လူတစ်ယောက်ရဲ့ အချစ်ကို ဘယ်အချိန်လောက်ထိစောင့်ဆိုင်းသင့်လဲ?... - TrueID

လူတစ်ယောက်ရဲ့ အချစ်ကို ဘယ်အချိန်လောက်ထိစောင့်ဆိုင်းသင့်လဲ?...

June 13, 2022

မင်းမှာ သိပ်ချစ်ရပြီး အခုထိစောင့်နေရတဲ့ လူတစ်ယောက်ရှိလား?...

null

တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းရတယ်ဆိုတာ တစ်ခါတစ်ရံမှာ ကြည်နူးစရာလို့ခံစားရပေမယ့် အချိန်ကြာလာတဲ့အခါ လူက သတိမထားမိရင်တောင်နှလုံးသားက နာကျင်ခံစားလာရတတ်ပါတယ်... ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကို ပြန်ရဖို့ မျှော်လင့်နေရတဲ့အချိန်ဟာရင်ထဲမှာ အချိန်တိုင်း တစ်ခုခုကို စိတ်မအေးပဲ စောင့်နေရတဲ့ ခံစားချက်မျိုးကြီးပါ... "သူများ ကိုယ့်ကို ဘယ်အချိန်ပြန်ချစ်လာမလဲ" တစ်ခြားတစ်ယောက်နောက်များပါသွားမလား" " ဘယ်တော့မှများကိုယ့်စိတ်ကို နားလည်ပေးနိုင်မှာလဲ" ဆိုတဲ့ အတွေးတွေနဲ့ တစ်ခါတရံ နှလုံးသားကြီးတစ်ခုလုံး မွန်းကြပ်ကြေမွကြမှာ အမှန်ပါပဲ... ဆိုတော့ လူတစ်ယောက်ရဲ့ အချစ်ကိုဘယ်အချိန်လောက်ထိ စောင့်ဆိုင်းသင့်သလဲ?

null

လူတစ်ယောက်ရဲ့ အချစ်ကို မစောင့်ဆိုင်းသင့်တော့တဲ့ အခြေအနေ() ခုရှိပါတယ်...

() သူ့အတွက် ကိုယ်ကအနှောက်ယှက်ဖြစ်နေတဲ့အခြေအနေ

null

ကိုယ်ကတော့သူ့အပေါ်မေတ္တာစိတ်နဲ့ချစ်နေပေမယ့် သူ့ဘက်ကအနေနဲ့ကိုယ့်ဆီက အချစ်က အနှောက်ယှက်ကြီးတစ်ခုဖြစ်နေမယ်ဆိုရင် ကိုယ်တိုင်လည်းနာကျင်ရပါတယ်နော်။ ဒါကြောင့် သူ့ဘက်ကကိုယ့်အချစ်ကိုခါးခါးသီးသီးဖြစ်နေပြီဆိုရင်တော့ နောက်ဆုတ်လိုက်တာအကောင်းဆုံးပါပဲ...

() တစ်ခြားတစ်ယောက်သူ့ဘဝမှာရှိနေတဲ့အခြေအနေ

null

သူ့ရင်ထဲမှာကိုယ်မဟုတ်တဲ့ တစ်ခြားသူတစ်ယောက်ရှိနေပြီဆိုရင် ဒီလူကို ဆက်မချစ်တာ အကောင်းဆုံးပါပဲ... ချစ်တာကိုထိန်းချုပ်လို့မရရင်တောင် ဆက်ပြီးတော့ စောင့်နေတာကို တော့ရပ်တန့်လိုက်သင့်ပါပြီ... ကိုယ့်အတွက်မဟုတ်ဘူး လို့ ခံစားရတဲ့သူတစ်ယောက်အတွက်ကိုယ့်ရဲ့ အချိန်တွေကိုဆက်ပြီးအကုန်မခံပါစေနဲ့တော့နော်...

() ကိုယ့်မေတ္တာကို လုံးဝအသိမှတ်မပြုတဲ့အခြေအနေ

null

ကိုယ်ကတော့သူ့အပေါ်စစ်မှန်တဲ့ မေတ္တာနဲ့ချစ်နေပေမယ့် သူကတော့ကိုယ့်အချစ်ကို တစ်စက်ကလေးမှ အဖက်မလုပ်တာမျိုး၊ နောက်ကွယ်မှာ လှောင်ပြောင်ကျီစားနေမယ်ဆိုရင်တော့ ကိုယ့်အချစ်တွေကိုပြန်ရုတ်သိမ်းပြီး ဆက်မစောင့်ဖို့အကြံပေးပါရစေ... မေတ္တာ ဆိုတာ ထိုက်တဲ့သူအတွက်ပဲ တန်ဖိုးရှိတာ မလို့ ထိုက်တဲ့သူအတွက်သာအချိန်ကုန်ခံပါနော်...

null

 

ချစ်ခြင်းမေတ္တာဆိုတာ အသွားနဲ့အပြန် ညီမျှနေမှ အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာကို ခံစားရရှိနိုင်တာမလို့ ကိုယ့်ဘက်ကချည်းစောင့်ဆိုင်းရတာမျိုးမဟုတ်ပဲ ကိုယ့်အချစ်နဲ့ တူညီတဲ့ချစ်ခြင်းမေတ္တာမှာပဲ ပျော်ရွှင်နိုင်ကြပါစေ...

null

Source from own creation

photos credit from google

Read More
Loading...
Loading...