အစားမြန်မြန်စားခြင်းရဲ့ ဆိုးကျိုးများ - TrueID

အစားမြန်မြန်စားခြင်းရဲ့ ဆိုးကျိုးများ

March 5, 2022

အစားတွေ အများကြီးစားချင်တဲ့ စိတ်နဲ့ အစားကို မြန်မြန်စားတာမျိုး၊ ကျောင်းသွား အလုပ်တစ်ဖက်နဲ့မို့ အစားကို မြန်မြန်စားဖြစ်နေကြတဲ့သူတွေ တစ်ပုံကြီးပါ။ တစ်ချို့ကလည်း အစားစားမြန်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ကြတဲ့သူတွေရှိပါတယ်။ လေ့လာမှုအသစ်အရ အစားအစာကို လျင်မြန်စွာစားခြင်းက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကို ဆိုးရွားတဲ့အန္တရာယ်တွေပေးနိုင်တယ် ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ အစာကိုမြန်မြန်စာခြင်းရဲ့ ဆိုးကျိုးတွေကို ပြောပြပေးသွားမှာပါ။

 

  1. အဝလွန်နိုင်ချေများလာခြင်း။ 

အစာစားတဲ့အချိန်မှာ အထူးသဖြင့် ညစာစားတဲ့အချိန်က ပိုအရေးကြီးပါတယ်။ ညစာကို မြန်မြန် မစားသင့်ပါဘူး။ ညစာကို အလျင်အမြန်စားခြင်းက ကိုယ့်ခန္ဓာကိုယ်ဝိတ်ကို သိသာစွာ တက်စေတဲ့အပြင် ကိုယ့်ရဲ့ နှလုံးကို ရောဂါတွေ ဝင်လာစေနိုင်ပါတယ်။

null

  1. လိုအပ်တာထက်ပိုစားမိခြင်း။

အစာမြန်မြန်စားခြင်းက လိုအပ်တာထက်ပိုပြီး စားမိစေပါတယ်။ ဘာလို့လဲဆိုတော့ အစာကို ခပ်မြန်မြန် စားနေချိန်မှာ ဗိုက်ဝပြီဆိုတာကို ဦးနှောက်ကသိဖို့ အချိန်မရလို့ပါပဲ။ အစာကို လိုအပ်တာထက်ပိုစားမိပါက ဝိတ်တက်လာတာနဲ့ တခြားကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

null

  1. အစာမကြေဖြစ်ခြင်း။

အစာမြန်မြန်စားတဲ့ လူတော်တော်များများက အစာကို အကြီးကြီးကိုက်လေ့ရှိပြီး တစ်ခါတစ်လေ ကြေညက်အောင် မဝါးဘဲနဲ့ မျိုချတက်ကြသလို အစာကို ရေနဲ့မျောချတက်ကြတယ်။ အစာအိမ်က ခပ်မြန်မြန်ဝင်ရောက်လာတဲ့ အစာတွေကို မြန်မြန်ချေဖျက်ဖို့ မဖြစ်နိုင်ပါဘူး။ အဲ့အတွက် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး နေရခက်ပါလိမ့်မယ်။

null

  1. ဆီးချို နဲ့ နှလုံးရောဂါ ဖြစ်လာနိုင်ခြင်း။

အစာ အမြန်စားခြင်းက သွေးတွင်းအချိုဓာတ်ကို အတက်အကျ အမြန်ဖြစ်စေပြီး အင်ဆူလင်ဓာတ် လက်ခံမှုကို ဟန့်တားစေနိုင်တာကြောင့် ဆဲလ်တွေထဲကို အချိုဓာတ် မဝင်နိုင်တော့ပါဘူး။ ဒီအခါမှာ ခန္ဓာကိုယ်က အင်ဆူလင်ဓာတ်ကို ပိုမိုထုတ်ပေးပြီး ဆီးချိုနဲ့ နှလုံးရောဂါတွေကို ဖြစ်လာစေနိုင်ပါတယ်။

ဖုန်း၊ ကွန်ပြူတာရှေ့မှာ ထိုင်ပြီး အစာစားခြင်းက အစာစားတာကို အနှောင့်ယှက်ဖြစ်စေပြီး ကိုယ် ဘယ်လောက်များများစားတာ၊ ဘယ်လိုစားနေတာလည်းဆိုတာ မသိဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့်အစားအစာကို ကြေညက်အောင်ဝါးပါ။ မြန်မြန်မစားပါနဲ့။ မြန်မြန်စားတာထက် အစားအစာကို ကြေညက်အောင် ဝါးပြီးမှ မျိုချပါ။ ဒီလိုလုပ်ခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေရုံသာမက အစာအစားခြင်းကိုလည်း နှေးကွေးစေပါတယ်။

Photo Credit : Google.com 

Source: TIMESOFINDIA.COM

null

Read More
Loading...
Loading...