ဖော်မလင်ဆိုတာ အရောင်အဆင်းမရှိ အနံ့ပြင်းတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး အဓိကအနေနဲ့ လူသေတွေကိုကြာရှည်ခံအောင် စိမ်တဲ့နေရာမှာ အသုံးပြုပြီးတော့ ပိုးသတ်ရာမှာလည်း သုံးပါတယ်။ ဒါတွေအပြင် ကြမ်းခင်းတွေအဝတ်အစားတွေ သိုလှောင်ရုံတွေကို သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း အသုံးပြုကြပါတယ်။
ပိုးမွှားတွေကိုနှိမ်နင်းတဲ့နေရာမှာလည်း အသုံးပြုသလို ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ပြုလုပ်တဲ့အခါမှာလည်းအသုံးပြုနိုင်ပါတယ်။
အချို့က အလှကုန်ပစ္စည်းတွေ တာရှည်ခံအောင်လုပ်တဲ့နေရာမှာလည်း အသုံးပြုတတ်ကြပါသေးတယ်။ ဒီလိုဘက်စုံနီးပါးအသုံးဝင်လှတဲ့ ဖော်မလင်ကို ဒီနေ့ခေတ်မှာ အစားအစာတွေတာ ရှည်ခံအောင်လည်း အသုံးပြုလာပါတယ်။ ဖော်မလင်ကို ပုပ်သိုးလွယ်တဲ့ အသား၊ ငါး၊ ပင်လယ်စာတွေအပြင် ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေမှာလည်း အသုံးပြုကြသလို တိုဟူး၊ ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါး ဖတ်ကဲ့သို့ စားသောက်ကုန် ပစ္စည်းတွေ၊ဝက်အူချောင်း၊ ဝက်သားပြားကဲ့သို့ တိရစ္ဆာန်ထွက်ပစ္စည်းတွေမှာလည်း အသုံးပြုကြပါတယ်။ ဒီနေ့ခေတ်မှာအစားအစာတွေကို တာရှည်ခံအောင် အမြင်လှအောင် ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ ပြုပြင်ရောင်းချမှုတွေ ရှိလာတယ်။
ဖော်မလင်ကို ရှောင်လို့မရမယ့်အတူတူ အတတ်နိုင်ဆုံး ကာကွယ်လို့ရတဲ့ နည်းလမ်းလေးတွေကတော့ ....
- ဖော်မလင်သုံးထားတဲ့ အသား ငါးတွေဆိုရင် အသားတွေက မာတောင့်နေတယ် သိပ်မပျော့ပြောင်းဘူး။ သိသာတာက ငါးညှိနံ့တွေ မရတော့သလို ယင်ကောင်လည်း မနားတော့ပါဘူး ။ အဲ့လိုမျိုးတွေ့ရင် အတတ်နိုင်ဆုံး မဝယ်ပါနဲ့။
- စျေးက ဝယ်လာတဲ့ အသား ငါး အသီးတွေကို ရေနဲ့ (၁) နာရီလောက် စိမ်လိုက်မယ်ဆိုရင် ဖော်မလင် ၆၀% လောက်ပြန်ထွက်သွားပါတယ်။ ဒါ့အပြင် ဆန်ဆေးရေ နဲ့ဆေးပြီး ရေ ထပ်ဆေးရင် ဖော်မလင် 70% လောက်လျော့သွားပါတယ်။
- အသား ငါး တွေကို ရေကျက်အေးထဲ ဆားနဲနဲ ဖျော်ပြီး (၁) နာရီလောက် စိမ်လိုက်မယ်ဆိုရင် ဖော်မလင် 90% လောက် လျော့သွားပါတယ်။ အသီးအနှံတွေကို ဆားရည်နွေး 10min စိမ် လိုက်ရင် 98% လျော့သွားပါတယ်။
- အကောင်းဆုံးကတော့ ဗီနီဂါ(ရှာလကာရှည်) 1cup (236 ml) ကို ရေ 1 liter နဲ့ရော ပြီး 15 မိနစ် ကနေ မိနသ် 20 min စိမ်ထားလိုက်မယ်ဆိုရင်တော့ 98% ထိ လျော့သွားနိုင်ပါတယ်။
ဖော်မလင်ပါတဲ့ အစားအသောက်တွေကို ရေရှည်စားသုံးမိရင် ကျောက်ကပ်၊ အသည်း၊ အစာအိမ်၊ အဆုတ်ပျက်စီးခြင်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ သွေးအားနည်းခြင်း၊ သွေးကင်ဆာတို့ဖြစ်နိုင်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစကလေးတွေမှာ ဆိုးဆိုးရွားရွားထိ ခိုက်နိုင်တယ်လို့ကျန်းမာရေးပညာရှင်တွေက ဆိုထားပါတယ်။
Photo Credit : Google
Source ; indiamart.com