါတယ်ဆိုပေမယ့် တကယ်တမ်းခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါ love နဲ့ တည်ဆောက်ထားတဲ့ အချစ်ရေးနဲ့ Lust နဲ့တည်ဆောက်ထားတဲ့ အချစ်ရေးက အများကြီးကွာခြားပါတယ်နော်...

null

အားလုံးနားလည်အောင် အလွယ်ဆုံးပြောရရင် Love နဲ့တည်ဆောက်ထားတဲ့အချစ်ရေးဆိုတာ မေတ္တာတွေ၊ သစ္စာတွေ၊ နားလည်မှုတွေ ကိုယ်ချင်းစရာတရားတွေအပြင် သိတတ်ကြင်နာမှုတွေပါ အဆစ်ပါတဲ့ အချစ်ရေးပါ။

ဒီလိုအချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်ရှိချိန်က နွေးထွေးပြည့်စုံနေမယ်။လုံခြုံမှုရှိတယ်လို့ ခံစားနေရမယ်။ကိုယ့်ကိုကိုယ် ပိုပြီးတန်ဖိုးရှိသလိုခံစားလာရမယ်။ အတူတူရှိနေချိန်ဟာလည်း လွတ်လပ်ပေါ့ပါးပြီး စိတ်ချမ်းသာနေရပါဦးမယ်...

null

ဒါဆိုရင်တော့ ဒီလူက သင့်အပေါ်  မေတ္တာလို့ သတ်မှတ်လို့ရတဲ့ Love တွေအပြည့်နဲ့ ချစ်ပေးနေတဲ့သူကြီးပေါ့... ကိုယ့်မှာ ၁ခုရှိရင်တစ်ဝက်ကျွေးမယ်၊ အခက်ခဲတွေရှိရင် အတူတူရင်ဆိုင်မယ်။ ကိုယ်ဆိုးနေရင်လည်းကောင်းတဲ့လမ်းကြောင်းရောက်အောင်ဖေးမဆုံးမပေးမယ်... အနားနားမှာရှိနေတဲ့အချိန် ကြင်နာပေးသလို ကွဲကွာနေရင်တောင် သစ္စာရှိရှိနဲ့ ချစ်နေပေးတတ်တဲ့အချစ်မျိုးပါ။ ကိုယ့်ချစ်သူကို တန်ဖိုးထားလွန်းလို့ အတူတူနေမိရင်တောင် တာဝန်ယူဖို့ Ready ဖြစ်နေတဲ့ အနေထားမျိုးပါ။  

null

ဒါက မေတ္တာအပြည့်နဲ့ ချစ်ပေးမှသာ ရနိုင်တဲ့ အချစ်မျိုးပါပဲနော်...

null

Lust ဆိုတာကတော့ အချစ်ဆိုပေမယ့် တဏှာစိတ်များတဲ့အချစ်လို့ပြောလို့ရပါတယ်။ သူ့မှာနားလည်မှုတွေ မေတ္တာတရာတွေ သည်းခံမှုတွေ မရှိသလို သူ့ရဲ့အချစ်ကရှင်းရှင်းပြောရရင် အတူတူ အိပ်ဖို့ အတူတူနေဖို့အတွက်လောက်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ရှိနေတဲ့အချိန်မှာသာ အသည်းသန် ချစ်တတ်ကြပြီး မရှိလည်းနေနိုင်တဲ့ အချစ်မျိုးပါ။ ရှင်းရှင်းပြောရရင်တော့ အသားချင်းထိမှ ရင်ခုန်ပြီး ချစ်တတ်တဲ့ ဆာလောင်မွတ်သိပ်တဲ့ ခပ်ပြင်းပြင်းအချစ်မျိုးပေါ့... ဒီအချစ်မျိုးဟာ စွဲလန်းစိတ် ကြောင့်ဖြစ်လာတဲ့ ခံစားချက်သက်သက်သာ ဖြစ်ပြီး ရေရှည်တစ်ဘဝလုံးစာ ချည်နှောင်ဖို့ မလုံလောက်တာမလို့ ဒီလို အချစ်မျိုးကို မတွယ်တာမိတာအကောင်းဆုံးပါပဲ...

null

ကိုယ်တိုင်လည်းလူတစ်ယောက်ကို ချစ်မိတဲ့အခါ မှန်ကန်တဲ့ မေတ္တာစစ်နဲ့သာ ချစ်ကြပြီး ကိုယ့်ဘက်ရွေးချယ်တဲ့အခါလည်း တစ်ပွဲတိုးသာယာမှုထက် ရေရှည်ခိုင်မြဲမယ့်အချစ်ရေးမျိုးမှာပဲသာယာနိုင်ကြပါစေ..

null

Source from sl(own creation)

Photos credit from google

Read More
Loading...
Loading...