ဖောက်ပြန်နေပြီဆိုတာ သေချာပြီလား?... - TrueID

ဖောက်ပြန်နေပြီဆိုတာ သေချာပြီလား?...

October 11, 2022

ဖောက်ပြန်တယ်ဆိုတာ တစ်နည်းပြောရရင် ကိုယ်ကျင့်တရားမကောင်းတာပါပဲ။ ဒီဘက်ခေတ်ကြီးထဲမှာဖောက်ပြန်တတ်တဲ့ယောကျ်ားတွေမိန်းမတွေ အများကြီးပေါတာဟာ စဉ်းစားကြည့်ရင် ညစ်ညမ်းလာတဲ့ကမ္ဘာကြီးအတွက် စိတ်မကောင်းစရာပါပဲ။

ဖောက်ပြန်တတ်တဲ့ လူတွေပေါတာလာနဲ့အမျှသစ္စာတရားဆိုတာကလည်း ကောက်ရိုးပုံထဲ အပ်ရှာရသလို လူတိုင်းမှာ မရှိကြတော့ပါဘူးနော်...

null

 

ကိုယ့်သမိုင်းကိုယ်ရေးကြရမယ်ဆိုပေမယ့် ကိုယ်ရွေးချယ်ထားတဲ့သမိုင်းမှာ ကိုယ်မမှားအောင် ဖောက်ပြန်တဲ့လက်တွဲဖော်ကို ရထားတဲ့အခါ ပြတ်ပြတ်သားသားလက်လွှတ်လိုက်ဖို့နဲ့

ဘယ်လိုအချက်တွေက ဖောက်ပြန်တဲ့လူတွေရဲ့လက္ခဏာလည်းဆိုတာကိုလည်းသိထားဖို့လိုပါတယ်...ဆိုတော့ဘယ်လိုလူတွေက ဖောက်ပြန်နေကြလဲ?...

() ကိုယ့်က လွဲပြီးတခြားမိန်းမကို စိတ်ဝင်စားတာ

null

ယောကျ်ားလေးတွေက အလှကြိုက်ကြတယ်ဆိုပေမယ့်လည်း ကိုယ်မဟုတ်တဲ့ တခြားမိန်းမရဲ့အလှကိုပဲစိတ်ဝင်စားနေပြီး ကိုယ့်ဆီစိတ်မရောက်တော့ဘူးဆိုရင်တော့ ဖောက်ပြန်ချင်စိတ်စတင်လာပြီဆိုတာ သတိထားပါ။တချို့တွေက ဖောက်ပြန်တယ်ဆိုတာ ဘာမှ မဟုတ်ဘူး ခဏတာသာယာချင်တဲ့သဘောပဲလို့ပြောတတ်ကြပေမယ့်ဒီလိုပြောတတ်တဲ့သူတွေကသာ အများဆုံးဖောက်ပြန်တတ်တယ်ဆိုတာကိုသတိရပါနော်။

() အကြောင်းရှာနေတဲ့အမျိုးသား

null

ကိုယ်လည်းအမှားမလုပ်ပဲအရာရာကိုယ့်အပြစ်ကြီးပဲလို့ ပြောနေရင်တော့သေချာပါတယ် သူဖောက်ပြန်ချင်နေပါပြီ ဖောက်ပြန်ချင်တဲ့ယောကျ်ားတွေက သူတို့ အပြစ်လွတ်အောင် အရာရာကို သင့်အပြစ်ဖြစ်အောင်လုပ်ပြီး မကွဲကွဲအောင် ကြံဖန်တတ်ကြတာသဘာဝပါပဲ။ ဒါကြောင့် ဘလိုင်းကြီးပြဿနာရှာနေပြီဆိုရင်တော့ ဖောက်ပြန်နေလားသေချာအောင် စုံစမ်း ပြီး စမ်းသပ်ကြည့်ဖို့ လိုနေပါပြီ။

() လျို့ဝှက်ချက်များတဲ့အမျိုးသား

null

တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တာ သေချာတဲ့အချစ်ရေးတွေမှာ လျို့ဝှက်ချက်တွေအရမ်းများနေရင်ဒါက ရိုးသားတဲ့သာမန်အခြေနေမဖြစ်နိုင်တော့ပါဘူး။ သူ့ရဲ့ဖုန်းတွေကို password တွေအထပ်ထပ်ထားမယ် ကိုယ်မေးရင်လည်း သူများရဲ့ Privacy မို့ မကြည့်သင့်ဘူးဘာညာနဲ့ အကြိမ်ကြိမ်အခါခါငြင်းဆန်မယ်။ တခါတလေမှာလည်း သူ့ရဲ့ ပစ္စည်းတွေ သူ့ရဲ့အသုံးဆောင်တွေကို မထိခိုင်းမကိုင်ခိုင်းနဲ့ ဆန်းဆန်းတင့်ဖြစ်နေပြီဆိုရင်တော့သေချာပါတယ် သူတစ်ခုခုပြောင်းလဲနေပါပြီ။ ဒီလိုအခြေမျိုးဖြစ်လာရင် သူမသိအောင် အ‌ဝေးကနေ စောင့်ကြည့်ပြီး ဖောက်ပြန်တာ သေချာနေပြီဆိုရင်တော့ အပြတ်ပြောြပီးသားလမ်းခွဲလိုက်ပါ။ တစ်ဖက်က ဖြားယောင်းလို့ပါ၊ကိုက အပျော်တွဲမိသွားတာ၊ ကိုယ့်စိတ်က တကယ်တော့မပါပါဘူး ဆိုတဲ့စကားတွေက အလကားပါပဲ...လက်ခုပ်ဆိုတာ နှစ်ဖက်တည်းမှမြည်းတာမလို့ ဒီလိုအကြောင်းပြချက်ကောင်းကောင်းပေးတတ်တဲ့သူမျိုးကို ရှောင်လိုက်တာအကောင်းဆုံးပါပဲ...

null

ကဲ ကိုယ့်နားမှာရှိတဲ့သူကို ဖောက်ပြန်မပြန်သေချာစစ်ဆေးပြီး မျက်မြင်ကိုယ်တွေ့သေချာနေပြီးဆိုရင်တော့ နောက်တောင်ပြန်လှည့်မကြည့်ပဲ ချက်ချင်းသာ လမ်းခွဲလိုက်ပါလို့ပဲ အကြံပေးပါရ‌စေနော်... ရခဲလှတဲ့ လူ့ဘဝမှာ ကိုယ့်အပေါ်သစ္စာမေတ္တာနဲ့ အပြည့်ချစ်ပေးနိုင်တဲ့သူကိုမှမရရင် မယူတာအကောင်းဆုံးပါပဲ ကိုယ့်အချိန်တွေကို နာကျင်မှုနဲ့ပဲမကုန်ဆုံးပါနဲ့။ နှမြောစရာအရမ်းကောင်းပါတယ်နော်...

 

Read More
Loading...
Loading...