အစားစားပြီးချိန်မှာ အခုပြောမယ့် အပြုအမူတွေကို သင်လုပ်မိနေပြီလား …? ဒါဆိုရင်တော့ အခုပဲ ပြင်လိုက်ပါလို့ ပြောပါရစေနော်။
ထမင်းစားပြီးရင် ရေချိုးတာ၊ လေ့ကျင့်ခန်းလုပ်တာတွေက မကောင်းဘူးဆိုတာ လူတိုင်းနီးပါးသိထားကြပေမယ့် ရည်ရွယ်မထားဘဲ လုပ်ဖြစ်နေတဲ့ နောက်ထပ်အမှားတွေရှိပါသေးတယ်။ အမှတ်တမဲ့ လုပ်မိနေတဲ့ အလေ့အထ တွေကြောင့် ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။
အိပ်စက်ခြင်း (သို့) လဲလျောင်းခြင်း။
ထမင်းစားပြီးတဲ့အခါ ဗိုက်ပြည့်နေတဲ့အတွက် ဘယ်သူမဆို လဲလျောင်းတတ်ကြပါတယ်။ ထမင်းစားပြီးနောက် ခန္ဓာကိုယ်က အစာခြေဖျက်နေတုန်းပါပဲ။ ထမင်းစားပြီး ချက်ချင်းအိပ်စက်တာ၊ လဲလျောင်းတာတွေက အစာခြေဖျက်မှုကို အနှောင့်အယှက်ဖြစ်ပြီး မအီမသာဖြစ်တာ၊ ဗိုက်နာတာတွေအပြင် အခြားပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ထမင်းစားပြီးနောက် ချက်ချင်းလဲလျောင်းတာ၊ အိပ်စက်တာတွေမလုပ်သင့်ပါဘူး အကောင်းဆုံးက အစားစားပြီး ၂ နာရီကြာမှ အိပ်ဖို့ပါပဲ။
ဆေးလိပ်သောက်ခြင်း။
ဆေးလိပ် သောက်တက် သူတော်တော်များများက ထမင်းစားပြီးရင် ဆေးလိပ်သောက်တဲ့ အကျင့်ရှိပါတယ်။ စားပြီးပြီးခြင်း ဆေးလိပ်သောက်ခြင်းက အစာအိမ်နံရံတွေကို ရောင်ရမ်းလာစေနိုင်ပါတယ်။ အစားစားပြီးချိန်မှာ ဆေးလိပ်သောက်တာက ပုံမှန်ချိန်မှာဆေးလိပ်သောက်တာထက် ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြေ ၁၀ ဆလောက် ပိုများနေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခု စားပြီးချိန်မှာ ဆေးလိပ်မသောက်ပါနဲ့။
ရေသောက်ခြင်း။
ထမင်းစားပြီး ရေသောက်တာက အစာအိမ်ဆိုင်ရာအရည်ထုတ်ပေးနိုင်စွမ်းနဲ့ အင်ဇိုင်းဓာတ်တွေကို အားပျော့သွားစေပါတယ်။ ထမင်းစားရင်း ကော်ဖီနဲ့ လက်ဖက်ရည်တွေကိုသောက်တာကလည်း ပရိုတင်းကို ချေဖျက်နိုင်စွမ်းကျဆင်းစေနိုင်သလို သံဓာတ် စုပ်ယူမှုကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
အသီးအနှံတွေကို ချက်ချင်းစားခြင်း။
သစ်သီးအများစုက အစာချေဖို့အလွန်လွယ်တဲ့အတွက် အစာအိမ်ကနေ အူသိမ်တွေဆီရောက်ပြီး ကြေပျက်ပြီးချိန်ထိ မိနစ်(၂၀) ပဲ ကြာပါတယ်။ အသီးကို ထမင်းစားပြီး ပြီးချင်းစားမိတဲ့အခါမှာ အသီးတွေက အစာခြေဖျက်ဖို့ မလွယ်ကူတဲ့အစာတွေနဲ့ ရောသွားပြီး အစာခြေစနစ်ကို နှေးသွားစေနိုင်တာကြောင့် အစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သစ်သီးကို ကြိုက်တယ်ဆိုရင်တောင် ထမင်းစားပြီး ၂ နာရီကြာမှ စားပေးပါ။
Photo Credit & Source : herzindagi.com