ဝါတွင်းကာလလည်းရောက်တော့မှာဆိုတော့ သားသတ်လွတ်တွေ စစားကြပြီပေါ့နော်... သားသတ်လွတ်ဟင်းလျာတွေဆိုတာ စားကောင်းအောင်ချက်တတ်မယ်ဆိုရင် အသားဟင်းတွေထက်တောင် တခါတလေမှာ ပိုအရသာရှိတာမလို့ ဒီနေ့မှာတော့ အရမ်းကို စားလို့ကောင်းပြီး ထမင်းမြိန်စေတဲ့သားသတ်လွတ်ဟင်းလေး တစ်မျိုးကို ပြောပြသွားပါမယ်...
ပဲသွေး ဆီပြန်ချက်
ပဲသွေးဆိုရင် တော်တော်များများက အုန်းနို့ခေါက်ဆွဲထဲပဲထည့်စားလေ့ရှိကြပါတယ်။ ပဲသွေးလေးက အသားတုံးလေးအိအိလေးနဲ့ နူးညံ့တာမလို့ ပဲသွေးလေးကို ဟင်းအနေနဲ့ချက်စားမယ်ဆိုရင် သိပ်ကိုအရသာရှိပါတယ်နော်...
ဆိုတော့ အတူတူလိုက်ချက်ကြည့်ရအောင်...
ပါဝင်ပစ္စည်းများ...
_ပဲသွေး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်း ၊ဆား၊ အရသာမှုန့်၊ ရေအနည်းငယ်၊ တရုတ်နံနံပင်
ပဲသွေးကို လိုသလောက်ဝယ်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းများကို ထောင်းထားပါ။ ဆီအိုးထဲမှာကြက်သွန်ဖြူ နီနဲ့ ဂျင်းကို ဆီသပ်ပြီး ဆီသပ်တဲ့အထဲကို နနွင်းမှုန့်အနည်းငယ်၊ဆားအနည်းငယ် ၊ အရသာမှုန့်အနည်းငယ်ထည့်ပါ။
ပြီးရင်တော့ပဲသွေး အတုံးလေးတွေကို ထည့်ပြီး ရေအနည်းငယ်ထည့်ကာ အုပ်ထားပါ။ ပဲသွေးတွေလည်းနူးလာပြီ ဆိုရင်တော့အ ပေါ်ကနေ တရုတ်နံနံပင်များကို အုပ်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲသွေး ဟင်းတစ်ခွက်ကိုရရှိလို့လာပါပြီ။ အရမ်းစားလို့ကောင်းပြီး ထမင်းမြိန်စေလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...
Source from Sl(own creation)
Photos credit from Google