အရောင်ခွဲခြားမရခြင်း ( Colour Blind ) တယ်ဆိုတာဘာလဲ?? - TrueID

အရောင်ခွဲခြားမရခြင်း ( Colour Blind ) တယ်ဆိုတာဘာလဲ??

February 21, 2023

လူအများဆုရဲ့ သာမန်အမြင်အာရုံမှာ အရောင်တွေကိုရှင်းရှင်းလင်းလင်းနဲ့ ခွဲခြားပြီးမြင်နိုင်ပေမယ့် အချို့ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ပုံမှန်မျက်စိနဲ့ကြည့်တဲ့အချိန် အရောင်တွေကိုကောင်းစွာခွဲခြားနိုင်ခြင်းမရှိတာကို Colour Blind ခြင်းလို့ခေါ်ပါတယ်။ Colour Blind တယ်ဆိုတာက လူအနည်းငယ်သာဖြစ်လေ့ရှိတဲ့ မျိုးရိုးလိုက်တဲ့အခြေအနေတစ်မျိုးဖြစ်ပါတယ်။

null

ကျနော်တို့ရဲ့မျက်လုံးတွေမှာ rods နဲ့ cones လို့ခေါ်တဲ့ အလင်းအာရုံခံဆဲလ်တွေ ရှိပါတယ်။ အဲ့ဒီအာရုံခံဆဲလ်တွေထဲ cones မှာဆိုရင် အနီ၊ အစိမ်းနဲ့ အပြာ(RGB) ဆိုတဲ့ အခြေခံအရောင်တွေကို အာရုံခံနိုင်တဲ့ ဆဲလ်သုံးမျိုးထပ်ပြီးရှိပါတယ်။ အဲ့ဒီသုံးခုပေါင်းပြီး မျက်စိထဲဝင်လာတဲ့အလင်းတွေကို အရောင်တွေခွဲခြားပေးနိုင်ပြီး မျက်လုံးကနေတဆင့်ဦးနှောက်ကို သတင်းပေးပို့ပေးနိုင်ပါတယ်။

null

အဲ့ဒီ cones တွေကတစ်ခုခုပျက်တောက်သွားတဲ့အခြေအနေကို အရောင်ခွဲခြားနိုင်မှုအားနည်းခြင်း (Colour Blindness) လို့ခေါ်ပါတယ်။

null

Colour Blind ဖြစ်နေတဲ့လူတွေအထဲမှာ အချို့ကအရောင်အနည်းငယ်ကိုသာ မသဲကွဲတဲ့လူတွေရှိသလို အချို့ကလည်း အရောင်တော်တော်များများကို မခွဲခြားနိုင်တဲ့လူတွေလည်း ရှိပါတယ်။ ကိုယ့်မှာ Colour Blind ရှိမရှိကိုတော့ Colour Blind စစ်ဆေးမှု (Ishihara) နဲ့စစ်နိုင်ပါတယ်။

null

Colour Blind ဟာဆိုရင်တော့ ကုသလို့မရနိုင်တဲ့ အခြေအနေဖြစ်ပေမယ့် အထူးပြုလုပ်ထားတဲ့ မျက်မှန်တပ်ပြီး Colour Blind ကိုကျော်လွှားလို့ရနိုင်ပါတယ်။

null

ဒါပေမယ့် Colour Blind ရှိ‌သူတွေကတော့ သူတို့ရဲ့နေ့စဉ်ဘဝကို Colour Blind နဲ့အတူယှဉ်တွဲပြီး နေသွားလို့ရနိုင်ကာ ပြဿနာအကြီးအကျယ်မရှိသေးဘူးလို့ သိရပါတယ်။

Read More
Loading...
Loading...