ကိုယ့်ကောင်လေးကို လာ Flirt တဲ့မိန်းမတွေကို ပညာပေးနည်း - TrueID

ကိုယ့်ကောင်လေးကို လာ Flirt တဲ့မိန်းမတွေကို ပညာပေးနည်း

August 15, 2022

အခုခေတ်မှာ သူများရည်းစားကို စနှိုက်ကြော်ရတာ Treatment တစ်ခုလိုဖြစ်နေပါပြီ... ဒါက ကောင်းတဲ့အရာတော့မဟုတ်ပေမယ့် ဒီလိုလူမျိုးတွေများလာလေလေ ချစ်သူစုံတွဲတွေ စည်းလုံးမှုရှိဖို့နဲ့သစ္စာကြီးဖို့ ပိုလိုလာလေပါပဲ။

null

ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုတဲ့ စကားလို အရင်ဆုံး လာကြောင်တဲ့မိန်းမတွေ ကို ပညာမပြခင်မှာ ကိုယ့်လူကရော လွယ်တိုင်းပါတဲ့သူလား? လာရောတိုင်းခံတဲ့သူလား? သူ့ဘက်ကရော လာကြောင်တဲ့သူတွေကို တကယ်ပဲအဖက်မလုပ်ဘူးလားဆိုတာ စမ်းသပ်ကြည့်ဖို့တော့လိုပါတယ်။ တကယ်လို့လာကြောင်တိုင်း လွယ်လွယ်နဲ့ပါတတ်တဲ့ယောကျ်ားမျိုး ဆိုရင်တော့ ပျော်ပျော်ကြီးသာ လမ်းခွဲလိုက်ပါ။ ‌" ယောက်ျားလေးပဲ ‌‌ဆွဲဆောင်ရင် ဘယ်လောက်ခံနိုင်မှာလဲ တို့... ယောကျ်ားဆိုတာ နာဘူးနဲ့ ဂန်ဒူး ပဲရှိတာတို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လာFlirt တဲ့မိန်းမတွေကို ဧည့်ထောက်ခံနေဦးမယ်ဆိုရင်တော့ စောစောစီစီး လမ်းခွဲလိုက်ပါနော်...

null

အိုကေ ဒီလိုမှမဟုတ်ပဲ ကိုယ်မှကိုယ်သစ္စာရှိ‌ပေမယ့် တစ်ဖက်မိန်းမတွေကပဲ တော်တော်ဖြစ်နေတယ်ဆိုရင်တော့လက်ရှိ ချစ်သူ ပီပီ ဂုဏ်ဆာပြီး‌ကောင်းကောင်း ပညာပေးလို့ရပါပြီနော်...

ကဲ ဘယ်လို ထိထိရောက်ရောက်ပညာပေးကြမလဲ?...

() သူတို့ရှေ့မှာ ကိုယ်ဘယ်လောက်အချစ်ခံရကြောင်း ထုတ်ပြောပါ

null

သူတို့ရှေ့မှာ ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကို ဘယ်လောက်ချစ်ကြောင်းထုတ်ပြောပါ။ ဒါက အမြင်ကတ်စရာကောင်းတယ်လို့ထင်ရပေမယ့် စင်ပေါ်ရောက်တဲ့ကိုယ့်အတွက်တော့ အမှန်တရားကို လိပ်ပြာလုံလုံပြောလိုက်တာပါပဲ။ မနာလိုတဲ့သူကတော့ ဒီဟာမကြွားတယ်လို့ ထင်နိုင်ပေမယ့် သူတို့မရမလို့ ကိုယ်ရတာကို မနာလိုတယ်လို့ပဲသဘောထားလိုက်ပါ။

() သူ့အလိုလိုသစ္စာရှိနေတဲ့သူဖြစ်ကြောင်းပြပါ

null

ကိုယ့်ချစ်သူကောင်လေးကကိုယ်ပြောစရာမလိုအောင် သူ့အလိုလို ကိုယ့်အပေါ်သစ္စာရှိတတ်တဲ့ယောက်ျားဖြစ်ကြောင်းပြပါ။ ကိုယ်က လိုက်ထိန်းနေရလို့ နင်တို့တို့ဆီပါမသွားတာမဟုတ်ပဲ ငါ့ချစ်သူကိုယ်တိုင်က နင်တို့ကိုအဖက်မလုပ်တာ ဆိုတဲ့ပုံစံမျိုးနဲ့ ချေချလိုက်တာ က အကောင်းဆုံးနည်းလမ်းပါပဲနော်...

() သူ့အလိုလိုရှက်သွားအောင်လုပ်ပါ

null

 

ကိုယ့်ချစ်သူကို သူတို့နဲ့ဆက်ဆံတဲ့အခါ ခပ်တန်းတန်းနဲ့ ဆက်ဆံခိုင်းပြီးလာကြောင်းတဲ့မိန်းမတွေ သူ့အလိုလို ရှက်သွားအောင်လုပ်ပါ။ သူတို့ကို အဖက်မလုပ်ပဲ ကိုယ့်ချစ်သူမှကိုယ့်ချစ်သူပဲဆိုတာမျိုးကို ရှေ့မှာရောကွယ်ရာမှာပါနေပြနိုင်ရင် လာ ကြောင်တဲ့သူတွေ သူ့အလိုလို ရှက်သွားမှာပါနော်...

null

ကဲ ဒါဆိုရင်တော့ ကိုယ့်ချစ်သူကောင်လေးကို လာFlirt တဲ့ မိန်းမတွေ ကို သိက္ခာအကျမခံပဲ  ပညာသားပါပါနဲ့ ချေချလိုက်တော့နော်...

Source from sl (own creation)

Photos credit from Google

Read More
Loading...
Loading...