ဓမ္မတာကို ပုံမှန်ထက်စောလာစေတဲ့ အစားအစာများ - TrueID

ဓမ္မတာကို ပုံမှန်ထက်စောလာစေတဲ့ အစားအစာများ

October 11, 2022

မိန်းကလေးတိုင်း ကြုံတွေ့ရတဲ့၊ ရှောင်လွဲလို့မရတဲ့ အရာကတော့ ဓမ္မတာလာတာပါပဲ။ တစ်လတစ်ခါအမြဲကြုံတွေ့ရတဲ့ ဒီအခက်အခဲက ကမ်းခြေဘက်ခရီးထွက်တာတို့၊ သွားရေးလာရေးရှိတဲ့ အခါမျိုးတွေမှာ ဒုက္ခတွေကကြုံတွေ့ရပါတယ်။  အဲဒီလိုအချိန်မျိုးဆိုရင် မိန်းကလေးတွေအတွက် စိတ်ကသိကအောက်ဖြစ်စေပါတယ်။ ဒါကြောင့် အရေးကြီးလုပ်စရာကိစ္စတွေနဲ့ ဓမ္မတာလာချိန်တိုက်နေပြီဆိုရင် စိုးရိမ်စရာမလိုအောင် ပုံမှန်ရာသီလာချိန်ထက် စောပြီးလာအောင် လုပ်လိုရတဲ့ နည်းလမ်းကောင်းတွေရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ ဓမ္မတာလာချိန်စောအောင် ကူညီပေးမယ့် အစားအစာတွေပဲဖြစ်ပါတယ်။

 

ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးများ

null

ဗီတာမင်စီက ခန္ဓာကိုယ်မှာ ရှိတဲ့ အမဟော်မုန်းဓာတ်ကို တိုးလာစေပြီး ဓမ္မတာလာချိန် စောအောင် ကူညီပေးပါတယ်။

 

အပူအစပ်အစားအစာ

null

အပူအစပ်အစားအစာတွေ စားပေးခြင်းက ခန္ဓာကိုယ်အပူချိန်ကို တိုးလာစေတဲ့အတွက် သားအိမ်ကျုံလာစေပြီး ရာသီလာချိန်စောစေပါတယ်။

 

နာနတ်သီး

null

နာနတ်သီးက သားအိမ်ကျုံလာစေတဲ့ တင်ပါးဆုံရိုးနားက အပူကို ဖြစ်ပေါ်စေနိုင်စွမ်းရှိပြီး ဓမ္မတာလာချိန်စောစေတဲ့ အခွင့်အရေးများပါတယ်။

 

သင်္ဘောသီး

null

သင်္ဘောသီးက မိန်းကလေးတွေ ရာသီလာချိန်မမှန်တဲ့အခါ ဆရာဝန်တွေ ထောက်ခံပေးထားတဲ့ အသီးဖြစ်ပါတယ်။ မမှည့်တမှည့်ဖြစ်နေတဲ့ သင်္ဘောသီးက သားအိမ်ကို ဓမ္မတာ ချက်ချင်းလာအောင် ကူညီပေးပါတယ်။ သဘောၤသီးကို ပုံမှန်စားပေးခြင်းက ရာသီလာချိန်စက်ဝန်းကို ထိန်းပေးပါတယ်။

 

ချင်းရေနွေးကြမ်း

null

ချင်းက ရာသီလာအောင် လှုံဆော်ပေးတဲ့ အစွမ်းထက်အရာတစ်ခုဖြစ်ပြီး တင်ပါးဆုံရိုးမှာ အပူကို ထုတ်လွှတ်ပေးပါတဲ့အပြင် ရာသီလာချိန် ကိုက်ခဲနာကျင်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

 

Source: ဗဟုသုတ အဖြာဖြာ

Photo Credit : Google

 

 

 

Read More
Loading...
Loading...