အားဆေးတွေကိုသောက်သုံးဖို့ အကောင်းဆုံးအချိန်.. - TrueID

အားဆေးတွေကိုသောက်သုံးဖို့ အကောင်းဆုံးအချိန်..

October 11, 2022

နေမကောင်းမဖြစ်အောင်၊ ဖျားနာတာတွေမရှိအောင်အတွက် ကိုယ်ခံအားကအလွန်အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းစေဖို အာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်သင့်တယ်ဆိုပေမယ့်ပြီးပြည့်စုံမှုမရှိပါဘူး။ ဒါကြောင့် အားဆေးတွေပေါ်လာခဲ့တာဖြစ်ပါတယ်။ Vitamin မျိုးစုံပါတဲ့အားဆေးတွေကိုကလေးအရွယ်ကစပြီး သောက်သုံးရလေ့ရှိပါတယ်။

null

အဲ့ဒီလို ဗီတာမင်တွေသောက်တဲ့အခါမှာ ထိရောက်ဖိုဆိုရင် သူ့အချိန်နဲ့သူသောက်ဖိုအရေးကြီးပါတယ်။

အချိုက အိပ်ချိန်မှာ ခန္ဓာကိုယ်ကစုပ်ယူမှုအကောင်းဆုံးဖြစ်လို အားဆေးတွေကို ညဖက်မှာသောက်သင့်တယ်လိုပြောပါတယ်။

ဒါပေမယ့်ပညာရှင်တွေရဲ့အဆိုအရ အားဆေးတွေကို မနက်စောစောပိုင်းသောက်တာအကောင်းဆုံးနဲ့ အထိရောက်ဆုံးလိုသိရပါတယ်။ ဗီတာမင်အစုံပါတဲ့ အားဆေးတွေနဲ့ Vitamin B ကိုမနက်ပိုင်း‌သောက်တာအကောင်းဆုံးဖြစ်ပါတယ်။ Vitamin B ဟာ ဇီဝကမ္မစနစ်နဲ့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို လှုဆော်ပေးနိုင်လို မနက်ပိုင်းသောက်တာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

null

ပြီးတော့လည်း အားဆေးတော်တော်များများကို အစာနဲ့‌တွဲသောက်တာပို‌ကောင်းပါလိမ့်မယ်။ ဒါမှဗိုက်အောက်တာ၊အသာအိမ်ထိတာတွေမဖြစ်တော့ပဲ အစာအိမ်ရဲ့ အစာချေဖျက်မှုနဲ့ စုပ်ယူမှုနဲ့အတူ ဗီတာမင်တွေက လိုအပ်တဲ့နေရာကိုရောက်ရှိသွားမှာ ပဲဖြစ်ပါတယ်။ ဒါကြောင့် အားဆေးတွေကို အစာမစားခင် ၁၅မိနစ်အလိုဒါမှမဟုတ် အစာနဲ့တွဲပြီးသောက်သင့်ပါတယ်။

null

null

ဒါကြောင့်အားဆေးသောက်မယ်ဆို မနက်စောစောသောက်တာအကောင်းဆုံးဖြစ်ပြီး မမေ့ဖိုကိုလည်း ကိုယ့်ရဲ့အိပ်ယာဘေးက စားပွဲပေါ်မှာ ညကတည်းကတင်ထားတာအကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့်ကိုယ်ခံအားကောင်းဖိုဆိုရင်တော့ အားဆေးတစ်ခုတည်းကိုပဲအားကိုးလိုမရပဲ အာဟာရရှိတဲ့အစားအစာတွေစားတာနဲ့ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေလည်း လုပ်သင့်ပါတယ်ခ‌ဗျာ။

Read More
Loading...
Loading...