သူ့အတွက်မင်းက မရှိမဖြစ်လေးဖြစ်နေပြီ ဆိုတာကို ပြောပြနေတဲ့အချက်များ... - TrueID

သူ့အတွက်မင်းက မရှိမဖြစ်လေးဖြစ်နေပြီ ဆိုတာကို ပြောပြနေတဲ့အချက်များ...

April 8, 2022

လောကကြီးမှာ ကိုယ်က တစ်စုံတစ်ယောက်အတွက်မရှိမဖြစ်အရေးပါတယ်ဆိုတာသိပ်ကို ကံကောင်းတဲ့ဆုလာဘ်လေးတစ်ခုပါပဲနော်... အထူးသဖြင့် ကိုယ်ချစ်ရတဲ့

လူတစ်ယောက်အတွက် ကိုယ်ကအထူးတလည်အရေးပါအရာရောက်တယ်ဆိုတဲ့ ခံစားချက်လေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေပြီး အခက်ခဲတွေတွေ့ကြုံရရင်တောင်လူ့ပတ်၀န်းကျင်မှာ ရှင်သန်ရတာဟာ အရင်ကထက်ပိုပြီး ပျော်ရွှင်သာယာလာနိုင်ပါတယ်။  ဒါကြောင့် လက်ရှိမှာကိုယ်က ကိုယ့်ချစ်သူအတွက် မရှိမဖြစ်vitamin လေးဖြစ်နေပြီလားဆိုတာ သိရဖို့ ဆက်ဖတ်ကြည့်ရအောင်...

null

(၁) ကိုယ့်ကို ဉီးစားပေးရွေးချယ်ခိုင်းတာမျိုး

 

            တစ်ခုခုကို ရွေးချယ် ရတော့မယ်ဆိုရင် ကိုယ့် ဆန္ဒကို ဉီးစားပေးပြီး ရွေးချယ်ခိုင်းတတ်တာမျိုးဟာ သိပ်ကို ချစ်ဖို့ကောင်းတဲ့အပြုမူလေးပါ။ တစ်ယောက်ကိုတစ်ယောက်အနိုင်ယူချင်တာမျိုးမဟုတ်ပဲ သူ့စိတ်မှာကိုက ကိုယ့်ကို ဉီးစားပေးစဉ်းစားပေးတတ်နေပြီဆိုရင်တော့ သေချာပါတယ် မင်းက သူ့အတွက် ဉီးစားပေးအဆင့်တစ်ပါပဲ။

(၂) တစ်ခုခုဆို အသိပေးတတ်တာမျိုး

            ကိစ္စကြီးငယ် တစ်ခုခု လုပ်တော့မယ်ဆိုရင် ကိုယ့်ကို လာတိုင်ပင်တတ်တာ အသိပေးတတ်တာလေးက လူတိုင်းမလုပ်နိုင်တဲ့အရာပါ။ ဒါပေမယ့် တကယ်ချစ်မြတ်နိုးလာတဲ့သူအတွက်ကတော့ ကိုယ့်ချစ်သူကိုမှ အသိမပေးရရင် မနေတတ်တော့သလို၊ စိတ်ထဲမှာတစ်ခုခုလိုနေသလို ခံစားလာရတတ်ပြီး မင်းကို အသိပေးပြီးမှ အရာရာပြုလုပ်တတ်ပါတယ်။

သူများတွေအမြင်မှာ‌တော့ ရည်းစားကိုကြောက်ရသလားလို့ ထင်နိုင်ပြောနိုင် ပေမယ့် ဒါက တကယ်အချစ်ခံရတဲ့သူတွေသာ သိတဲ့ခံစားချက်မလို့မလိုတဲ့သူတွေနဲ့စကားပြိုင်မငြင်းပါနဲ့နော်...

null

(၃) ဘယ်နေရာရောက်ရောက်ကိုယ့်အကြောင်းထုတ်ပြောပြတတ်တာမျိုး

            ကိုယ်မပါတဲ့ တစ်နေရာကို‌ ရောက်နေတာတောင် ကိုယ့်ကို ချစ်တဲ့သူက ကိုယ့်အကြောင်းကို တစ်ခွန်းစ နှစ်ခွန်းစတော့ ပြောမိသွားတတ်ကြတာမျိုးပါ။ ဒါကလုပ်ယူလို့ရတဲ့အရာမဟုတ်သလို မသိစိတ်ထဲကနေဖြစ်ပေါ်လာတဲ့သတိရတဲ့စိတ်ကြောင့် လူကြားထဲမှာလည်း ကိုယ်မပါရင်တောင် ကိုယ်ကသူ့ဘ၀အတွက်အရေးပါတဲ့သူတစ်ယောက်ဖြစ်နေမှာပါပဲ။

(၄) အစားကောင်းစားရင်သတိရတတ်တာမျိုး

            ချစ်ခြင်းမေတ္တာ အစ ၀မ်းဗိုက်က လို့ ရှေးလူကြီးတွေဟာသ ပြောတာ ကြားဖူးပေမယ့် တကယ်တမ်းစဉ်းစားကြည့်ရင် ကိုယ်ချစ်တဲ့သူနဲ့အစားကောင်းတွေစားရတဲ့အချိန်က သိပ်ကို ကြည်နူးစရာအချိန်လေးပါ။ ကိုယ့်အပေါ် တကယ်မေတ္တာ သက်၀င်နေတဲ့သူတစ်ယောက် ဟာ သူအစားကောင်းစားရတဲ့ အချိန်တိုင်း သူပျော်နေရတဲ့အချိန်တိုင်းမင်းနဲ့သာ စားရရင်သိပ်ကောင်းမှာပဲ ဆိုတဲ့စိတ်နဲ့သတိရနေပါလိမ့်မယ်နော်...

(၅) သူ့ဘ၀ရဲ့ ဆိုးတိုင်ပင်ကောင်းတိုင်ပင်တစ်ယောက်အဖြစ်သတ်မှတ်ထားတာမျိုး

            သူ့ဘ၀ရဲ့ နာကျင်ရဲ့အချိန်တွေမှာပဲဖြစ်ဖြစ် ၊ ပျော်ရွှင်သာယာနေတဲ့အချိန်တွေကိုပဲဖြစ်ဖြစ် မင်းကိုပဲ ရင်ဖွင့်ပြီး မင်းနဲ့ပဲ သာယာချင်တတ်တယ်ဆိုရင်တော့ သေချာပါတယ် မင်းကသူ့အတွက်မရှိမဖြစ်

အရေးပါတဲ့ ဘ၀လက်တွဲဖော်ပါပဲနော်...

null

null

ဒီအချက်တွေထဲကအတိုင်း မင်းချစ်သူက မင်းအပေါ်ကို ပြုမူဆက်ဆံနေပြီဆိုရင်‌တော့ သေချာပါတယ် မင်းက သူ့အတွက် မရှိမဖြစ် ဗီတာမင်လေးပါပဲ။ ဒါကြောင့် ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားပြီဆိုရင်တော့

ကိုယ့်ဘက်ကလည်းသူ့အပေါ်မှာ နားလည်မှုအပြည့်နဲ့ တန်ဖိုးထား ချစ်ခင်ပြီး တစ်ဘ၀လုံးစာအတွက် လက်မလွှတ်တမ်းမေတ္တာထားပေးသွားကြပါနော်...

Source From Own creation

Photos Credit From Googles

Read More
Loading...
Loading...