မြန်မာတွေရဲ့ ရှေးရိုးအစဉ်အလာ စကားတွေအရ “ထမင်းစားပြီး ချက်ချင်းရေမချိုးနဲ့နော်” ဆိုတဲ့စကားကို လူတိုင်းငယ်ငယ်ကတည်းက ရင်းနှီးကြမယ်လို့ ထင်ပါတယ်။ အဲဒီလိုဘာလို ပြောကြတာလဲဆိုတာ တကယ်တော့အကြောင်းအရင်းရှိပါတယ်။
ထမင်းစားပြီး ချက်ချင်းရေချိုးလိုက်မယ်ဆိုရင် ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ရေချိုးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်အေးသွားတာနဲ့ အစာခြေဖျက်ဖိုအတွက် သတ်မှတ်ထားတဲ့အပူချိန်ကို ထိန်းဖိုခက်ခဲသွားပါတယ်။ ရလဒ်အနေနဲ့ အစာခြေတာကို အကူညီပေးတဲ့ သွေးက အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စီးဆင်းနေတဲ့အတွက် အစာခြေဖျက်တဲ့ဖြစ်စဉ်က နှေးသွားပါတယ်။
နေလိုထိုင်လိုမကောင်းတာ၊ အစာအိမ်အချဉ်ပေါက်တာတွေလည်း ဖြစ်စေနိုင်ပါတယ်လို သိရပါတယ်။ သင်ကထမင်းစားပြီး ရေချိုးမယ်ဆိုရင်တောင် အနည်းဆုံး ၂နာရီ ကနေ ၃ နာရီကြာမှ ရေချိုးသင့်ပါတယ်။