ညဘက်အိပ်မပျော်လို့ စိတ်ညစ်နေလား? ဒါဆိုရင်တော့ ကုတင်ပေါ်ရောက်သွားလို့ ခေါင်းအုံးနဲ့ထိတာ နဲ့ တုံးကနဲ အိပ်ပျော်စေနိုင်တဲ့ နည်းလမ်းလေးကိုဒီတစ်ခေါက်မှာဝေ မျှပေးချင်ပါတယ်...
အခုခေတ်မှာ လူကြီးတွေသာမက လူငယ်တွေကပါ အိပ်မပျော်တဲ့ ရောဂါကို စွဲကပ်လာကြပါပြီ။ လူကြီးတွေအိပ်မပျော်တာက အသက်အရွယ်ကြီးလာတာရယ် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ် အခြေအနေတွေကြောင့် တစ်ခါတစ်ရံအိပ်မပျော်တာဖြစ်တတ်ပေမယ့် လူငယ်လူရွယ်တွေကပါ အိပ်မပျော်တဲ့ ရောဂါဖြစ်နေရင်တော့ ရေရှည်အတွက် စိုးရိမ်စရာပါပဲနော်...
ဒါကြောင့် ဒီနေ့မှာတော့ အိပ်မပျော်လို့စိတ်ညစ်နေတယ်ဆိုတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတစ်ချို့ကို ေ၀မျှပေးလိုက်ပါတယ်နော်...
(၁) ခြေဖဝါးကို မုန့်ညင်းဆီ လိမ်းနယ်ပြီး အိပ်စက်ပါ
အိပ်မပျော်ဖြစ်နေတဲ့အခါ ခြေဖ၀◌ါးနှစ်ဖက်ကို ရေသေချာဆေးပြီး မုန့်ညင်းဆီလိမ်းကာ ခြေဖ၀◌ါးလေးတွေကို နှိပ်နယ်ပေးပါ ။ ဒါဆိုရင်တော့ မကြာခင်မိနစ်ပိုင်း အတွင်းမှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေနိုင်ပါတယ်။
(၂) မအိပ်ခင် ၁၅ မိနစ်အလိုပါ ဖုန်းလုံး၀ မကြည့်ပါနဲ့
လူငယ်တွေအများစုရဲ့ပြဿနာက မအိပ်ခင် ဖုန်းကိုအကြာကြီးသုံးတတ်တာပါပဲ။ ဒါကြောင့်လည်းညအိပ်တဲ့အချိန်မှာ မျက်လုံးကြောင်ပြီး ချက်ချင်းအိပ်မပျော်နိုင်တာပါ။
ဒါကြောင့် အိပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင် ၁၅ မိနစ်အလိုလောက်ထဲက ဖုန်းကို Silent လုပ်ထားပြီး လုံး၀မကြည့်ပါနဲ့တော့နော်...
(၃) နေ့လည်ခင်း မှာ အကြာကြီးမအိပ်ပါနဲ့
နေ့လည်ခင်းမှာ အကြာကြီးအိပ်စက်တတ်တဲ့သူတွေက ညဆို တော်တော်နဲ့အိပ်မပျော်နိုင်တာသဘာ၀ပါ။ တကယ်တော့ ညဘက်အိပ်တာက ပိုပြီး မှန်ကန်တဲ့ ကျန်းမာရေးနည်းလမ်းမလို့ နေ့ဘက် ထက် ညဘက် ပိုအိပ်ဖို့တော့ အကြံပေးပါရစေ။
(၄) အတွေးတွေကို လျော့ချပစ်ပါ
အတွေးများတဲ့သူ၊ Stress များတဲ့သူတွေက ခဏလေးနဲ့ အိပ်မပျော်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ညအိပ်ချိန်မှာတော့ ဘာကိစ္စကိုမှခေါင်းထဲမထားပဲ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ အိပ်စက်အနားယူသင့်ပါတယ်။
(၅) နေ့စဉ် အားကစားလုပ်ပါ
နေ့စဉ်တစ်နေ့ကို မိနစ် ၃၀ လောက် ချွေးထွက်အောင် ကျန်းမာရေး အားကစားလေးတွေ၊ အေရိုဗစ်လေးတွေ ဆော့ကစားပေးသင့်ပါတယ်။ ဒီလိုမှမလုပ်ချင်လည်းကတာခုန်တာဖြစ်ဖြစ်၊ Gym ဆော့တာဖြစ်ဖြစ် ပုံမှန်လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ ခန္ဓာကိုယ်နဲ့ ကိုယ်ခံအားအတွက်လည်း သိပ်ကိုကောင်းမွန်စေတဲ့အပြင် ညဘက်မှာပါ တုံးကနဲနဲ့ အိပ်ပျော်စေပါတယ်နော်...
ကဲ... TrueID က ပြောပြပေးလိုက်ပြီဆိုတော့ ဒီနေ့ကစပြီး အိပ်ပျော်အောင်အိပ်ဖို့က ယူတို့ တာ၀န်ပဲနော်...
Source From Daily Health
Photos credit from google