ချစ်လိုက်တိုင်းတွဲလိုက်တိုင်းမှာကိုယ်ကချည်း တစ်ဖက်အပေါ်ကို အများကြီးချစ်ပြမိနေတဲ့သူတွေရှိလား?...
ပတ်ဝန်းကျင်အမြင်မှာပဲဖြစ်ဖြစ် ၊ ကိုယ့်အချင်းချင်းမှာပဲဖြစ်ဖြစ် ချစ်လိုက်တိုင်းကိုယ်ကချည်းအသည်းအသန်ဖြစ်နေတယ်လို ယူဆလောက်ရတဲ့အထိ အချစ်ကြီးတဲ့သူတွေရှိကြပါတယ်...
ဒါပေမယ့် မြဲလားဆိုတော့လည်းမမြဲပါဘူး.... ကိုယ့်ဘက်က ဒီလောက်ကြီး ချစ်ပါရက်နဲ့ ဘာလိုများတွဲတိုင်းမမြဲရတာလဲ?... ဘာလိုများပိုချစ်ရတဲ့သူကကကိုယ်ချည်းဖြစ်နေတာလဲ?...
ဒီလို ကိုယ့်စိတ်ကို ကိုယ်နားလည်ရခက်နေပြီဆိုရင်တော့ ဒီစာလေးကိုဖတ်ကြည့်ရင်း အဖြေရှာကြည့်ပါနော်...
တကယ်တော့ ဘယ်သူနဲ့တွဲတွဲ ကိုယ်ကပဲပိုချစ်မိနေတယ်ဆိုတာ
(၁) ကိုယ်ကိုယ်ကို ယုံကြည်မှုအားနည်းလို့ပါ
အချစ်ရေးနဲ့ပတ်သတ်ရင်ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတဲ့သူတွေဟာ တွဲတဲ့သူတိုင်းကို တစ်ဖက်သတ်ကြီးအသေချစ်တတ်ကြပါတယ်။ ဒါဟာလည်းသူတို့ဘဝမှာ သူတို့ဘက်ကချည်းလူတွေအပေါ်ချစ်လာရတဲ့အခြေနေကြောင့်ပါ ။
တစ်ဖက်ကို ချစ်တာကို မခံဖူးလောက်အောင်ထိ သူတို့ဘက်ကပဲချစ်ပေးတတ်ကြလို့ တန်ဖိုးထားမခံရတာမျိုးတွေလည်းရှိကြပါတယ်။ တကယ်တော့လူတစ်ယောက်ပေါ်ချစ်ပြီဆိုရင် လိုတိုးပိုလျော့ level လေးနဲ့ချစ်ပးကြတာ အကောင်းဆုံးပါပဲ။
(၂) ကိုယ့်ကိုက သိပ်အချစ်ကြီး အစွဲလမ်းကြီးတတ်လို့ပါ
ကိုယ့်ရဲ့ ဗီဇကိုက တစ်ဖက်လူအပေါ် သံယောဇဉ်ကြီးတတ်လွန်းတဲ့သူတွေရှိပါတယ်။ အထူးသဖြင့်တစ်စုံတစ်ယောက်ပေါ် မှီတွယ်လွန်းတတ်သူ၊ တစ်ယောက်ယောက်ရဲ့ အချစ်ကိုမျှော်ကိုးလွန်းအားကြီးတဲ့သူ ၊ အစွဲလမ်းကြီးတတ်တဲ့သူတွေမှာ ဒီလိုပုံစုံတွေတွေ့ရစမြဲပါပဲ...ဆိုတော့ သူမရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်ကလေးကိုလျော့ပြီးကိုယ့်ကိုယ်ကိုလည်းချစ်တတ်အောင်ကြိုးစားကြည့်ပါနော်...
(၃) Right person နဲ့ မကြုံရသေးလို့ပါ
အဓိကကတော့ Right person နဲ့ မကြုံရသေးလိုပါပဲ... သူ့ဘက်ကရော ကိုယ့်ဘက်ကရော စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့သာချစ်ကြမယ်ဆိုရင် အချစ်တွေကလည်း ညီမျှနေမှာပါ။ ဒါကြောင့်ကိုယ်ကချည်းချစ်ပေးနေရတဲ့ RS မျိုးနဲ့ပဲကြုံလာတဲ့အခါ ခဏနားထားပြီး Right person ရောက်လာမှသာ ပုံအောပြီးချစ်ချလိုက်ပါတော့နော်...
Source from own creation
Photos credit from google