သက်တမ်း (၈)နှစ်အထိ ရှင်သန်နိုင်ကြတဲ့ တီကောင်ကြီးများ - TrueID

သက်တမ်း (၈)နှစ်အထိ ရှင်သန်နိုင်ကြတဲ့ တီကောင်ကြီးများ

March 6, 2023

ကျွန်တော်တို့ရဲ့ အနီးပတ်ဝန်းကျင်မှာ မကြာခဏတွေ့ရတတ်တဲ့ တီကောင်အကြီးကြီးတွေကို တွေ့ဖူးကြတယ်မလား ။ သူတို့ အသက်ရှင်နေထိုင်နိုင်တဲ့ သက်တမ်းကို သိရင် သင့်အနေနဲ့ အံ့အားသင့်မှာတော့ သေချာပါတယ်။

null

အနီရောင် တီကောင်ကြီးတွေရဲ့ သက်တမ်းဟာ ပေါက်ဖွားချိန်ကနေ စပြီး  ၄ နှစ်မှ ၈ နှစ်အထိ အသက်ရှင်နိုင်ပါတယ်။ ဒါပေမယ့် မျိုးစိတ်ပေါ်မူတည်ပြီး သက်တမ်းအလိုက် ကွဲပြားပါတယ်။ မြေကြီးအောက်တွေမှာ တစ်သက်တာလုံး နေထိုင်ကြတဲ့ မီးခိုးရောင် တီကောင်များကတော့ ပျမ်းမျှအားဖြင့် ၁.၂၅ နှစ်မှ ၂.၆ နှစ်ကြား အသက်ရှင်လေ့ရှိပါတယ်။

null

သူတို့ရဲ့ လိင်မှုစနစ် ဖွံ့ဖြိုးဖို့ ရက်ပေါင်း ၆၀ မှ ၉၀ ကြာပါတယ်။

null

အသက်ရှင်ကာလအတွင်းမှာလည်း တီကောင်များဟာ အစာ နှင့် နေထိုင်တဲ့ နေရာကလည်း အရေးပါပါတယ်။  အမြဲတမ်းစိုစွတ်တဲ့  ပတ်ဝန်းကျင် (ဥပမာ) စိုစွတ်မှု ၅၀ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်းအထိရှိနေတဲ့ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်ကြပါတယ်။ ထူးထူးခြားခြား စွမ်းရည်တစ်ခုကတော့ မြေပြင်ပေါ်ရှိ အပူချိန်ပြောင်းလဲမှုတွေကို အာရုံခံနိုင်စွမ်းရှိကြတာ ဖြစ်ပါတယ်။

null

အစာစားသောက်ကြရင်လည်း ဆွေးမြေ့နေတဲ့ အရာများအပြင် တိရစ္ဆာန်အသေကောင်များအထိပါ စားသုံးကြပါတယ်။ သုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်မှာတော့ တီကောင်တွေက ဝက်သစ်ချအရွက် ၊ မြက်ပင် နှင့် ပင်မွှားများကို ပိုကြိုက်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Photo Credit – From Google

Source - shortpedia

 

 

 

 

Read More
Loading...
Loading...