ဖက်ထုပ်အိုးကပ်ကြော်ပူပူအိအိလေး လုပ်စားကြမယ်... - TrueID

ဖက်ထုပ်အိုးကပ်ကြော်ပူပူအိအိလေး လုပ်စားကြမယ်...

June 10, 2022

ဖက်ထုပ်ဆိုရင် ဘယ်လိုမျိုးစားရတာကို သဘောကျလဲ?... အပြုတ်လား ? အကြော်လား? အပေါင်းလား?

null

ဖက်ထုပ်ဆိုရင်ကြော်တာကြီးလည်းမစားချင်၊ပေါင်းတာကြတော့လည်းအချိန်ကြာတယ်၊ ပြုတ်တာကြပြန်တော့လည်း မကြိုက်ဘူးဆိုတဲ့သူတွေအတွက် ကြော်တစ်၀က်ပြုတ်တစ်၀က်အရသာနဲ့ စားလို့ကောင်းတဲ့ ပူပူအိအိဖက်ထုပ်အိုးကပ်ကြော်လုပ်နည်းလေးကို ဒီနေ့မှာ ပြောပြပေးသွားပါမယ်နော်...

ပါ၀င်ပစ္စည်းတွေကတော့...

null

_ဖက်ထုပ်ရွက်(ကိုယ်တိုင်ဂျုံနဲ့ လုပ်ချင်လည်းရသလို ကိုယ်တိုင်လုပ်ရမှာ လက်၀င်တယ်ထင်ရင် ready made ဖက်ထုပ်ရွက်တွေ၀ယ်နော်)

_ မိမိကြိုက်နှစ်သက်ရာ အသားတစ်ခုခုကို သုံးပါ

_ မုန်လာဥနီ ကြက်သွန်နီ၊ ကြက်သွန်မြိတ်

_ ဆီအနည်းငယ်၊ ရေ

_ ငရုတ်ကောင်းမှုန့်၊ အရသာမှုန့် နှမ်းဆီမွှေး ကော်မှုန့်

ပြုလုပ်ပုံအဆင့်ဆင့်

null

() အသားများကို နုတ်နုတ်ပါအောင်စဉ်းပြီး အရသာမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ကော်မှုန့်အနည်းငယ်ထည့်ကာ စေးပိုင်နေအောင်နယ်ထားပါ။

() ကြက်သွန်နီ၊ ကြက်သွန်မြိတ်နဲ့ မုန်လာဥနီတို့ကို ကိုလည်းနုတ်နုတ်ပါအောင်စဉ်းပြီးအပေါ်က နယ်ထားတဲ့ကြက်သားထဲထည့်ကာ စေးပိုင်နေအောင်ထပ်နယ်ပါ။

() ဖက်ရွက်များကို တစ်လွှာနဲ့ တစ်လွှာ ကပ်မနေအောင် ဆီလေးနည်းနည်းစွပ်ပြီးကိုင်ပေးပါနော်...ပြီးရင်တော့တစ်လွှာချင်းဆီခွာလို့ရသလောက်ခွာထားပါ။

() ဖက်ရွက်တစ်ခုချင်းစီထဲကို အသားလုံးစေးစေးများကိုအနေတော်ထည့်ကာ ကိုယ်ကြိုက်တဲ့ ပုံစံ ဖက်ထုပ်လေးတွေစထုတ်လို့ရပါပြီ( ထုပ်တဲ့ပုံစံက ကိုယ်လိုချင်သလို ပုံစံမျိုးစုံထုပ်လို့ရပေမယ့် အဓိကက အသားလုံးအပြင်ထွက်မကျအောင် တင်းတင်းရင်းရင်းထုတ်ဖို့လိုအပ်ပါတယ်နော်)

null

() ကဲ... အခုဆိုရင်တော့ စပြီး ဖက်ထုပ်အိုးကပ်လုပ်ကြရအောင်နော်... ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း၂ ဇွန်းလောက်ထည့်ပါ။

() ဆီပူလာပြီဆိုရင်တော့ ဖက်ထုတ်လေးတွေကို တစ်ခုနဲ့တစ်ခု ထပ်မနေအောင် ဂရုစိုက်ပြီး စီစီရီရီလေး ထည့်လိုက်ပါ။

null

() ဆီပူနဲ့ဖက်ထုပ်ထိပြီး ဖက်ထုပ်ဖင်လေးတွေက ရွှေအိုရောင်သမ်းလာပြီး အိုးဖင်နဲ့ကပ်နေပြီဆိုရင်တော့ အပေါ်ကနေဖက်ထုပ်မြုပ်လောက်တဲ့အထိရေလောင်းထည့်လိုက်ပါ။(ပြီးရင်တော့ အဖုံးလေးအုပ်ထားလိုက်ပြီး ၁၀မိနစ်၁၅ မိနစ်လောက်အိုးထဲထားလိုက်ပါနော်)

null

() အိုးအဖုံးဖွင့်ကြည့်လို့ ရေတွေခမ်းလာပြီး ဖက်ထုတ်လေးတွေက အရောင်စိုစိုလေးနဲ့ဖြစ်လာပြီဆိုရင်တော့အရသာရှိတဲ့ဖက်ထုပ်အိုးကပ်ပူပူလေးကိုရရှိပါပြီနော်...(မိမိကြိုက်နှစ်သက်ရာ အချဉ်လေးနဲ့တွဲပြီးစားကြည့်နော်)

ဖက်ထုပ်ဖင်ကကြွပ်ကြွပ်မဲမဲလေးနဲ့ အပေါ်က ပေါင်းထားသလို အိအိလေးဖြစ်နေတဲ့ဖက်ထုပ်အိုးကပ်လေးက သိပ်ကိုအရသာရှိတာမလို့ အားလုံးပဲအိမ်မှာလုပ်စားကြည့်ကြဉီးနော်...

null

Source From Own creation

Photos credit from google

Read More
Loading...
Loading...