ဂျင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်ပေမယ့်လည်း လူတိုင်းအတွက်တော့ မဟုတ်လှပါဘူး။ အန္တရာယ် ဖြစ်စေနိုင်မယ့် လူတွေ ရှိပါတယ်။ သူတို့အတွက် ဂျင်းဟာ သတိထားစရာတစ်ခု ဖြစ်ပြီး ဂျင်းစားသုံးမှုကိုလုံးဝရှောင် ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်းအချင့်နဲ့ စားသုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်သင့်ပါတယ်။ ဂျင်းကို အလွန်အကျွံ မစားသင့်တာ ဘယ်လိုလူတွေလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ
လေ့လာမှုတွေအရ ဂျင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားတာကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့်ပါဘူး။ ဂျင်းက သွေးထွက်မှုကိုများစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါမျိုးဆို လုံးဝမစားသုံးသင့်ပါဘူး။
- သည်းခြေကျောက်တည်နေသူများ
သည်းခြေကျောက်တည်တာကို ခံစားရနိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ချင်းက သည်းခြေရည်ထုတ် လွှတ်မှုကိုတိုးစေနိုင်ပါတယ်။ သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းမစား သုံးသင့်ပါဘူး။
- သွေးခဲ ဆေးသောက်သုံးနေရသူများ
ဂျင်းကသွေးကို ကျဲစေနိုင်စွမ်းရှိတာကြောင့် သွေးမတိတ်တဲ့ဝေဒနာရှိတာကြောင့် သွေးခဲ ဆေးသောက်သုံးမှီဝဲနေရ သူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
- ဆီးချို၊ သွေးချို ဆေး မှီဝဲနေရသူများ
ဂျင်းက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိပေမဲ့ ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကိုလျော့ပါးစေနိုင်တာကြောင့် ဂျင်းမစားသုံးသင့်ပါဘူး။ သွေးချို တအားကျ ဆင်းသွားနိုင်တာ ကြောင့်လည်း ဂျင်းစားသုံးမှုကိုရှောင်ကြဉ်သင့်တာဖြစ်ပါတယ်။
- သွေးကျဆေးသောက်နေရသူတွေ
ဂျင်းကသွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့် သွေးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ဆေးတွေကို မှီဝဲနေရသူတွေအနေနဲ့လည်း ဂျင်းကိုမစားသုံးသင့်ပါဘူး။
အထက်မှာ ဖော်ပြပေးခဲ့တဲ့ ရောဂါဝေဒနာတွေ မရှိတဲ့ သာမန်သူတွေအနေနဲ့ ချင်းကို တစ်နေ့ ၄ ဂရမ်သာ စားသုံးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့တော့ စားမယ်ဆိုရင်တောင် တစ်နေ့ကို ၁ ဂရမ် ထက်ပိုမစားသင့်ပါဘူး။
Source : Everyday Health
Photo Credit : Google