အီကြာကွေးကို ဒီအတိုင်းအချောင်းလိုက်ကြီးပဲ ကိုက်စားနေကြတော့မှာမလား? လက်ဖက်ရည်နဲ့ တို့စားစား၊ပဲပြုတ်လေးနဲ့ပဲစားစား အရသာရှိပြီးစားလို့ကောင်းပေမယ့်လည်း တစ်ခါတလေကွဲကွဲပြားပြားဖြစ်အောင်အီကြာကွေးကို လုပ်စားကြည့်သင့်ပါတယ်နော်... ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အစာပြေအနေနဲ့ သိပ်ကိုစားလို့ကောင်းပြီးလူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတဲ့ အီကြာကွေးအစာသွပ်လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်...
ရွှန်းပြောပြမယ့် လုပ်နည်းလေးက အရမ်းကိုလွယ်ပြီးအချိန်ကုန်သက်သာစေတဲ့နည်းလေးမလို့ အိမ်မှာလုပ်စားကြည့်ကြဉီးနော်...
ပါဝင်ပစ္စည်းများ...
_အီကြာကွေး
_ ကြက်သား
_ မုန်လာဉနီ၊ ကြက်သွန်မြိတ်
_ ဆီ၊ အရသာမှုန့် ၊ ငရုတ်ကောင်းမှုန့် ၊ အကြော်မှုန့်
ပြုလုပ်ပုံအဆင့်ဆင့်...
(၁) ကြက်သားများကို ရေဆေးပြီးနုတ်နုတ်ပါအောင် စဉ်းထားပေးပါ
(၂) ဆိုင်ကနေ ကိုယ်လိုချင်သလောက် အီကြာကွေးကြော်များကို ဝယ်ထားပါ
(၃) မုန်လာဥနီ၊ကြက်သွန်မြိတ်များကို နှုတ်နှုတ်ပါအောင်စဉ်းပြီးးကြက်သားများနဲ့ရောပါ။
(၄) ပြီးရင်တော့ ရောထားတဲ့အစာများကို ငရုတ်ကောင်းမှုန့်အနည်းငယ်၊ အရသာမှုန့်အနည်းငယ် ထည့်ပြီး စေးပိုင်နေအောင်နယ်ပါ။
(၅) ပြီးရင်တော့ အီကြာကွေးကြော်များကို အလယ်ကနေ ပိုင်းပြီးအလယ်က ဂျုံသားများကို လက်နဲ့နှိုက်ထုတ်လိုက်ပါ၊ ထုတ်လိုက်တဲ့ဂျုံသားများကို အပေါ်ကနယ်ထားတဲ့ အစာများနဲ့ရောနယ်လိုက်ပါ။
(၆) ပြီးရင်တော့ အီကြာကွေးထဲကို အစာများပြည့်အောင်ထည့်ပြီး သွားကြားထိုးတံနဲ့ ထိုးကာ အစာများထွက်မလာအောင်ထိန်းပါ။သွားကြားထိုးတံထိုးပြီးသား အီကြာကွေးများကို အကြော်မှုန့်အနည်းငယ်နဲ့လှိမ့်ပါ။
(၇) အခုဆိုရင်တော့ ဆီပူအိုးထဲကို အကြော်မှုန့်ကပ်ထားတဲ့ အီကြာကွေးများကိုထည့်ပြီးကြော်လိုက်လို့ရပါပြီရှင်...
သိပ်ကိုအရသာရှိပြီးအဆာပြေစားလို့ကောင်းတဲ့ အပြင် မုန်လာဥနီနဲ့ ကြက်သွန်မြိတ်တို့ကြောင့် အာဟာရပါဖြစ်စေတဲ့ အီကြာကွေးအစာသွပ်ကြော်လေးမလို့ အိမ်မှာလုပ်စားကြည့်ကြဉီးနော်...
Source from Own creation
Photos credit from google