သင်ရေသောက်ဖို့ လိုအပ်တယ်ဆိုတာ ဒီအချက်တွေက ပြောပြနေ... - TrueID

သင်ရေသောက်ဖို့ လိုအပ်တယ်ဆိုတာ ဒီအချက်တွေက ပြောပြနေ...

April 4, 2022

ရေဆိုတာ လူခန္ဓာကိုယ်အတွက် ၇၀%လောက်ကိုနေ့စဉ် လိုအပ်ပါတယ်။ ရေကလူတစ်ယောက်အတွက်ကျန်းမာရေးလို့ ဆိုရလောက်အောင်ကို ရေမသောက်တဲ့ သူ ရေသောက်အားနည်းတဲ့သူ တွေဟာပုံမှန်လူထက်ကို ရောဂါပိုထူးတာကို တွေ့ရပါတယ်။ ဒါကြောင့် သင်ရေသောက်ဖို့ ပိုပြီးလိုအပ်နေပြီဆိုတာ ကို ဒီလိုလက္ခဏာလေးတွေကနေသိပြီဆိုရင်တော့ ရေမြန်မြန်ပိုသောက်ဖို့ လိုနေပါပြီနော်...

() လျှာနဲ့ နှုတ်ခမ်းတစ်ဝိုက်တွင်အပူဖုများပေါက်လာခြင်း

null

လျှာ တစ်ဝိုက်နဲ့ နှုတ်ခမ်းနားမှာ အဖုသေးသေးလေးတွေ ပေါက်လာတတ်ပါတယ်။ ဒီလိုပေါက်လာပြီဆိုရင် သင်ရေသောက်ဖို့ အတော်လိုနေပြီဆိုတာကို သတိရပါ။

() ဝမ်းချုပ်ခြင်း

null

ဝမ်းချုပ်တာဟာ ရေသောက်နည်းတာရဲ့ လက္ခဏာတစ်ခုပါ။ ရေက အစာခြေလမ်းကြောင်းကနေ စွန့်ပစ်ဖို့အစာအိမ်ဟောင်းကို သယ်ဆောင်သွားတဲ့ အထိ အရေးပါတာကြောင့် ရေသောက်နည်းရင်ဝမ်းချုပ်တတ်ပါတယ်။

() နှုတ်ခမ်း ခြောက်သွေ့ပြီးအဖက်လန်လာခြင်း

null

ရေဓာတ်မလုံလောက်ရင် လျှာနဲ့ နှုတ်ခမ်းတွေခြောက်သွေ့လာပါတယ်။ ရေဓာတ်ခမ်းခြောက်လာရင် တံတွေးထုတ်လုပ်မှုလည်း လျော့ကျလာပါတယ်။

() ကြွက်သားများနာကျင်လာခြင်း

null

ရေသောက်နည်းလာရင် ကြွက်သားတွေနာကျင်လာတတ်ပါတယ်။ ရေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ Electrolytes တွေကို ထိန်းညှိပေးပြီး ကြွက်သား ကျန်းမာရေးကို ကောင်းစေပါတယ်။

() ခေါင်းကိုက်ခြင်း(မကြာခဏ)

null

ရေဓာတ်ခမ်းခြောက်ခြင်းက ဆဲလ်တွေကို အောက်စီဂျင်သယ်ဆောင်မှုမှာ အနှောင့်အယှက်ဖြစ်သလို အာဟာရသယ်ဆောင်မှုမှာလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒါကြောင့် ခေါင်းမကြာခဏကိုက်ပြီဆိုရင် ရေများများသောက်ပါနော်။

null

ကဲ... ဒီအချက်လေးတွေဖြစ်နေပြီဆိုရင်တော့ အခုကစပြီး ရေများများသောက်ကြတော့နော်...

Source from Healthline

Photos credit from google

Read More
Loading...
Loading...