ကိုဗစ်လှိုင်းအသစ်မှာ ဆရာဝန်တွေ ညွှန်းလာကြတဲ့ သောက်ဆေး (Molnupiravir) နဲ့ပတ်သက်လို့ သိသင့်တဲ့ အချက် ၈ ချက် - TrueID

ကိုဗစ်လှိုင်းအသစ်မှာ ဆရာဝန်တွေ ညွှန်းလာကြတဲ့ သောက်ဆေး (Molnupiravir) နဲ့ပတ်သက်လို့ သိသင့်တဲ့ အချက် ၈ ချက်

March 10, 2022

ကမ္ဘာအဝှမ်းမှာ ၂၀၂၂ အိပ်မက်က ကိုဗစ်ကပ်ရောဂါကို အဆုံးသတ်ပြီး New normal ဘဝပုံစံနဲ့ ရှေ့ဆက်ဖို့ပါ။ ကာကွယ်ဆေးဟာ ကပ်ရောဂါကို ရပ်တန့်ဖို့ အကောင်းဆုံး လက်နက်ဖြစ်ပေမဲ့ ရောဂါဖြစ်လာရင် ကုဖို့ ဆေးကောင်းကောင်းလည်း ရှိသင့်ပါတယ်။ အခုဆို ထိပ်တန်းဆေးကုမ္ပဏီကြီး ခု ဖြစ်တဲ့ Pfizer နဲ့ Merck က ကိုဗစ်သောက်ဆေးတွေ ထုတ်လုပ်ရောင်းချနေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း အဲဒီဆေးတွေကို စသုံးနေကြပါပြီ။ အဲဒီသောက်ဆေးတွေထဲကမှ Merck ကုမ္ပဏီက ထုတ်တဲ့ Molnupiravir အမည်ရ သောက်ဆေးကို အခု မြန်မာနိုင်ငံမှာ ဆရာဝန်တွေကြား ညွှန်းဖို့ ပြောနေကြတာ တွေ့လာရပါတယ်။ ဒါကြောင့် ဒီဆေးနဲ့ ပတ်သက်လို့ သိသင့်တဲ့ အချက် ချက်ကို Yale Medicine က ဒီလို ပြောပြထားပါတယ်။

  1. သူ့ရဲ့ အာနိသင်က ဘာလဲ?

ဆေးပညာအရ Antiviral လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းတဲ့ဆေးပါ။ သောက်ပြီးလို့ သွေးထဲရောက်သွားရင် ဗိုင်းရပ်စ်တွေ မပွားနိုင်အောင် တားပေးပါတယ်။ ရောဂါလက္ခဏာပြပြီး ရက်အတွင်း သောက်ဖို့ Merck က တာဝန်ရှိသူ ဆရာဝန်က ပြောထားပါတယ်။

null

  1. ဘေးထွက်ဆိုးကျိုးရှိလား?

စျေးကွက်ထဲ မဖြန့်ခင် စမ်းသပ်ကာလတုန်းကတော့ ဒီဆေးကို သောက်တဲ့သူတွေမှာ ဆိုးဆိုးရွားရွား ဘေးထွက်ဆိုးကျိုး မရှိပါဘူးတဲ့။ ဒါပေမဲ့ ဝမ်းလျှောတာ၊ ခေါင်းမူးတာ၊ ပျို့အန်ချင်တာလောက်တော့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

  1. ရောဂါမဖြစ်အောင် ကာကွယ်ပေးလား?

Molnupiravir သည် ကာကွယ်ဆေး မဟုတ်ပါ။ ရောဂါဖြစ်ပြီဆိုတော့မှ သောက်ရတာပါ။ ရောဂါအခြေအနေ မဆိုးအောင်၊ ဆေးရုံမတက်ရအောင်၊ အသက်မဆုံးရှုံးရအောင် သောက်ရတဲ့ဆေးပါ။ ဒါကြောင့် ရောဂါအခြေအနေ မဆိုးတဲ့သူတွေလည်း သောက်စရာ မလိုပါဘူး။

null

  1. ဒါဆို ဘယ်သူတွေ သောက်ရတာလဲ?

အသက် ၁၈ နှစ်အထက် ရောဂါလက္ခဏာ ခံစားရသူတွေ သောက်နိုင်ပါတယ်။ ဒါပေမဲ့ Merck က တာဝန်ရှိသူကတော့ အနည်းဆုံး risk factor တစ်ခု ရှိမှ သောက်ဖို့ အကြံပြုပါတယ်။ Risk factor ဆိုတာက အသက်ကြီးခြင်း၊ အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါအခံ တစ်ခုခုရှိခြင်းတို့ကို ဆိုလိုတာပါ။

  1. ကိုဗစ်မျိုးကွဲ အားလုံးမှာ သောက်လို့ရလား?

အရင်မျိုးကွဲတွေဖြစ်တဲ့ အယ်လ်ဖာ၊ ဂါမာ၊ ဒယ်လ်တာ အားလုံးကို နိုင်ပါတယ်။ အသစ် အိုမီခရွန်ကို ရမရကတော့ စမ်းသပ်နေဆဲပါ။ (မြန်မာဆရာဝန်တွေကတော့ ပေးနေကြပါပြီ)

null

  1. ဒီသောက်ဆေးက အကောင်းဆုံး ကုသနည်းလား?

ထိုးဆေးနဲ့ယှဥ်ရင် ပိုကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တတိယလှိုင်းတုန်းက Remdesivir လို့ ခေါ်တဲ့ antiviral အကြောဆေးကို စျေးကြီးပေးဝယ်ခဲ့ကြရတာ မှတ်မိမယ် ထင်ပါတယ်။ သောက်ဆေးက အဲလို ကုန်ကျစရိတ် မများလှပါဘူး။

  1. ကိုယ်ဝန်ဆောင်တွေ သောက်လို့ရလား?

ကိုယ်ဝန်ဆောင်ရော နို့တိုက်မိခင်တွေပါ သောက်လို့မရပါဘူး။ ကလေးကို ထိခိုက်စေနိုင်ပါတယ်တဲ့။ ဒါပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရလို့ အမေအသက်ကို ကယ်ချင်ရင်တော့ Risk ယူပြီး ပေးလို့ရပါတယ်တဲ့။

  1. ကာကွယ်ဆေးက ထိုးစရာ လိုသေးလား?

လုံးဝ လိုအပ်ပါတယ်။ အစကတည်းက ရောဂါမဝင်ရင် Molnupiravir သောက်စရာ မလိုတော့ပါဘူး။

အခုပြောပြခဲ့တဲ့ အချက်လေးတွေကို ဖတ်ပြီးရင် ဒီဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကိုယ့်ဘာသာ ချိန်ညှိနိုင်ပါပြီ။ ဒါပေမဲ့ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ဝယ်မသောက်ဖို့ အကြံပေးချင်ပါတယ်နော်။

null

Ref : https://www.yalemedicine.org/news/9-things-to-know-about-covid-pill

Read More
Loading...
Loading...