ချောကလက်ကို ကိုကိုး ဆိုတဲ့ အပင်ရဲ့ အစေ့ကနေပြီး ပြုလုပ်တာဖြစ်ပြီး ချောကလက်ကိုစားရင်း ကောင်းကျိုးတွေအများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလိုက်တဲ့ ချောကလက်ဟာ Dark Chocolate ဆိုတဲ့ ကိုကိုး (Cocoa) ပါဝင်မှုများတဲ့ ချောကလက်တော့ဖြစ်ရပါမယ်။ ကိုကိုးပါဝင်မှုမြင့်မားပြီး Dark Chocolate ဖြစ်လေလေ၊ အာဟာရ ပါဝင်မှုမြင့်မားလေလေပဲဖြစ်ပါတယ်။
ချောကလက်မှာပါဝင်တဲ့ကဖိန်းပါဝင်မှုနှုန်းဟာ လက်ဖက်ရည်တို့ Cola တို့မှာပါဝင်တဲ့နှုန်းထက်ပိုပြီးနည်းပါတယ်။ ၁အောင်စရှိတဲ့ချောကလက်တစ်တောင့်မှာ ကဖိန်းဓါတ်ဟာ ၆မီလီဂရမ်သာ ပါဝင်ပြီး ၅အောင်စရှိတဲ့ ကော်ဖီတစ်ခွက်မှာတော့ ကဖိန်းဟာ ၄၀မီလီဂရမ်အထိ ပါဝင်ပါတယ်။
ချောကလက်ဟာ လူသားတွေ တီထွင်ထားတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာတွေထဲက တစ်ခုဖြစ်ပြီး ချောကလက်တစ်ချပ်စားရင် အရွယ်ရောက်ပြီးသူတစ်ဦးက ပေ၁၅၀ လမ်းလျှောက်နိုင်တဲ့အထိကို ခွန်အားတွေ ပေးစွမ်းနိုင်ပါတယ်။
ချောကလက်မှာ အာရုံကြောကောင်းစေတဲ့ စီရိုတိုနင်(Serotonin) ပါဝင်တာကြောင့် စားကောင်း အိပ်ပျော်စေပြီး၊ စိတ်တည်ငြိမ်စေတာတို့၊ ပျော်ရွှင်စေတာတို့ စတဲ့ကောင်းမွန်တဲ့ ခံစားမှုမျိုးတွေပေးစွမ်းနိုင်ပါတယ်။ Dark Chocolate မှာဆိုရင် နှလုံးကျန်းမာရေးကို များစွာ အထောက်အကူပြုသလို ဦးနှောက်အတွက် အစာလို့လည်း ခေါ်ကြပါသေးတယ်။
Dark Chocolate စားပေးမယ်ဆိုရင် ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ဟာဆိုရင် တိုးတက်လာနိုင်လို့ပဲဖြစ်ပါတယ်။ မှတ်ဉာဏ်ကိုလည်း တိုးစေတယ်၊ အာရုံစူးစိုက်မှုကိုလည်း ပိုပြီးကောင်းစေတယ်၊ ဉီးနှောက်အတွင်း သွေးစီးဝင်မှုကိုလည်း အားကောင်းစေတယ်၊ အသက် အိုမင်းလာလို့ ဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ်အား လျော့ကျလာမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Dark Chocolate မှာက Caffeine တော့ ပါဝင်ပေမဲ့ coffee မှာ ပါဝင်မှုနဲ့ ယှဉ်ရင် ပမာဏအရမ်းနည်းတာဖြစ်လို့ ညအချိန်မှာ အိပ်မပျော်တာမျိုးကိုလည်း မဖြစ်စေပါဘူး။ ဒါပေမယ့် calories များစွာ ပါဝင်နေတာကြောင့် သင့်တော်တဲ့ ပမာဏတစ်ခုကိုပဲ နေ့စဉ်စားသုံးပေးသင့်ပါတယ်။
ဒီစာကိုဖတ်ပြီး Dark Chocolate ကို သွားဝယ်စားဖို့ စဉ်းစားနေပြီဆိုရင်တော့ ကိုယ်ဝယ်စားမယ့် Dark Chocolate မှာ ကိုကိုးပါဝင်မှု အနည်းဆုံး ၇၀% ရှိရမယ်ဆိုတာကိုတော့ မမေ့ပါနဲ့နော်…..
Source : MedicalNwesToday
Photo Credit : Pinterest