ဆံပင်ဆိုးရတာ နှစ်ခြိုက်သူတွေဟာ ကိုယ့်ဆံပင် ကာလာအမိုက်စားလေးတွေနဲ့ လှနေအောင် အမြဲပြောင်းဆိုးတတ်ကြပေမယ့် ဆေးဆိုးထားတဲ့ ဆံပင်ကို ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာကိုတော့ သိပ်သတိမထားကြပါဘူး။ ဒါပေမယ့် ဆေးဆိုးထားတဲ့ ဆံကေသာတွေဟာ သာမန် ဆံပင်တွေနဲ့ မတူဘဲ အနည်းနဲ့အများ ဆိုသလိုတော့ ခြောက်သွေ့ ပျက်စီးတတ်ကြပါတယ်။ ကိုယ်ဆိုးထားတဲ့ ဆံပင် Color လှလှလေးတွေကို အရောင်မကျွတ်စေချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးဝင်စေမှာပါ။
၁။ ဆံပင်ကို ရေပူ၊ ရေနွေးတွေနဲ့ မလျှော်ပါနဲ့ ။
ရေနွေးနဲ့ ရေချိုးတဲ့သူတွေ အသားတွေ ခြောက်သွေ့သွားသလိုပဲ ရေနွေးနဲ့ ခေါင်းလျှော်မိရင်လည်း သင်က ဆံပင်အရောင် ဆိုးထားတဲ့သူ ဖြစ်မယ်ဆိုရင် ဆံပင်အရောင်တွေ ကျသွားပါလိမ့်မယ်။ ဒီတော့ ခေါင်းလျှော်တဲ့အခါ ရိုးရိုးရေနဲ့ လျှော်တာက ဆံပင်သား ကျန်းမာစေရုံသာမက ဆံပင်ကာလာလည်း ကြာရှည်ခံပါလိမ့်မယ်။
၂။ ဆံပင်ကို ရေကူးကန်ထဲက ရေနဲ့အတတ်နိုင်ဆုံးမထိအောင် လုပ်ပါ။
ရေကူးကန်က ရေတွေထဲမှာ ကလိုရင်းတွေထည့်ထားကြောင့် အဲ့ရေတွေနဲ့ ဆံပင်ကို တစ်ချိန်လုံး ထိတွေ့စေတာမျိုးကလည်း ဆံပင်ကာလာအတွက် ဆိုးကျိုးဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ကမ်းခြေမှာ ရေကူးတာမျိုး၊ ရေကူးကန်ထဲမှာ ရေကူးတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်တော့ ဆံပင်အတတ်နိုင်ဆုံးရေ မထိအောင် တစ်ခုခုစွပ်ပြီး ကူးတာမျိုး လုပ်သင့်ပါတယ်။
၃။ ဆံပင်ကို အပူပစ္စည်း၊ ကိရိယာတွေနဲ့ ထိတွေ့ပေးခြင်းမျိုးရှောင်ပါ။
ဆံပင်ဆိုးထားတယ်ဆိုရင် ဆံပင်ကို Dryer နဲ့ လိုတာထပ်ပိုပြီး အချိန်ကြာမြင့်စွာ မှုတ်တာမျိုး၊ ဖြောင့်စက်နဲ့ ခဏခဏဆွဲပေးတာမျိုး၊ အပူချောင်းနဲ့လိပ်တာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါတွေက ဆံပင်သား ပျက်စီးစေရုံမက ဆံပင်အရောင်ကိုလည်း ကျစေတတ်ပါတယ်။
၄။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ပါ။
နေပူထဲ မကြာခဏ သွားရသူတွေအနေနဲ့ ဆံပင်သား အရောင်လွင့်တာမျိုးတွေ ဖြစ်တတ်တာကြောင့် နေပူထဲသွားတဲ့အခါ ထီးဆောင်းတာမျိုးတွေအပြင် SPF ပါဝင်တဲ့ Hairspray တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ အချက်ကလေးတွေအတိုင်း စနစ်တကျလုပ်ဆောင်မယ်ဆိုရင်တော့ ဆံသားလေးတွေ တောက်ပြောင်နေမယ့်အပြင် အရောင်လေးတွေလည်း ကြာရှည်ခံစေမှာ ဖြစ်ပါတယ်။
Photo Credit : gOOGLE
Ref: www.stylecraze.com