အထိုင်များရင်ပဲဖြစ်ဖြစ် မကြာခဏ ခြေထောက်ထုံကျင်တာမျိုး ကြုံဖူးကြလား? ခြေထောက်ထုံကျင်တာဟာ ရောဂါအကြီးစားတစ်ခုတော့ မဟုတ်ပေမယ့် ထုံကျင်တဲ့ အချိန်မှာ အရမ်းခံရခက်တာကြောင့်ဖြစ်တိုင်းကောင်းတဲ့ ရောဂါတော့မဟုတ်ပါဘူး၊ ဒါကြောင့် ဒီနေ့မှာ ခြေထောက် ဘာလို့ ထုံတာလဲ? ဘယ်လို လူတွေကခြေထောက်ပိုထုံကျင်တတ်သလဲ ? ဆိုတာနဲ့ခြေထောက်ထုံခြင်း ကိုအမြန်သက်သာအောင် ဘယ်လိုလုပ်ရမလဲ? ဆိုတဲ့ နည်းလေးတွေကိုအနည်းငယ်ပြောပြပေးသွားပါမယ်နော်...
အရင်ဆုံး ခြေထောက် ဘာလို့ ထုံကျင်တတ်တာလဲ?
လူတိုင်းရဲ့ ပေါင်တံကနေ စပြီးခြေဖဝါးထိ တောက်လျှောက်မှာ ပုံမှန်စီးဆင်းနေကြ သွေးကြောသွေးမျှင်လေးတွေရှိပါတယ်။ ဒီသွေးကြောလေးတွေက လမ်းလျှောက်တဲ့ အခါ(သို့) ခြေထောက်ကို အသုံးပြုလှုပ်ရှားတဲ့အခါမျိုးမှာမှ အလုပ်လုပ်ရတာကြောင့် ခြေထောက်ကို အချိန်ကြာကြာ ငြိမ်ထားတာမျိုး၊ခြေထောက်ကို တစ်စုံတစ်ခုနဲ့ ဖိမိထားတာမျိုး၊ ခြေထောက် ပုံစံမပြောင်းပဲအသေကြီး ငြိမ်ပြီးထိုင်တာမျိုးတွေ များလာတဲ့အခါ ခြေထောက် စပြီးထုံကျင်လာတတ်ကြပါတယ်။ အထူးသဖြင့် ခြေဖဝါးကပိုပြီး ထုံကျင်တဲ့ လက္ခဏာကို ခံစားရတတ်ပါတယ်။ ကြွက်သားနဲ့ ပေါင်ကတော့ တစ်ခါတစ်လေမှကျင်တတ်ပေမယ့် ပေါင်နဲ့ကြွက်သားတွေကျင်လာရင်တော့ သေချာဆေးနဲ့နှိပ်နယ်ပေးပြီး ပိုလို့တောင် ဂရုစိုက်သင့်ပါတယ်နော်...
ဘယ်လိုလူမျိုးတွေကခြေထေထာက်ပိုကျင်တတ်သလဲ?
ခြေထောက်ကို အသေထားရတဲ့ ကားမောင်းတဲ့သူတွေ၊ အလုပ်ခွင်(သို့) ကျောင်းမှာ အထိုင်များတဲ့သူတွေ ၊ ဝိတ်များတဲ့ သူတွေနဲ့ ၊ ကိုယ်လက်လှုပ်ရှားအားနည်းတဲ့သူတွေ ခြေထောက်ကျင်တာမကြာခဏဆိုသလို ဖြစ်တတ်ပါတယ်။ ဆီးချိုသမားတွေ နဲ့ ဝိတ်များတဲ့ လူတွေ မှာ ခြေထောက်ကျင်ခြင်း မကြာခဏ ဖြစ်နေပြီဆိုရင်တော့ အချိန်ဆွဲမနေပဲ နီးစပ်ရာ ဆရာဝန်ကို အမြန်ဆုံးသွားပြသင့်ပါတယ်နော်...ဆီချိုသမားတွေအချိန်ဆွဲလေ ကိုယ့်အတွက်ထိခိုက်လေပါပဲ...အထူးသဖြင့် ဆီးချိုသက်တမ်းရင့်တဲ့သူတွေ ၊ မကြာခဏဆီးချိုးတက်တတ်တဲ့သူတွေဆိုရင် အခန့်မသင့်တဲ့အခါ နောက်ဆုံးမှာခြေထောက်ဖြတ်ရသည်ထိဖြစ်နိုင်ပါတယ်။
ကဲ...ဒီလိုခြေထောက် ထုံရင် ဘယ်လိုကုသကြမလဲ?
ပြင်းပြင်းထန်ထန်နဲ့ မကြာခဏဆိုသလို ထုံကျင်နေပြီဆိုရင်တော့ နည်းစပ်ရာ ဆရာဝန်ဆီသွားလိုက်တာ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ပဲ တစ်ခါတစ်လေအထိုင်များလို့ ကျင်တာဆိုရင်တော့ ခြေဖဝါးကြားထဲကို တံတွေး အနည်းငယ်တို့ ကြည့်ပါ ။ ဒီနည်းလေးးက မကြာခင်သိသိသာသာ သက်သာလာပါလိမ့်မယ် နော်...နောက်တစ်နည်းကတော့ ကိုယ့်ရဲ့ ခြေထောက်ကို တစ်နေရာတည်းမှာ အသေမထားပဲ သတိရရင်ရသလိုလှုပ်ရှားပေးဖို့နဲ့ ခန္ဓာကိုယ်အောင်ပိုင်းနဲ့ ပတ်သတ်တဲ့ လေ့ကျင့်ခန်းလေးတွေများများ လုပ်ပေးဖို့ပါပဲ။
အားလုံးပဲ ကျန်းမာရေးသုခနဲ့ပြည့်စုံနိုင်ကြပါစေ...
Sourcr from Daily New
Photos credit from google