ငါးချဉ်ပေါင်ဟင်း ပူပူလေး ချက်စားကြမယ်... - TrueID

ငါးချဉ်ပေါင်ဟင်း ပူပူလေး ချက်စားကြမယ်...

October 3, 2022

မြန်မာမှန်ရင် ချဉ်ပေါင်နဲ့ ငါးပိရည်တို့စရာကိုတော့ ကြိုက်ကြမယ်ထင်ပါတယ်... မြန်မာလူမျိုးတွေရဲ့ ပါးစပ်ကို ကချဉ်ငံစပ်ကို ဆို သိပ်ခံတွင်းတွေ့တတ်ကြတာ သဘာဝပါပဲ...

null

အခုလို မိုးအေးတဲ့ကာလဆိုရင် မိုးကလည်း အေးအေး နဲ့ ဗိုက်လည်းခဏခဏ ဆာတတ်ကြပါတယ်။ မိုး‌အေးလို့ဗိုက်ချောင်တဲ့အခါ အရသာလည်းရှိ ထမင်းလည်းမြိန်စေမယ့် ငါးချဉ်ပေါင်ဟင်း ပူပူလေး ချက်စားကြည့်နော်...

အရမ်းလည်း မခက်တဲ့ ဟင်းတစ်ခွက်မလို့ အခုပဲ အတူတူလိုက်ချက်ကြည့်ရအောင်...

ပါဝင်ပစ္စည်းများ

_ ငါးကျီး ငါးခူ (သို့)ငါးကြင်း ကိုသုံးပါ

_ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးဟင်းချက်မှုန့်၊နနွင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း ၊အရသာမှုန့်၊ဆီအနည်းငယ်၊ ရေ၊ပုစွန်ခြောက်မှုန့်၊ ငံပြာရည်

ပြုလုပ်ပုံအဆင့်ဆင့်

null

() ငါးများကိုအရင်ဆုံး ဆေးကြော သန့်စင်ပြီး အရသာမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်ဖြင့်နယ်ထားပေးပါ။

() ဆီအိုးထဲကို ကြက်သွန်ဖြူ၊နီ၊ ဂျင်းများထောင်းထည့်ပြီး ငရုတ်သီးဟင်းချက်မှုန့်နဲ့ ဆီသပ်ပေးပါ။

() ဆီသပ်ထားတာ ကျက်လာရင် ငါးများပါထည့်ပြီးဆီသပ်ပေးပါ။

() ရေသေချာဆေးထားတဲ့ချဉ်ပေါင်ရွက်များကို ရောထည့်ပြီး မွှေပေးပါ။ ချဉ်ပေါင်က ချဉ်တဲ့အတွက်ပုစွန်ခြောက်မှုန့်နဲ့ ငံပြာရည်ကို အသုံးပြုရပါမယ်။(ငါးပိကြိုက်ရင်တော့ ပုစွန်ခြောက်နဲ့ငံပြာရည်အစားငါးပိသုံးလို့ရပါတယ်နော်) ပြီးရင်တော့ ချဉ်ပေါင်များ အုပ်အောင် ရေအပြည့်ထည့်လိုက်ပါ။

() ချဉ်ပေါင်များနူးသွားပြီး အရသာလည်းအတော်ဖြစ်သွားပြီဆိုရင် အပေါ်ကနေငရုတ်သီးစိမ်းနဲ့ ပင်စိမ်းလေးအုပ်ပေးလိုက်ပါ။

null

ကဲ ကျက်သွားပြီဆိုရင်တော့ အရသာရှိတဲ့ငါးချဉ်ပေါင်ဟင်းလေးကို ထမင်းပူပူလေးနဲ့ ကြက်ဥကြော်လေးပါ တွဲစားလိုက်ရရင်ဖြင့် ဘယ်လောက်တောင် ထမင်းမြိန်လိုက်မလဲနော်...

null

null

ပြောနေတာကြာပါတယ် ဟင်းချက်ဖို့စဉ်းစားရကြပ်နေတဲ့အခါ ဒီဟင်းလေးချက်စားကြည့်ဦးနော်...

Source from Sl (own creation)

Photos credit from Google

 

 

Read More
Loading...
Loading...