ရန်ဖြစ်တိုင်း " လမ်းခွဲကြရအောင် " ဆိုတဲ့ စကားကို တစ်ချို့စုံတွဲတွေအမြဲလိုလို ပြောတတ်ကြပါတယ်။ စိတ်ထဲကပါတယ်မဟုတ်ပေမယ့်လည်း ရန်ဖြစ်လာတိုင်း ဒီလို လမ်းခွဲစကားပြောတာ များလာတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးရဲ့နှလုံးသားမှာ နာကျင်ခံစားလာရနိုင်ပါတယ်။
ယောကျ်ားလေးဘက်ကပဲ စပြောပြော မိန်းကလေးဘက်ကပဲဖြစ်ဖြစ် စိတ်တိုလို့ လမ်းခွဲစကားပြောတဲ့အခါတစ်ဖက်က ခံလိုက်ရတဲ့သူစိတ်ထဲမှာ အရမ်းကို နာကျင်ခံစားသွားရစေနိုင်ပါတယ်....
ငါနင့်ကို မုန်းတယ် ၊ နင်နဲ့ငါ လမ်းခွဲမယ်၊ နင်နဲ့ငါနဲ့ပြတ်ကြရအောင်ဆိုတဲ့ စကားက ပြောတော့သာ လွယ်ပေမယ့် ဒီစကားကြောင့် ကျန်ခဲ့တဲ ဒဏ်ရာကတော့ အရမ်းကို ကြီးမားပါတယ်နော်....
ဒါကြောင့်ကိုယ့်စိတ်က တကယ်မပြတ်နိုင်ပဲ နဲ့ တစ်ဖက်သားရဲ့ နှလုံးသားကို နာကျင်အောင် ဒီလိုစကားမျိုးမပြောကြဖို့ အကြံပေးပါရစေ...
တကယ်ပြတ်နိုင်လို့ ဒီစကားပြောရင်းပြတ်သွားလို့ရပေမယ့် မပြတ်နိုင်ပဲ ဆက်တွဲတဲ့အခါ နာကျင်ခံစားရတဲ့သူကမကြာခဏသတိရလာပြီး သူ့ငါ့ကို တကယ်ရော ချစ်တာဟုတ်ရဲ့လား ဆိုတဲ့ ဆိုက်ကိုအတွေးတွေ အများကြီး ဝင်လာစေမှာပါ။ ဒါကြောင့် ကိုယ်တကယ်ချစ်တဲ့သူ ကိုယ်တကယ်စွန့်လွှတ်ဖို့ မဖြစ်နိုင်တဲ့သူ တစ်ယောက်နဲ နှလုံးသားကို နာကျင်သွားအောင် ဒီလိုစကားမျိုးဘယ်တော့မှမပြောမိပါစေနဲ့...
ဒေါသဇောနဲ့ပြောလိုက်တဲ့အရာတစ်ခုက တစ်ဘဝလုံးစာ နောင်တ ဖြစ်သွားစေနိုင်ပါတယ်....
Source from own creation
Photos credit from Google