ထမင်းစားရင်း ရေသောက်တတ်တဲ့အကျင့်ကြောင့် ဘာတွေဖြစ်လာနိုင်သလဲ?... - TrueID

ထမင်းစားရင်း ရေသောက်တတ်တဲ့အကျင့်ကြောင့် ဘာတွေဖြစ်လာနိုင်သလဲ?...

March 17, 2022

ထမင်းစားနေရင်းနဲ့ ရေခဏခဏသောက်တတ်တဲ့အကျင့်ရှိကြလား?... စားရင်းနဲ့ နင်နေလို့ ရေသောက်တာမျိုး မဟုတ်ပဲ ထမင်းစားရင်ရေခဏခဏသောက်တတ်တဲ့အကျင့်ကြီး ဆွဲနေပြီဆိုရင်တော့ အခုကစပြီး မလုပ်ကြဖို့ အကြံပေးပါရစေ...

null

ရေက လူ့ခန္ဓာကိုယ်အတွက် သိပ်ကိုအရေးပါအရာရောက်တယ်ဆိုပေမယ့် ရေမသောက်တိုင်းလည်းမကောင်းသလို မလိုအပ်တဲ့နေရာမှာ ရေသောက်မိရင်လည်း ဆိုးကျိုးများစွာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ထမင်းစားနေတဲ့အချိန် အကြိမ်ပေါင်များစွာ ရေသောက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဒီနေ့ပြောပြပေးသွားမှာမလို့ ဆက်ဖတ်ကြည့်ကြဦးနော်...

(၁) အစာချေမှုစနစ်ကို နှောင့်နှေးစေတယ်

null

            ထမင်းစားရင်း‌ ရေခဏခဏ သောက်တတ်တဲ့အကျင့်ကြောင့် စားတဲ့အစာတွေဟာ အစာအိမ်ထဲမှာ ကြေညက်မှုအားနည်းလာပြီး အစာချေဖျက်မှုစနစ်ကိုနှောင့်နှေး ကြန့်ကြာစေပါတယ်... ဒါကြောင့်ထမင်းစားရင်းရေခဏခဏသောက်မိတာမျိုးကို လုပ်တတ်တဲ့သူတွေဟာ ၀မ်းချုပ်တာ၊ လေအောင့်တာ အစရှိတဲ့ အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သတ်တဲ့ ‌‌ေ၀ဒနာ ခံစားရတတ်ပါတယ်။

(၂) ဗိုက်ကယ်ပြီး အစားစားချင်စိတ်ကို လျော့ကျစေတယ်

null

            ထမင်းနဲ့ရေဆတူဖြစ်လာတာကြောင့် စားနေတဲ့အစာကို လက်မခံချင်တော့ပဲ စားနေရင်းနဲ့ ဗိုက်၀သွားတာမျိုး၊ အစာစားချင်စိတ်မရှိတာမျိုး ဖြစ်တတ်လာနိုင်ပါတယ်။

(၃) ကိုယ်အလေးချိန်မြင့်တက်လာစေတယ်

null

            ထမင်းစားရင်ရေသောက်လွန်းရင် ဗိုက်ပူတတ်တယ်လို့ လူကြီးတွေက ငယ်ငယ်တည်းကပြောဖူးကြပါတယ်။ ဘာကြောင့်လည်းဆိုရင် စားတဲ့အစားစာတွေမကြေညက် သေးခင်မှာတင်ရေသောက်များတာကြောင့် ဗိုက်ပူ၀မ်းချုပ်ဖြစ်လာနိုင်ပြီး ကိုယ်အလေးချိန် တက်လာနိုင်တယ်လို့သိရပါတယ်နော်...

null

null

ဒါကြောင့် ဒီနေ့ကစပြီး ထမင်းစားတဲ့အခါ ရေကို ထမင်းနဲ့ဆတူသောက်တာမျိုး၊ စားနေရင်းနဲ့ ခဏခဏ ရေသောက်တာမျိုးကို မလုပ်ကြဖို့နဲ့ သောက်မယ်ဆိုရင် ထမင်းမစားခင်နဲ့ ထမင်းစားပြီး နာရီ၀က်လောက်နေမှသောက်ဖို့အတွက် အကြံပေးပါရစေ...

null

ဒီလိုဗဟုသုတရဖွယ်ရာအကြောင်းအရာကောင်းတွေနဲ့အတူ နောက်ထပ်အစီစဉ်ကောင်းများစွာကို တစ်နေရာတည်းမှာတစ်၀ကြီး ကြည့်ရှုခံစားနိုင်ဖို့ TrueID Myanmar ကသင်တို့နဲ့အတူ အမြဲရှိနေပါတယ်နော်...

Source From Heath Line

Photos Credit from Google

Read More
Loading...
Loading...