လူအများစုက သင်္ဘောသီးကို စားသုံးကြပေမယ့် သင်္ဘောရွက်ရဲ့ အသုံးဝင်ပုံနဲ့ ရလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ထင်မှတ်မထားဘဲ သိထားသလောက်နည်းပါးကြပါတယ်။ တကယ်တော့ သင်္ဘောရွက်ဟာ ကျွန်တော်တို့ သက်ရှိတွေကို ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပြီး အကျိုးပြုစေတဲ့ အရာတစ်ခုဆိုရင်လည်း မမှားပါဘူး ။ သင်္ဘောရွက်မှာ ကယ်လစီယန် ၊ သံဓာတ် ၊ မဂနီစီယန် ၊မဂနီစီယန် ဗီတာမင်C ၊ ဗီတာမင် E ၊ ဗီတာမင် K များစွာပါဝင်ပါတယ်။
သင်္ဘောရွက်ရဲ့ အကျိုးကျေးဇူးတွေကတော့ သင်ဘောရွက်ကို ဖျော်ရည်(သို့) ပြုတ်ပြီးစားသုံးခြင်း(သို့)နေခြောက်လှန်းပြီး ရေနွေးကြမ်းအနေနဲ့ သောက်သုံးခြင်းဖြင့် (၁) အစာချေစနစ်ကောင်းမွန်ခြင်း (၂) အူမကြီးလမ်းကြောင်းကို ရှင်းလင်းပေးခြင်း (၃) အသည်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေများကို လျော့ချပေးတဲ့အပြင် သွေးလည်ပတ်မှုနဲ့ ကိုယ်ခံအားတိုးအောင်လည်းမြှင့်တင်ပေးပေးပါတယ်။ ဒါ့အပြင် သင်္ဘောရွက်ဟာ ဦးရေပြားခြောက်သွေ့ခြင်းနဲ့ ဗေါက်ထခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ နောက်ထပ်တစ်ခုကတော့ ခြေလက်အဆစ်အမြစ်ကိုက်ခဲတဲ့ သူတွေအတွက်လည်း အရွက်ကို မီးကင်ကပ်ပေးခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေတယ်လို့လည်း သိရပါတယ်။
သင်္ဘောရွက် ရဲ့ သတိထားစရာတွေကတော့ မကြာခဏ သွေးပေါင်ကျဆင်းတတ်တဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင် ၊ နို့တိုက်ကျွေးနေတဲ့ မိခင်တွေဟာ စားသုံးခြင်းမပြုလုပ်ရပါဘူး။ သင်္ဘောရွက် အနုကိုလည်း မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို လည်း စားပေးလို့ရပါတယ်။ဒါ့အပြင် နေပူလှန်းပြီး အခြောက်ခံ အမှုန့်ဖြစ်အောင်လုပ်ပြီးရေနွေးနဲ့ ရောပြီးသောက်သုံးနိုင်ပါတယ်။ သင်္ဘောရွက်အပြင် သင်္ဘောသီးကို စားသုံးခြင်းသည်လည်း အရွယ် တင်ခြင်းနုပျိုခြင်းနဲ့အသာအရည်လည်း၀င်းပ လာစေပါတယ်။
တကယ့်ကို အစွမ်းထက်တဲ့ အပင်ဖြစ်တာကြောင့် စာဖတ်ပရိသတ်တွေလည်း သင်္ဘောရွက်ရဲ့ အကျိုးကျေးဇူးတွေနဲ့ သတိထားစရာလေးတွေကိုဖတ်ရှု့ပြီး အသုံးဝင်စေမယ်လို့ထင်မိပါတယ်။
Photo Credit – Healthy Eating, From Google.com
Source - Top foods for beautiful skin