ကိုယ့်မျက်လုံးလေး အသက်ကြီးသည်အထိ ကျန်းမာအောင်ဒါတွေလုပ်ကြည့်ပါ... - TrueID

ကိုယ့်မျက်လုံးလေး အသက်ကြီးသည်အထိ ကျန်းမာအောင်ဒါတွေလုပ်ကြည့်ပါ...

April 4, 2022

နေ့စဉ်အသုံးပြုနေရတဲ့ မျက်လုံးလေးက သိပ်သနားဖို့ကောင်းပါတယ်...

အထူးသဖြင် အခုလိုခေတ်ကြီးထဲမှာ လူတိုင်းက ဖုန်းနဲ့မျက်နှာနဲ့မပြတ် အသုံးပြုနေကြသလို၊ နေ့စဉ်ကွန်ပျူတာတွေ စက်ပစ္စည်းတွေနဲ့ ထိတွေ့နေကြရပါတယ်။

null

ဒါဟာ ရှောင်လွှဲလို့မရတဲ့ ခေတ်ကာလရေစီးကြောင်းတစ်ခုဖြစ်တာမလို့ ကိုယ်ကမဖြစ်မနေ မျက်လုံးကို အလင်းတွေနဲ့ နေ့စဉ်ထိတွေ့ရမယ်ဆိုရင်တော့ ကျန်းမာအောင်

ပြုစုစောင့်ရှောက်ပေးဖို့လိုပါတယ်နော်...

ဆိုတော့ နေ့စဉ်အသုံးပြုခံနေရတဲ့ကိုယ့်မျက်လုံးတစ်စုံကို ဘယ်လိုနည်းလေးတွေနဲ့ နေ့တိုင်း စောင့်ရှောက်ကြမလဲ?...

() အပူထွက်အောင်လုပ်ပါ

null

 

နေ့စဉ်မနက်အိပ်ယာက နိုးလာတဲ့အခါ မျက်နှာ အရင်မသစ်သေးပဲ ဒူးခေါင်းကနေ ခြေဖ၀◌ါးအထိ ရေဖွားဖွားပါအောင် ၇ခွက်လောက်လောင်းချပေးပါ။ ဒီလိုပြုလုပ်ခြင်းကမျက်လုံးမှာ ရှိတဲ့ အပူတွေ အခိုးငွေ့တွေကို ထွက်လာစေပြီး နေ့စဉ်မျက်လုံး ကို အပူထုတ်ပေးရာရောက်ပါတယ်။

() အစားသောက်နဲ့ ထိန်းပါ

null

တစ်ပတ်ကို ၃ခါလောက် မုန်လာဥနီ နဲ့ မြင်းခွာရွက်ကို အလှည့်ကျစားပေးဖို့လိုပါတယ်။ တစ်ခြားအရွက်တွေထက်ဒီနှစ်မျိုးက မျက်လုံးကျန်းမာရေးကိုသိသိသာသာကောင်းမွန်စေပြီး ပုံမှန်စားသုံးပေးမယ်ဆိုရင် မျက်မှန်သမားတွေတောင် ပါ၀◌ါကျသွားသည်အထိ အစွမ်းထက်တဲ့အစားစာတွေပါ။

() Screen Time ကိုလျော့ပါ

null

မဖြစ်မနေ လုပ်ရမယ့်အလုပ်၊ ကြည့်ရမယ့် အရာကလွဲရင် ကိုယ့်စိတ်ကိုကိုယ်အလိုမလိုက်ပါနဲ့။ တစ်သတ်လုံးအချိန်ကြာကြာ မျက်လုံးကို အသုံးပြုချင်တယ်ဆိုရင်နေ့စဉ် အသုံးပြုနေတဲ့ Screen Time အချိန်ကိုလျော့လိုက်ဖို့လိုပါတယ်။

() အိပ်ချိန်မှန်ပါစေ

null

လူတစ်ရဲ့ အိပ်ချိန်မှန်ခြင်းက မျက်လုံးကို များစွာ အကျိုးပြုပါတယ်။ တစ်နေ့ကို ညဖက် ၈နာရီအိပ်ပေးရမယ့်အပြင် ည၁၀ နာရီလောက်ကနေမနက် ၆နာရီလို့ သတ်မှတ်ချိန်တစ်ခုထားပြီး အိပ်စေချင်ပါတယ်။ တစ်နေ့၈နာရီပြည့်ရင်ပြီးရောဆိုပြီး ညညမအိပ်ပဲ မနက်မှပေါင်းအိပ်တာ နေ့လည်မှ အိပ်တာတွေက ထင်သလောက်အကျိုးမရှိစေပါဘူးနော်။

() မျက်လုံးလေ့ကျင့်ခန်းလုပ်ပါ

null

နေ့စဉ်ကွန်ပျူတာတွေ၊ ဖုန်းတွေကြည့်နေစဉ်မှာ မျက်လုံးကို အကြာကြီးတစ်နေရာတည်းစိုက်ကြည့်တာမျိုးမလုပ်ပဲ၁၅ မိနစ်တစ်ခါလောက် ဘေးဘယ်ညာကို ကြည့်ပေးပြီးမျက်လုံးကို အလင်းရောင်တွေဆီကနေ မိနစ်ပိုင်းလောက် ဖြစ်ဖြစ် အနားပေးဖို့လိုပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်လုံးပူတာစပ်တာ ဖုန်းအကြည့်များလို့မျက်ကြောကိုက်တာမျိုးမ ဖြစ်စေပဲ မျက်လုံးကို ပုံမှန်လည်ပတ်နိုင်အောင် အထောက်အကူပြုပေးပါလိမ့်မယ်...

 

ကဲ... အခုဆိုရင် မျက်လုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့ နည်းလမ်းလေးတွေကို သိပြီးပြီဆိုတော့ အခုကစပြီးကိုယ့်မျက်လုံးကို ကျန်းမအောင်စောင့်ရှောက်ကြတော့နော်

Source from Healthline

Photos credit from Google

Read More
Loading...
Loading...