ပူပူနွေးနွေး ပုစွန်ငါးပေါင်းကြော်လေး... - TrueID

ပူပူနွေးနွေး ပုစွန်ငါးပေါင်းကြော်လေး...

September 8, 2022

ဝါးလိုက်ရင်တထုပ်ထုပ်နဲ့ သိပ်ကို အရသာရှိတဲ့ ပုစွန်ငါးပေါင်းလုံးကြော်လေးကို စားဖူးကြလား?... ကြော်ကြော်ပြီးချင်းလေးစားလိုက်ရရင်ပူပူအိအိလေးနဲ့ သိပ်ကို စားလို့ကောင်းပြီး အရသာရှိပါတယ်နော်...

null

လုပ်ရတာ အရမ်းလွယ်ပြီး Snack အနေနဲ့ပဲစားစား ထမင်းပူပူလေးနဲ့ဆီဆမ်းပြီးတော့ပဲ စားစား သိပ်ကိုအရသာရှိတာမလို့ အခုပဲ အတူတူလိုက်လုပ်ကြည့်ရအောင်နော်...

ပါဝင်ပစ္စည်းများ...

null

_ ပုစွန်

_ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်

_ ငရုတ်ကောင်း၊ အရသာမှုန့်၊ အကြော်မှုန့်၊ ကော်မှုန့် နှမ်းဆီမွှေး၊ဆီအနည်းငယ်

 

ပြုလုပ်ပုံအဆင့်ဆင့်...

() ပုစွန်များကို အခွံနွှာပြီး ထောင်းပေးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ဂျင်း မုန်လာဥနီနဲ့ ကြက်သွန်မြိတ်များကိုညက်နေအောင်ထောင်းပြီး ပုစွန်များနဲ့‌ရောနယ်ပါ။

() နယ်တဲ့ထဲကို အရသာမှုန့်၊ အကြော်မှုန့်၊ ကော်မှုန့်၊ နှမ်းဆီမွှေး၊ ငရုတ်ကောင်းမှုန့် များကိုလိုသလောက်ထည့်ကာနယ်ပါ။

() ပြီးရင်တော့ လိုသလောက် အလုံးလေးများလုံးထားပေးပါ။

null

() ဆီအိုးတည်ပြီး ဆီဆူလာရင်တော့ အလုံးလေးတွေထည့်ပြီးစကြော်လို့ရပါပြီနော်...

null

() ပုစွန်လုံးလေးတွေရွှေအိုရောင် သမ်းလာရင်တော့ချလို့ရပါပြီနော်...

null

မရောနိစ်နဲ့ပဲတို့စားစား မိမိနှစ်သက်ရာအချဉ်နဲ့ပဲတို့စားစား၊ ဒီတိုင်းပဲစားစားသိပ်ကိုအရသာရှိလို့ လုပ်စားကြည့်ကြဦးနော်...

null

Source from sl(own creation)

Photos credit from Google

Read More
Loading...
Loading...