လူအများပြောလေ့ရှိတဲ့စကားတစ်ခွန်ရှိတယ် ဒါကတော့" ကြာလာလေ သွေးအေးသွားတယ်တဲ့" ဒီစကားကအများစုသော RS တွေအတွက်တော့မှန်နိုင်ပေမယ့် တစ်ချို့ သော Relationship တွေကတော့အချိန်ကြာလာလေပိုချစ်လေပါပဲ... ဒါဆို အတွဲတိုင်း ဘာလို့ ဒီလိုမဖြစ်ကြတာလဲ? ဒီလိုဖြစ်ဖို့ရော ဘာတွေလိုအပ်သလဲ? တကယ်လို့ကိုယ့်မှာ ချစ်သူရှိတဲ့အခါ သူနဲ့အချိန်ကြာလေပိုချစ်လေဖြစ်ဖို့ ဘယ်အချက်တွေလိုအပ်သလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်...
အချိန်ကြာလာလေ ပိုချစ်လေ ဖြစ်ကြတဲ့ အချစ်ရေးတွေရဲ့ အဓိကMain သော့ချက်တွေက...
(၁) ဖွဲမီးလိုအချစ်နဲ့ချစ်တာ
တစ်ချို့အချစ်တွေက ကောက်ရိုးမီးလိုပါပဲ စချစ်တုန်းကတော့ အရမ်းကိုချစ်ပြ၊ကြင်နာ ပြ ၊ဂရုစိုက်ပြပြီး ကြာလာတဲ့အခါ တော့ဒါမျိုးတွေလုပ်စရာမလိုတော့ပါဘူးဆိုပြီး ရိုးအီသွားတတ်ကြပါတယ်။ တကယ်မြဲတဲ့အတွဲတွေက စချစ်ကတည်းက တစ်ယောက်ကို တစ်ယောက်လေ့လာရင်း အခက်ခဲတွေကို အတူတူကျော်ဖြတ်ရင်းနဲ့ ဖြည်းဖြည်းချင်းဖွဲမီးလိုချစ်လာခဲ့ကြတော့ သူတို့အတွက်ရိုးတယ် စိတ်ကုန်တယ်ဆိုတာ မရှိပါဘူး။
(၂) တစ်ယောက်ကို တစ်ယောက်နားလည်မှုအပြည့်ရှိတာ
တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိနေမယ်ဆိုရင် အသက်ကြီးတဲ့အချိန်ထိ ရန်အကြီးကျယ်ဖြစ်လို့ ကွဲတယ်ကွာတယ်ဆိုတာ ကြားရမှာတောင်မဟုတ်ပါဘူးနော်။
(၃) သစ္စာတရားကိုလက်ကိုင်ထားတာ
သစ္စာရှိခြင်းက ချစ်ခြင်းမေတ္တာ မှာ အမြတ်ဆုံးအရာပါ။ ဘယ်လောက်ပဲ ချမ်းသာတဲ့အတွဲဖြစ်ပါစေ၊ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့အတွဲဖြစ်ပါစေ သစ္စာမရှိရင် အလကားပါပဲနော်။
(၄) ယုံကြည်မှုရှိတာ
အချစ်ရေးမှာ အလိုအပ်ဆုံးက တစ်ယောက်ကို တစ်ယောက်ယုံကြည်မှုရှိဖို့ပါပဲ။ အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက်သံသယတွေများနေမယ်ဆိုရင်ကြားလူတွေရဲ့ သွေးခွဲခြင်းကို ခံရမှာပါနော်...
(၅) လေးစားမြတ်နိုးမှုရှိတာ
တစ်ယောက်ပေါ်တစ်ယောက်ချစ်နေရုံနဲ့မပြီးသေးပါဘူး။ လေးစားတဲ့ အချစ်နဲ့ ချစ်တဲ့သူတွေကမှ ကြာရှည် တွဲနိုင်မှာပါနော်... ဆိုတော့ အချစ်ရေးတစ်ခုမှာ တစ်ယောက်ကိုတစ်ယောက်လေးစားမြတ်နိုးတန်ဖိုးထားတတ်ဖို့လည်းလိုပါသေးတယ်။
ကဲ... အခုဆိုရင် ဘယ်လောက်အချိန်ကြာကြာတစ်ယောက်ကိုတစ်ယောက်ဘယ်တော့မှ စိတ်မကုန်သလို ရိုးလည်းမရိုးသွားတော့ဘူးနော်...
တကယ်ဆို အချစ်က ချစ်တတ်ရင် သိပ်ကို အေးမြပါတယ်... အားလုံးအေးချမ်းတဲ့ချစ်ခြင်းမေတ္တာအောက်မှာပဲခိုလှုံခွင့်ရကြပါစေ
Source from Own creation
Photos credit from Google