ယောကျ်ားလေးတွေ အလေးမ သင့်တဲ့ အကြောင်းရင်း ၇ ချက် - TrueID

ယောကျ်ားလေးတွေ အလေးမ သင့်တဲ့ အကြောင်းရင်း ၇ ချက်

June 7, 2022

ကျန်းမာကြံ့ခိုင်တဲ့ ကောင်လေးတွေဟာ ဆွဲဆောင်မှု ရှိပါတယ်။ ကမ္ဘာကျော် မင်းသားကြီးတွေကို ကြည့်လိုက်ရင် ဗလတောင့်တောင့်၊ အရပ်ရှည်ရှည် ဘဲကြီးတွေပါပဲ။ ဒါကြောင့်လည်း ယောကျ်ားလေး တော်တော်များများဟာ bodybuilding လုပ်ပြီး ကြွက်သားတက်အောင် ဆော့ချင်ကြပါတယ်။ ကျန်းမာရေးရှုထောင့်ကကြည့်ရင် အဲဒီလို ကြွက်သားတက်အောင် အလေးမခြင်းဟာ ခန္ဓာကိုယ်လှရုံတင်မက တခြား ကောင်းကျိုး ၇ ချက်လည်း ရှိပါတယ်တဲ့။ အဲဒါတွေကတော့...

  1. စိတ်ဖိစီးမှု ပြေလျော့စေတယ်

အားကစားနဲ့ ကျန်းမာရေး ဂျာနယ် ( International Journal of Sports Medicine) က ဖော်ပြချက်အရ နှစ်ပတ်တိတိ အလေးမ လေ့ကျင့်ခန်း လုပ်ထားတဲ့သူတွေမှာ စိတ်ဖိစီးရင်ထွက်တဲ့ ကော်တီစော ဟော်မုန်း လျော့နေတာကို တွေ့ရပါတယ်တဲ့။ အလုပ်ကြောင့် စိတ်ညစ်နေလား၊ ဂျင်မ်ဆော့။ ရည်းစားနဲ့ ကွိုင်နေလား၊ ဂျင်မ်ဆော့ လို့ပဲ အကြံပေးရမယ် ထင်ပါတယ်။

null

  1. နှလုံးရောဂါကို ကာကွယ်ပေးတယ်

သွေးလည်ပတ်မှုကို ကောင်းစေပြီး အဆီကျစေတဲ့အတွက် နှလုံးကို ကျန်းမာစေပါတယ်။ တကယ်လို့ နှလုံးရောဂါ ရှိပြီးသားဆိုရင်တောင် ကျွမ်းကျင်တဲ့ ဆရာနဲ့ တိုင်ပင်ပြီး နည်းနည်းစီ စဆော့ပေးသင့်ပါတယ်။

null

  1. အသက်ရှည်စေတယ်

အသုံးချ ဇီဝဗေဒ ဂျာနယ်က ဆောင်းပါးတစ်ခုမှာ ဖတ်လိုက်ရတာက အလေးမခြင်းဟာ အရိုးတွေကို အိုမင်း ရင့်ရော်ခြင်းကနေ ကာကွယ်ပေးပါတယ်တဲ့။ ဒါ့အပြင် ကြွက်သားတွေ အလုပ်လုပ်ရတာကြောင့် မိုင်အိုစတက်တင် လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ လျော့နည်းစေပါတယ်။ အဲဒီ မိုင်အိုစတက်တင်က လူ့အသက်ကို တိုစေတဲ့ မကောင်းတဲ့ ပစ္စည်း ဖြစ်ပါတယ်။

null

  1. အားကစား ပိုလုပ်နိုင်လာတယ်

အလေးမတဲ့ သူဟာ အခြား အားကစားတွေမှာပါ ပိုပြီး သက်လုံကောင်းလာတယ်။ ကြွက်သားတွေ သန်မာတာကြောင့် အကြမ်းခံပြီး ခြေစွမ်း လက်စွမ်းတွေ တက်လာမှာပါ။

null

  1. ညဘက် ကောင်းကောင်း အိပ်ပျော်တယ်

ကြွက်သားတွေ ပင်ပန်းနေတာရော၊ စိတ်ဖိစီးမှု လျော့နည်းတာရောကြောင့် ညဘက် ခေါင်းချလိုက်တာနဲ့ တန်းအိပ်သွားမှာ မယုံမရှိပါနဲ့။

null

  1. ဆီးချိုရောဂါကို သက်သာစေတယ်

အမေရိကန် ဆီးချိုရောဂါ အသင်းကြီးရဲ့ လေ့လာတွေ့ရှိချက်အရ အလေးမခြင်းဟာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးလို့ ဆီးချိုမဖြစ်အောင် ကာကွယ်ပေးပါတယ်တဲ့။ ဆီးချိုရှိလို့ ဆေးသောက်နေရတယ်ဆိုတဲ့ သူတွေမှာလည်း အလေးမပေးရင် control ပိုကောင်းလာမှာပါ။

null

  1. ကယ်လိုရီ အများကြီး လောင်ကျွမ်းစေတယ်

Cardio လို့ခေါ်တဲ့ free hand လေ့ကျင့်ခန်းတွေ လုပ်တာထက် ဝိတ်တုံးတွေနဲ့ အလေးမတာဟာ ကယ်လိုရီ ပိုလောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် cardio ပဲ ဖိဆော့နေလို့ မရပါဘူး။ ပညာရှင်တွေ အကြံပေးချက်အရ cardio တစ်ရက်၊ အလေးမတာ နှစ်ရက် စီ လုပ်သင့်ပါတယ်။

null

အထက်မှာ ပြောပြခဲ့တဲ့ ကောင်းကျိုးတွေတင်မက ပုံမှန်အားကစား လုပ်ခြင်းကြောင့် ကိုယ်ခံအားကောင်းပြီး ကျန်းမာစေမှာပါ။ ဒါကြောင့် အလေးမဖို့ စဥ်းစားနေရင်တော့ ခုပဲ ထလုပ်လိုက်ပါတော့နော်။

Ref : 

8 reasons why every man should lift

https://www.menshealth.com/uk/building-muscle/a755254/8-reasons-why-every-man-should-lift/

Read More
Loading...
Loading...