ဈေးကြီးပေး ဝယ်စားရတဲ့ ကိုရီးယားကင်ချီ ကို အိမ်မှာ ကိုယ်တိုင် ပြုလုပ်နည်း - TrueID

ဈေးကြီးပေး ဝယ်စားရတဲ့ ကိုရီးယားကင်ချီ ကို အိမ်မှာ ကိုယ်တိုင် ပြုလုပ်နည်း

May 16, 2022

ကိုရီးယား ရုပ်ရှင်ဇာတ်လမ်းမျိုးစုံကလည်း အင်မတန် ကြည့်လို့ ကောင်းသလို ကိုရီးယား အစားအသောက်တွေကလည်း စားလို့ ကောင်းပါတယ်။ တောင်ကိုရီးယား ရုပ်ရှင်ဇာတ်လမ်းတွေနဲ့အတူ အစားအသောက်တွေပါ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ တောင်ကိုရီးယားရုပ်ရှင်တွေကို ကြည့်တတ်တယ်ဆိုရင် ကိုရီးယားရဲ့ ရိုးရာအစားအစာ တစ်ခု ဖြစ်တဲ့ ဂင်ချီကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။

 

ဂင်ချီဆိုတာကတော့ အသီးအရွက်တွေကို အချဉ်ဖောက်ထားတဲ့ စားစရာ တစ်ခုဖြစ်ပြီး အစားအသောက်ဝိုင်း တွေမှာ ထည့်သွင်းစားသောက်နိုင်ပါတယ်။ အအီပြေစေပြီး အစာချေစနစ်ကို ကောင်းမွန်စေတာကြောင့် ဂင်ချီနဲ့ဆို အစားအသောက်တွေက ပိုမြိန်နေပါတတ်ပါတယ်။ ဒါကြောင့် ဂင်ချီတွေကို မြန်မာနိုင်ငံမှာလည်း ဝယ်ယူ စားသုံးလျက် ရှိကြပါတယ်။ ပြင်ပမှာ ဝယ်ယူတာက ကိုယ်တိုင်လုပ်တာထက် စျေးကြီးနေလေ့ရှိပါတယ်။ ဂင်ချီဆိုရင် ပြင်ပမှာ ဝယ်ယူရတဲ့ စျေးနှုန်းထက် အိမ်မှာ ပြုလုပ်တာက ၂ဆ ၃ဆ လောက် ကုန်ကျစရိတ် သက်သာပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် သက်သာစေမယ့် အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ ရတဲ့ ဂင်ချီ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

 

မုန်ညှင်းထုတ် ၂ထုတ်

 မုန်လာဥနီ ၁ လုံး

မုန်လာဥဖြူ ၁လုံး

ချင်း ၂ ကျပ်သား

ပန်းသီး တခြမ်း

ကောက်ညှင်းမှုန့် ထမင်းစားဇွန်း၃ဇွန်း

သကြား ထမင်းဇွန်း၂ဇွန်း

ငရုပ်သီးမှုန့် ထမင်းဇွန်း၃ဇွန်း

ကြက်သွန်မြိတ် ၅ပင်

ကြက်သွန်နီ ၂လုံး

ကြက်သွန်ဖြူ ၂ဥ

နှမ်း အနည်းငယ်

အငန်ဖေါက်ထားတဲ့ ပုဇွန်အနည်းငယ် 

ငါးငန်ပြာရည် ထမင်းစားဇွန်း ၃/၄ဇွန်း

ဆား လိုသလောက်

null

ပြုလုပ်ပုံနည်း 

မုန်ညှင်းဖြူထုတ်ကို သေးရင် ထက်ခြမ်း၊ ကြီးရင် လေးစိတ်ခွဲ၊ ရေနဲ့ဆေးကြောသန့်စင်ပြီး ရေစစ်၊ အရွက်အကြားတိုင်းကို ဆားဖြူး သို့ ဆားများများ ကိုရေဖျော်ပြီး မုန်ညှင်းထုတ်ကို ၃/၄ နာရီ လောက်နှပ်မကြာခဏ အထက်အောက် လှန် ပေးပါ။ ဆားဖြူးရင်တော့ ရေပြန်ဆေးပြီး ရေညှစ်ပါ။ ဆားရည်စိမ်ရင်တော့ ရေညှစ်ပါ။ ဇကာတစ်ခုမှာ ရေစစ်ထားပါ။

null

မုန်လာဥနီနဲ့ မုန်လာဥဖြူကို အချောင်းရှည် လေးတွေ လှီး ထားပါ။ ကြက်သွန်မြိတ် အချောင်းရှည်အမျှင် လေးတွေ လှီးထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ချင်းအနည်းငယ်ကို အချောင်းရှည်လေးတွေ ပါးပါးရိတ်ရိတ် လှီးထားပါ။ ပါးပါး ၁-၂ ပြားခန့် သာ ထည့်ပါ။ ကြက်သွန်ဖြူနဲ့ ကျန်တဲ့ချင်းကိုညက်အောင်ထောင်းထားပါ။ ပန်းသီး (သို့) သစ်တော်သီး တခြမ်း ကြိတ်ထားပါပါးပါးလှီး ရင် လည်းရပါတယ်။

 

ကောက်ညှင်းမှုန့် ကို သကြားထည့် ရေအနည်းငယ်နဲ့ ပြစ်ပြစ်လေး ကျိုထားပါ။ ပြီးရင် ငရုတ်သီးမှုန့် ပုဇွန်ခြောက် ငန်ပြာရည်နဲ့ အားလုံးကို ရောနယ်ပါ။ ငရုတ်သီးမှုန့်က ကိုရီးယား ငရုတ်သီးမှုန့်က ပိုကောင်းပါတယ်။ ပုဇွန်ဆားငါးပိကလည်း ကိုရီးယားမှ ကောင်းတာပါ။ မရှိတဲ့အတွက် သူ့အစားပုဇွန်ခြာက်ထည့်ပါတယ်။

null

ရေစစ်ထားတဲ့ မုန်ညှင်းဖြူထုပ်ရဲ့ အရွက်ဖတ်တွေကြားမှာ အနှစ်လေးတွေကို ထည့်ပေးပြီး လက်နဲ့ညှစ်ဆုတ်ဆုတ်ပေးပါ။ ဗူးသန့်သန့် ထဲမှာ ဖိသိပ်ပြီး ထည့်ပါ။

 

ရာသီဥတု ပူနွေးရင်အပြင်မှာ ၂ ရက်လောက်ထားပါ၊ ပိုချဉ်ချင်တယ်ဆိုရင် ၃ရက်လောက်ထားပါ။ ဒါဆိုစားလို့ရပါပြီ။ ပြီးမှ ရေခဲသေတ္တာထဲထည့်ပြီး ကြာရှည်ထားပြီး လိုအပ်သလို စားသုံးနိုင်ပါတယ်။

null

သခွားသီးကိုလေးစိပ်ခွဲပြီး ဆားနဲ့နယ်ပြီး ခဏနှပ်ထားပြီး အဲဒီ အစာတွေကို ကြားထဲထည့်ပြီး သခွားသီးကင်ချီ အဖြစ်လည်း စားနိုင်ပါတယ်။

null

Photo Credit : Google , Source : Online Cooking Foodstuff

Read More
Loading...
Loading...