လူတွေက အချစ်ကို အမျိုးမျိုး အဓိပွါယ်ဖွင့်တတ်ကြပါတယ်... အချစ်ဆိုတာ အေးချမ်းတယ်၊ အချစ်ဆိုတာပူလောင်တယ်၊ တစ်ချို့ကြတော့လည်းအချစ်ကနွေးထွေးတယ်...ဒီလို အဓိပ္ပါယ်တွေမျိုးစုံ ဖွင့်တတ်ကြပေမယ့်တကယ်အချစ်မှာရှိတဲ့အရာတစ်ခုကိုတော့မေ့နေတတ်ကြပါတယ်...
ဒါကတော့ပြောင်းလဲခြင်းပါ... အချစ်ဆိုတာ ပြောင်းလဲလွယ်ပါတယ်...တိမ်စိုင်တွေလိုပဲ လွှင့်ချင်ရာလွှင့်ပြီးမြောချင်တာမြောနေတာဟာ အချစ်ပါ…
ဒီတစ်ယောက်ကို ချစ်မိတယ်ဆိုတာ အခုပဲဒီလူကို သေမလောက်ချစ်မိနေပေမယ့် နောက်ရက်ကျတော့ ဒီလူကို အရင်နေ့ကလောက်ချစ်မိချင်မှချစ်မိမှာပါ။ ဒါဟာ အချစ်ပါပဲ...
ဒါဆို အခုချိန်ထိ သစ္စာရှိရှိနဲ့ ချစ်နေမိတဲ့သူတွေက ဘာလို့များ ရှိနေကြတာလဲ?
ဒါကတော့ သူတို့ရဲ့အချစ်ရေးက အချစ်တစ်ခုတည်းနဲ့တင်မဟုတ်ပဲ အချစ်ရဲ့ နောက်လိုက်သားတွေဖြစ်တဲ့ မေတ္တာတွေ၊ သစ္စာတွေ၊ တန်ဖိုးထားခြင်းတွေနဲ့ ကိုယ်ချင်းစာတရားတွေကြောင့် ရေရှည်လက်တွဲနိုင်ကြတာဖြစ်ပါတယ်နော်...
အချစ်တစ်ခုတည်းနဲ့ပဲ တည်ဆောက်ထားတဲ့အချစ်ရေးက နေ့မြင်ညပျောက်ဆိုသလို အရာရာက ခဏအတွင်းပျောက်ကွယ်သွားတတ် ပြောင်းလဲသွားတတ်ပေမယ့် အပေါ်မှာပြောခဲ့တဲ့အချစ်ရဲ့နောက်လိုက်တွေက အမြဲကပ်ပါနိုင်မယ်ဆိုရင် ဒါက ပျော်စရာကောင်းပြီး အဆုံးသတ်လှပတဲ့ Relationship တစ်ခုဖြစ်လာကြမှာပါပဲ...
ဒီလိုအရာတွေမှကပ်မလိုက်နိုင်ဘူးဆိုရင် အချစ်ကိုအစမပျိုးတာအကောင်းဆုံးပါပဲ... လက်တည့်စမ်းပြီး အစပျိုးလိုက်ကာမှ ကိုယ့်ဇာတ်ကိုယ်မနိုင်လို့ ပျက်စီးသွားတဲ့အချစ်တွေအများကြီးပါ...
ကိုယ်တစ်ယောက်တည်း နာကျင်ခံစားရတာမဟုတ်ပဲ တစ်ဖက်လူကပါ ထိခိုက်နာကျင်စေရလို့ နောက်လိုက်တွေမပါတဲ့အချစ်ကို မတည်ဆောက်ကြဖို့အကြံပေးပါရစေ...
အချစ်ဆိုတာ ပြောင်းလဲတတ်ပါတယ်... အခုကိုယ့်ကို ချစ်နေပေမယ့် နောက်တစ်ခြားလူကို ပိုချစ်သွားတယ်ဆိုတာက ကိုယ့်ကို ချစ်တုန်းက အချစ်ရဲ့နောက်လိုက် တွေဖြစ်တဲ့ မေတ္တာတွေသစ္စာတွေနဲ့ နားလည်မှုတွေမပြည့်ဝခဲ့လို့ပါ... တစ်ခြားတစ်ယောက် ကို သူအများကြီးချစ်နေမိတယ်ဆိုတာက သူကိုယ်တိုင်ကိုက မေတ္တာတွေသစ္စာတွေနားလည်မှုတွေ အစရှိတဲ့အချစ်ရဲ့နောက်လိုက်အရာတွေကို အပြည့်အဝပေးချင်ခဲ့တာရယ် တစ်ယောက်နဲ့တစ်ယောက် ရဲ့ အချစ်က ထပ်တူညီသွားကြတာရယ်ကြောင့်ပါ...
ဒီလိုအချစ်ရဲ့နောက်လိုက်တွေဆိုတာကလည်းကာယကံရှင်ကိုယ်တိုင်က နှလုံးသားနဲ့လိုလိုချင်ချင်ပေးမှရတဲ့အရာတွေမလို့ ဒီလိုအရာတွေနဲ့ တွေ့ကြုံခံစားရမှသာ ကိုယ်ပိုင်ဆိုင်တဲ့အချစ်က တည်ငြိမ်သွားပြီလို့ မှတ်ယူလိုက်ပါနော်...
Source from sl(own creation)
Photos credit from Google