ရာသီစာ ပဲသိပ့်မုန့်(ခေါ်)ဖြဲသိပ့်မုန့် လေးလုပ်စားကြမယ်... - TrueID

ရာသီစာ ပဲသိပ့်မုန့်(ခေါ်)ဖြဲသိပ့်မုန့် လေးလုပ်စားကြမယ်...

July 4, 2022

မုန့်လုံးရေပေါ်လုပ်တတ်တယ်ဆိုရင်တော့ ဖြဲသိပ့်မုန့်က အလွယ်လေးပါပဲ...

မြန်မာလူမျိုးတွေမှာ ရာသီအလိုက်ပွဲတော်တွေရှိသလို ရာသီအလိုက်လည်း စားစရာလေးတွေမျိုးစုံအောင်ရှိတတ်ကြပါတယ်။ အထူးသဖြင့် အခုလိုသင်္ကြန်ကာလမှာ လူကြီးလူငယ်တိုင်းက သင်္ကြန်ရဲ့အနှစ်သာရဖြစ်တဲ့ မုန့်လေးတွေကိုတော့ လုပ်စားချင်ကြမှာအမှန်ပါပဲ... သင်္ကြန်ရဲ့ မုန့်လို့ဆိုရင် လူအများစုသိထားတာက မုန့်လုံးရေပေါ် ၊ရွှေရင်အေးနေဲ့ မုန့်လက်ဆောင် တို့ကိုသာ လူသိများကြပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ရှေးလူကြီးတွေ လုပ်စားနေကြဖြစ်ပြီး အခုခေတ်မှာ လူသိနည်းတဲ့ဖြဲသိပ့်မုန့် တစ်နည်းအားဖြင့် ပဲသိပ့်မုန့်လို့ခေါ်တဲ့ မုန့်လေး ကိုပြောပြပေးသွားပါမယ်နော်... အရမ်းစားလို့ကောင်းပြီး လုပ်ရတာမခက်လို့ အတူတူလိုက်လုပ်ကြည့်ကြဦးနော်...

null

ပါဝင်ပစ္စည်းများ...

_ ကောက်ညှင်းမှုန့်တစ်ထုတ်

_ ဆန်မှုန့်တစ်ထုတ်

_ မြေပဲ၊နှမ်း၊ ရေ

_ဆား၊သကြား၊ ဆီအနည်းငယ်

_ အုန်းသီး

ပြုလုပ်ပုံအဆင့်အဆင့်...

() ရေနွေးအိုးကို ပွက်ပွက်ဆူအောင်တည်ထားပါ။

null

() ကောက်ညှင်းမှုန့် တစ်ထုတ် ကို ဆန်မှုန့် အထုတ်သေး ၃ပုံ၂ပုံထည့်ပါ။

ပြီးရင်တော့ ဆားအနည်းငယ်နဲ့ ရေအနည်းငယ်ထည့်ပြီး စေးပိုင်နေအောင်နယ်ပေးပါ။၏

() စေးနေအောင်နယ်ပြီးမုန့်သားရလာပြီဆိုရင်တော့ အပြားလေးတွေလုပ်ပြီး ရေနွေးပွက်ပွက်ဆူတဲ့ထဲမှာ ပြုတ်လိုက်ပါ

null

() ရေနွေးအိုးထဲမှာ အပေါ်ကို ပေါလောလေးတွေပေါ်လာပြီဆိုရင်တော့ ဆယ်ပြီးရေအေးလေးထဲ ခဏစိမ်ထားလိုက်ပါနော်...

() ကဲ... တကယ်အရေးကြီးတဲ့အပိုင်းကိုရောက်လာပါပြီ ...ဒါကတော့ ပဲသိပ့်မုန့်ပေါ်မှာ ဖြူးပြီးသိပ်ထည့်မယ့်အမုန့်လေးပါပဲနော်...

အရင်ဆုံးမြေပဲနဲ့ နှမ်းကို ညက်နေအောင်ကြိတ်လိုက်ပါ။

() ညက်နေအောင်ကြိတ်ထားတဲ့ထဲကို ဆားနဲ့ သကြား များကို လိုသလောက်ထည့်ပေးပါ။ မြည်းကြည့်လို့ ဆားပြားသင့်သွားပြီဆိုရင် အမုန့်လေးက အိုကေပါပြီနော်...

() နောက်ဆုံးမှာတော့ မုန့်ပြားလေးတစ်ခုချင်းစီကို အမုန့်နဲ့ သိပ်သိပ်ထည့်ပြီး အပေါ်ကနေ အုန်းသီးလေး ဖြူးပြီးစားလို့ရပါပြီနော်...

null

ကဲ... အရသာလည်းသိပ်ရှိပြီး ကလေးလူကြီးမရွေးလည်း စားလို့ကောင်းတဲ့ ရာသီစာလေးမလို့ အိမ်မှာလိုက်လုပ်စားကြည့်ကြဦးနော်...

 

Source from own creation

Photo credit from google

Read More
Loading...
Loading...