အရသာရှိတဲ့ ဘဲဥဆူးပုပ်ကြော် နဲ့ ထမင်းစားမယ်... - TrueID

အရသာရှိတဲ့ ဘဲဥဆူးပုပ်ကြော် နဲ့ ထမင်းစားမယ်...

October 3, 2022

တခါတလေ ထမင်းကိုဟင်းနဲ့ ချည်းစားရတာ ရိုးအီနေကြမှာပေါ့နော်... တစ်နေ့လာလည်း ဒီအသားနဲ့ ဒီဟင်းတွေပဲစားနေရလို့ ဘာစားလို့ စားချင်မှန်းမသိတဲ့ အခါ ဈေးဝယ်ရအခက်တွေ့မှာပါ...

null

ဒီလိုဈေးဝယ်ရ ခက်တဲ့ နေ့တွေမှာ ဟင်းစားစဉ်းစားရခက်နေသူတွေအတွက် ဒီနေ့မှာတော့ အကုန်ကျလည်းသက်သာပြီး ထမင်းလည်း ရှယ်မြိန်မယ့် ဟင်းလေးတစ်မျိုးကို ပြောပြပေးသွားပါမယ်...

ဒါကတော့... ဘဲဥဆူးပုတ်ကြော်ပဲ ဖြစ်ပါတယ်...

ပါဝင်ပစ္စည်းများ

_ ဘဲဥ၊ ဆူးပုတ်၊ ဆား၊ ကြက်သွန်နီ၊ အရသာမှုန့်၊ ဆီ တို့ပဲဖြစ်ပါတယ်...

ပြုလုပ်ပုံအဆင့်ဆင့်

() ဘဲဥနှစ်လုံးကို ပန်းကန်တစ်လုံးထဲဖောက်ထည့်ကာ ဆား၊ အရသာမှုန့်၊ ငရုတ်ကောင်း ကြက်သွန်နီ(ပါးပါး) ထည့်ပေးကာ ခ‌လောက်ပေးပါ။

null

() ဆူးပုတ်များကို နွှင်ပြီး ပန်းကန်းထဲက အရသာအပြည့်နဲ့ အဆင့်သင့်ဖြစ်နေတဲ့ ကြက်ဥပန်းကန်ထဲကိုရောကာမွှေပေးပါ။

() ပြီးရင်တော့ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီကျက်လာရင် စကြော်လို့ရပါပြီ။

null

ထမင်းပူပူလေးနဲ့ ငပိရည် တို့စရာ အစုံပြင်ကာ တညင်းသီးလေးပါ ထပ်ပေါင်းထည့်ပြီး ဆွဲလိုက်မယ်ဆိုရင် သိပ်ကိုအရသာရှိတဲ့ ထမင်းတစ်နပ် ဖြစ်သွားမှာပါနော်...

null

ကဲ... တခါတလေမှာအသားဟင်းထက်ပိုကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်နိုင်တာမလို့ ချက်စားကြည့်ကြဦးန်ော...

null

Source from sl(own creation)

Photos credit from Google

Read More
Loading...
Loading...