ကြက်ဥစားရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ - TrueID

ကြက်ဥစားရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ

March 7, 2022

ကြက်ဥစားခြင်း ကနေ ကောင်းကျိုးတွေအများကြီးရရှိနိုင်ပါတယ်။ ကြက်ဥမှာ vitamin D, Choline, vitamin B6, protein, leucine စတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါ့အပြင် ကြက်ဥက ကယ်လိုနည်းနည်းပဲ ပါဝင်ပြီး များစွာသော ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

null

ကြက်ဥစားမယ်ဆိုရင် ချက်နည်းပုံစံတွေ အများကြီး ရွေးလို့ရပါတယ်။ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ပြုတ်ပြီး သုပ်ခြင်း၊ ဟင်းချက်ခြင်း၊ ကာကျက် ပုံစံ စားခြင်းဆိုပြီး အများကြီးပါပဲ။ ကြက်ဥရဲ့ ဘယ်လိုအာဟာရဓါတ်တွေက အားပြည့်စေတာလဲ၊ ကျန်းမာရေး ကောင်းမွန်ဖို့ ဘာတွေ ပေးစွမ်းနိုင်သလဲဆိုတာ ဖတ်ကြည့်ပါဦးနော် .... 

 

- ကြက်ဥ၊ ၊ ငုံးဥ၊ ငှက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှာ ပါ၀င်တဲ့ ပရိုတင်းဓါတ်တွေဥ လူရဲ့ ခန္ဓာကိုယ်ကို သန်မာထွားကြိုင်းလာစေနိုင်သလို  အရိုးတွေ၊ အရေပြားတွေ၊ ကြွက်သားတွေကိုလည်း ပိုပြီး သန်မာစေနိုင်ပါတယ်။ 

null

- ကြက်ဉအနှစ်ထဲမှာ ပါ၀င်တဲ့ ဓါတ်က ဦးနှောက်nerve ကျောတို့ လှုပ်ရှားမှုတွေကို သန်မာစေပြီး အားကောင်းစေတဲ့အတွက် ဦးနှောက်အာဟာရကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်၀န်ဆောင်မိခင်တွေက ဥအမျိုးမျိုးကို များများစားပေးသင့်ပါတယ်။

 

- ကြက်ဥ၊ ဘဲဥတို့ကို နံနက်စာအဖြစ် စားသုံးပေးပါက ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

null

- ကြက်ဥမှာပါ၀င်တဲ့ ဆာလဖာဓါတ်ဟာ ကော်လာဂျင်၊ ကီလာတင်တို့ကို ထုတ်လုပ်ပေးနိုင်တာမို့ အသားအရေကို လှပစေပါတယ်။ လက်သည်း၊ ဆံပင်စသည်တို့ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ရင်သားကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

- ကြက်ဥက မျက်လုံးအတွက် ကောင်းမွန်စေတဲ့ lutein နဲ့ zeaxanthine ဆိုတဲ့ antioxidants နှစ်မျိုးလုံးပါဝင်တဲ့အတွက် အသက်အရွယ်အရ ဖြစ်ပေါ်တတ်တဲ့မျက်လုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားမှု အန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။

null

- ကြက်ဥမှာ ကာဗွန်ဓာတ်နဲ့ သကြားဓာတ်များလုံးဝကို မပါဝင်တဲ့အတွက် တစ်နေ့ကို ကြက်ဥတစ်လုံး စားပေးခြင်းက ကျန်းမာရေးအတွက် အထူးအကျိုးရှိစေပါတယ်။

 

- ကြက်ဥမှာ ကစီဓာတ်လည်း မပါဝင်ပါဘူး။ အဆာပြေအနေနဲ့ဖြစ်ဖြစ်စားခြင်းက ကျန်းမာရေးနဲ့ ညီညွတ်စေနိုင်ပါတယ်။

 

ကြက်ဥကို တစ်နေ့မှာ ၃လုံးထိ စားနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ကြက်ဥတွေက သဘာဝကပေးထားတဲ့ အာဟာရနဲ့ပြည့်ဝတဲ့အစားအစာသာဖြစ်ပါတယ်။ ကြက်ဥက ဈေးချိုပြီး ဝယ်ယူရတာလွယ်ကူတဲ့အပြင် ချက်ပြုတ်ရလည်း လွယ်ကူပါတယ်။ အာဟာရနဲ့လည်း ပြည့်ဝပြီး အလွယ်တကူ စားသုံးနိုင်တဲ့ အစားအစာလည်းဖြစ်ပါတယ်။

null



Source – Eggs for health & Good Health

Photo Credit – Google

Read More
Loading...
Loading...