ပေါင်သီး က စားလို့ရတဲ့ အသီးပေမယ့် ပုံမှန်နေ့စဉ်လူသိများတဲ့ အသီးထဲမှာတော့ မပါပါဘူး... အစိမ်းရောင် ရှိပြီးလုံးလုံးလေးနဲ့ ချစ်စရာကောင်းတဲ့ အသီးမျိုးပါ...
အထဲက အသီးသားကတော့ ပန်းသစ်တော်လို အရည်ရွမ်းတဲ့ ပုံစံဘက်ရောက်ပါတယ်နော်...လူသိနည်းကြပြီးအစားနည်းတဲ့ ပေါင်သီးမှာ ဘယ်သူမှထင်မထားရလောက်အောင် မှော်ဆေးတစ်လက်လိုအစွမ်းထက်တဲ့ အရာတွေရှိနေပါတယ် ... ဆိုတော့ ပေါင်သီး ရဲ့အစွမ်းတွေ အကြောင်းစပြောလိုက်ရအောင်...
ပေါင်သီးမှာ carbonhydrates,antioxidants ,calcium , omega 3, omega6, potassium , protein အပြင်Vitamin A နဲ့Vitamin C တို့ပါဝင်ပါတယ်။ ဒီလို ပါဝင်ပစ္စည်းတစ်ခုချင်းဆီကြောင့် လည်း မတူ ညီတဲ့ အကျိုးအာနိသင်များစွာ ခံစားရရှိနိုင်တယ်ဆိုတာကို ဆက်ပြီး ပြောပြပေးသွားပါမယ်...
(၁) အသားဓာတ်ပြည့်ဝစွာပါဝင်တယ်
Carbonhydrates ပြည့်ဝစွာပါဝင်တာကြောင့် ဆန်ဂျုံပြောင်း အထူးတလည် ထပ်မံစားသုံးစရာမလိုပဲနဲ့ ဆန်ဂျုံုပြောင်းမှာ ပါဝင်တဲ့ အကျိုးအာနိသင်တွေအားလုံးကို ရရှိစေပါတယ်။
(၂) Cholesterol လုံးဝမပါရှိဘူး
ပေါင်သီးဟာ no cholesterol အသီးဖြစ်တာကြောင့် အဆီကျချင်တဲ့သူတွေ ဝိတ်လျော့နေတဲ့သူတွေအတွက်အဆင်ပြေဆုံးအသီးပါ။ ဒါ့ အပြင် အသည်း ကျောက်ကပ်နဲ့ နှလုံးတို့ မှာဖြစ်တတ်တဲ့ အဆီဖုံးခြင်း ရောဂါတွေကို ပါ ကာကွယ်ပြီးသား ဖြစ်လို့တစ်ပတ်ကို နှစ်လုံးလောက်တော့ ပုံမှန်စားပေးသင့်ပါတယ်။
(၃) နုပျိုစေတယ်
သူ့မှာပါဝင်တဲ့ Antioxidant ဟာ အရွယ်တင်နုပျို ခြင်းကို အားပေးပြီး မျက်နှာ အသားရည်ကို ကြည်လင်ဝင်းပစေပါတယ်။ ဒါ့ အပြင် omega3 ,omega6 တို့ကြောင့်
ဆံသား နဲ့ဦးရည်ပြားကို ကျန်းမာကြံ့ခိုင်စေပါသေးတယ်။
(၄) ဆီးချို ရောဂါဖြစ်ခြင်းမှကာကွယ်ပေးတယ်
Glucose ပါဝင်မှု လုံးဝမရှိတာကြောင့် အသီးစားလို့ ဆီးချို ဖြစ်မှာ မပူရပါဘူး။ သူ့အသီးမှာပါဝင်တဲ့အချိုဓာတ်ကလည်း သဘာဝချိုဖန်ဖန်အရသာလေးဖြစ်ပြီးအချိုဓာတ်ရာခိုင်နှုန်းလုံးဝမရှိတာကြောင့် ဆီးချိုရောဂါ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တဲ့အသီးတစ်မျိုးပါ။
(၅) နှလုံးအဆီးဖုံးခြင်းမှ ကာကွယ်ပေးနိုင်
ဗီတာမင် A , ဗီတာမင် C ပြည့်ဝစွာပါဝင်တဲ့ အပြင် အဆီတွေကို ဖယ်ရှားပစ်နိုင်တဲ့ အိုမီဂါဓာတ်တွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းခြင်း ၊နှလုံး အဆီဖုံးခြင်း အစရှိတဲ့ ရောဂါတွေအပြင် Heart Attack ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုငတယ်လို့ သိရပါတယ်။
ကဲ... ပေါင်သီးအကြောင်းကို စုံစုံလင်လင်သိပြီးပြီဆိုတော့ အစာလည်းဆေးဆေးလည်း အစာဆိုသလိုကျန်းမာရေး အတွက်များစွာကောင်းမွန်တဲ့ ပေါင်သီးလေးကို ကြုံရင်ကြုံသလို ဝယ်စားဖို့ အကြံပေးပါရစေနော်...
Source from health line
Photos credit from google