လူတိုင်းလိုလို နေမကောင်းဖြစ်တဲ့အခါ ပါးစပ်တွေခါးပြီး ဘာစာစား အရသာမရှိ ဖြစ်တတ်ကြပါတယ်။ အစားအစာတွေ စားရင်လည်း ခါးနေပြီး စားချင်သောက်ချင်စိတ် ပျောက်နေတတ်ပါတယ်။ တော်တော်များများက ဆေးခါးတွေ သောက်လို့ ခါးတယ် ထင်ပေမယ့် အမှန်ကတော့ အဲလိုမဟုတ်ပါဘူး။ လေ့လာချက်တွေအရ ဖျားနေတဲ့အချိန်မှာ ခါးလာတာဟာ အရသာကို ခံစားတဲ့အာရုံက ပိုပြီးသိလာတာကြောင့် အခါးအရသာကို ပိုပြီး ခံစားလွယ်လာလို့ ဖြစ်ပါတယ်။
ဖျားနေတဲ့အချိန်မှာ ထွက်လေ့ရှိတဲ့ TNF-α ပရိုတိန်းဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ရာမှာ ကူညီပေးပြီး ရောဂါဖြစ်ပွားစေတဲ့ ပိုးမွှားတွေကို တိုက်ခိုက်ပေးတာ ဖြစ်ပါတယ်။ ဒီပရိုတိန်း မြင့်မားလာတာကြောင့် လျှာပေါ်က အရသာခံအဖုလေးတွေဟာ ခါးသက်တဲ့အရသာကို ပိုပြီးခံစားလာနိုင်တာလည်း ဖြစ်ပါတယ်။
- ခါးနေတဲ့ အချိန်မျိုးမှာ အစားအသောက်တွေကိုစားတဲ့အခါ တစ်ထိုင်တည်း အမြောက်အများစားတာမျိုးမလုပ်ဘဲ ပမာဏာနည်းနည်းခြင်းနဲ့ ခဏခဏ စားတာမျိုးလုပ်သင့်ပါတယ်။
- ငရုတ်ကောင်းကြိုက်ရင် ငရုတ်ကောင်းထည့်တာမျိုး စားမယ့်အစားအစာမှာ အနံ့လေးတွေ ထည့်ပြီးစားပေးရင် စားချင်စိတ်ကို ဖြစ်စေမှာပါ။
- ချဉ်ချိုအရသာဟာ ခံတွင်းမှာ တံတွေးတွေ ပိုမိုထွက်လာစေပြီး လျှာပေါ်က ခါးသက်တဲ့အရသာကို ဖယ်ရှားပေးနိုင်တာကြောင့် အရည်ရွှမ်းတဲ့ လိမ္မော်ဖျော်ရည် သောက်တာဖြစ်ဖြစ် လိမ္မော်သီးစားပေးတာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။
Source : TELUGU WORLD
Photo Credit : Google