ငါးသေတ္တာ အနံ့သင်းသင်းလေးကို မှ ချဉ်ငံစပ်လေး သုပ်စားလိုက်ရရင် ဘယ်လောက်ထမင်းမြိန်မလဲနော်…ထမင်းနဲ့စားလို့ရသလို အသောက်တလိုင်းတို့အတွက်လည်း အမြည်းအနေနဲ့ စားလို့ကောင်းမယ့် Menu လေးတစ်မျိုးကို ဒီနေ့မှာ ပြောပြပေးသွားပါမယ်။ ဘာစားရမလဲ? ဘာချက်ရမလဲ? ဘာလုပ်စားရင်ကောင်းမလဲဆိုတာ တွေးနေရင်တော့ ဒါလေးလုပ်စားကြည့်ကြဦးနော်...
ပါဝင်ပစ္စည်းများ
_ ငါးသေတ္တာ Ready made ဘူး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ဆိုင်ကဝယ်လာတဲ့ငါးသေတ္တာ ဘူးကို အဖုံးဖွင့် ပြီးပန်းကန်တစ်လုံးထဲ ထည့်ထားပါ(အနှစ်တွေပါ အကုန်မှောက်ထည့်ထားတပါနော်)
(၂) ကြက်သွန်နီကို ရေဆေးပြီး ပါးပါးလေးလှီးထားပါ။ နံနံပင်ကို လည်းရေသေချာဆေးပြီး နုတ်နုတ်ပါအောင်စဉ်းထားပါ။
(၃) အားလုံးအဆင်သင့်ဖြစ်ရင် ငါးသေတ္တာ အသားလေးတွေကိုချေပြီး လှီးထားတဲ့အရာတွေနဲ့ရောနယ်ကာ သုပ်ပေးလိုက်ပါ။
စပ်စပ်လေးကြိုက်ရင် ငရုတ်သီးစိမ်းလေး ညှပ်ထည့်ပေးဖို့လည်းမမေ့နဲ့ဦးနော်
ကဲ အခုဆိုရင်အရသာလည်းရှိစားလို့လည်းကောင်းတဲ့ ငါးသေတ္တာသုပ်လေးရရှိပါပြီ
အရမ်းစားကောင်းပြီး အဆီလည်းမပါလို့ ဝိတ်ချနေတဲ့သူတွေပါ စားလို့ရတယ်နော်...
ကဲ ပြောနေတာကြာပါတယ်အခုပဲ အတူတူ လုပ်စားကြည့်လိုက်ရအောင်