၁၅၀၀ မေတ္တာပေါ် ၅၂၈လောင်းထည့်လိုက်တဲ့ Relationshipမျိုး အခါ... - TrueID

၁၅၀၀ မေတ္တာပေါ် ၅၂၈လောင်းထည့်လိုက်တဲ့ Relationshipမျိုး အခါ...

July 4, 2022

လူအများစု လက်ခံထားကြတာက ၁၅၀၀ မေတ္တာ ဟာ ချစ်သူရည်းစား လင်မယား ကြားကမေတ္တာမျိုးဖြစ်ပြီး၅၂၈ကတော့ မိဘတွေမောင်နှမတွေနဲ့သူငယ်ချင်းတွေအပေါ် ချစ်တဲ့အချစ်၊ ထားရှိတဲ့မေတ္တာလို သိထားကြပါတယ်။

null

ဒါလည်းမှန်ပါတယ်။ ဒါပေမယ့် ၁၅၀၀မေတ္တာအပေါ် ၅၂၈ပါထပ်လောင်းလိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ Relationship တစ်ခုဖြစ်သွားနိုင်တယ်ဆိုတာကိုတော့ လူတွေမေ့နေတတ်ပါတယ်နော်... ဆိုတော့ ၁၅၀၀ မေတ္တာအပေါ် ၅၂၈ထပ်လောင်းတဲ့ Relationship မျိုးဆိုတာ ဘယ်လိုမျိုးလဲ?...

() ကိုယ့်အပေါ် သစ္စာရှိတဲ့သူ

null

၁၅၀၀ အချစ်နဲ့တင် သစ္စာရှိဖို့ လုံလောက်တယ်ထင်ကြပေမယ့်တကယ်တမ်းတော့ ရူးရူးမိုက်မိုက်နဲ့ချစ်တတ်တဲ့၁၅၀၀ အချစ်က သစ္စာပျက်ဖို့ခဏလေးပါပဲ။ သစ္စာတရားဆိုတာ ပြောတော့သာ လွယ်ပေမယ့် တကယ်ကို မေတ္တာအပြည့်နဲ့ချစ်တတ်တဲ့သူတွေမှာသာ ဒီလို သစ္စာတရားကိုလက်ကိုင်ထားနိုင်ကြမှာပါနော်...

() ကိုယ်ချင်းစာပေးတတ်သူ

null

ကိုယ်ချင်းစာတရားဆိုတာ ၅၂၈မေတ္တာမှာပိုပြီးပါတဲ့အရာပါ။ လူတစ်ယောက်ကိုချစ်ပေမယ့် မိသားစုလို ကိုယ်ချင်းစာတတ်ဖို့ကခက်ခဲပါတယ်။ ဒါကြောင့်ကိုယ်ချင်းစာတရားနဲ့ ချစ်တတ်တဲ့ချစ်ခြင်းမေတ္တာကသာ ပြီးပြည့်စုံမှာပါနော်...

() အကောင်းအဆိုးတွေကို စိတ်ရှည်သည်းခံစွာ ရှင်းပြပေးနိုင်တဲ့သူ

null

လူတိုင်းက ဘယ်လောက်တော်တော်တတ်တတ် အမြဲမမှန်နိုင်ပါဘူးနော်...

null

ဒါကြောင့်ကိုယ့်ရဲ့အားနည်းချက်တွေကိုပြုပြင်သွန်သင်ပေးနိုင်မယ့်လူမျိုးဆိုတာ ကိုယ့်ကို ၁၅၀၀ နဲ့တင်ချစ်နေလို့မလုံလောက်ပါဘူးနော်... သည်းခံနိုင်စွမ်းအပြည့်နဲ့ အေးချမ်းတဲ့မေတ္တာကိုပေးနိုင်တဲ့၅၂၈ ပါလောင်းထည့်မှဒီလိုစိတ်ရှည်နိုင်မှာပါနော်...

null

ကဲ... သင်ရော ဒီလိုမေတ္တာမျိုးကို ပိုင်ဆိုင်ထားရပြီလား?...

Source From Own creation

Photo credit from google

Read More
Loading...
Loading...