ရွှေတောင်ခေါက်ဆွဲချက်စားကြမယ်... - TrueID

ရွှေတောင်ခေါက်ဆွဲချက်စားကြမယ်...

October 3, 2022

ရွှေတောင်မြို့ရဲ့ အထင်ကရ အစားစာဖြစ်တဲ့ ရွှေတောင်ခေါက်ဆွဲစားဖူးကြလား? တော်တော်များများတော့စားဖူးကြမယ်ထင်ပါတယ်... ရန်ကုန်မှတော့ ရွှေတောင်ခေါက်ဆွဲရောင်းတဲ့ ဆိုင်တွေရှိကြပေမယ့် ဈေးကြီးတာရယ် ဆိုင်တိုင်းမှာမရှိတာရယ်ကြောင့် ဝယ်စားတဲ့သူရှားတယ်လို့ ဆိုရမှာပါပဲ...

null

တကယ်တော့ ရွှေ‌တောင်ခေါက်ဆွဲ ဆိုတာ အရမ်းလည်းချက်ရမခက်သလို မချက်တတ်ရင်လည်း အုန်းနို့ခေါက်ဆွဲနဲ့တူသွားတတ်တာမလို့ ဒီတစ်ခေါက်မှာရွှေတောင်ခေါက်ဆွဲ ချက်နည်းလေးကို ဝေမျှပေးသွားပါမယ်နော်...

 

ကဲ အခုပဲ TrueID နဲ့အတူတူ လိုက်ချက်ကြည့်ရအောင်

ပါဝင်ပစ္စည်းများ

_ရွှေတောင်ခေါက်ဆွဲ (အပါးအပြားလေး)၅၀သား၊ ကြက်သား ၃ဆယ်သား၊ ကြက်ဥ ငါးလုံး

_ကြက်သွန်နီ ကြက်သွန်ဖြူ၊ဂျင်း၊ နံနံပင်၊ ရှောက်သီး၊ အုန်းဆီချက်ဘူး၊ခေါက်ဆွဲခြောက် အကြွပ်(အခွေလိုက်လေးတွေ)

null

_ ရေအနည်းငယ်၊ဆီ၊ ငရုတ်သီးအကျက်မှုန့်၊ငရုတ်သီးဟင်းချက်မှုန့်၊ အရသာမှုန့် ငံပြာရည်၊ ဆား၊ သကြား၊ ပဲမှုန့်အစိမ်းမှု့န်

ပြုလုပ်ပုံအဆင့်ဆင့်

 

() ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး နနွင်းမှုန့်ထည့်ကာ ဆီဝါဝါပူပူလေးထဲမှာခေါက်ဆွဲခြောက် ကြွပ်အခွေများကို ခွာပြီးကြော်ပါ(ရွှေအိုရောင်စသန်းလာတာနဲ့ ဆီအိုးထဲက ဆယ်ပြီး ဆီစစ်ထားလို့ရပါပြီ)

() ဆီအိုးထဲကဆီများကို ပန်းကန် တစ်လုံးတည်းမှာ ခပ်ထားပြီး အိုးထဲမှာ ဆီအနည်းငယ်သာ ချန်ခဲ့ပါ။ ချန်ခဲ့တဲ့ဆီထဲကို အုန်းဆီချက်ဘူးလောင်းထည့်ပြီး အုန်းဆီအနံမွှေးပြီး ဥတက်လာပြီဆိုရင် မီးငြိမ်းပြီး ပန်းကန်တစ်လုံးထဲခပ်ထည့်ထားလို့ရပါပြီ။ ပြီးရင်ကြက်သားအစိမ်းများကိုသန့်စင်ပြီး အရသာမှုန့်အနည်းငယ်နယ်ထားပေးပါ။

null

() ခေါက်ဆွဲခြောက်ကြော်လို့ ပိုတဲ့ဆီ(သို့) မပိုတော့ပါက ဆီအသစ်ကို အိုးထဲအနည်းငယ်ထည့်ပါ ဟင်းချက်မှုန့်အနည်းငယ်ထည့်ပေးပါ။ ပြီးရင်တော့ကြက်သွန်ဖြူ ကြက်သွန်နီနဲ့ဂျင်းများကို ဆီသပ်ပြီး  ဆီစိမ်းနံ့ပျောက်သွားပါက ကြက်သားများကိုထည့်ပါ။(ကြက်သားကို ပြုတ်ပြီးအသားလွှာထည့်လည်းရသလို အတုံးသေးလေးတွေတုံးပြီးလည်းထည့်လို့ရပါတယ်) အရိုးနဲ့ပါတွဲပြီးစားရတာ မရှုပ်ဘူးလို့ခံစားရရင်အရိုးပါတွဲပြီးချက်ပါ အရည်ပိုချိုပါတယ်။

null

() ကြက်သားဆီသပ်တာ ကျက်သွားရင်တော့ ပဲစချက်လို့ရပါပြီ။ ပဲအစိမ်းမှုန့်ကိုထမင်းစားဇွန်း ၂ဇွန်းခွဲခန့်ထည့်ပါ။ ပြီးရင်တော့ ပဲများကို အစိလိုက်ဖြစ်မနေအောင်ရေနဲ့ ရောပြီးချေပေးပါ။လိုအပ်ရင်ဇကာပေါက်သုံးပြီး ခဲနေတဲ့ပဲများကို အရည်ဖြစ်အောင်စစ်ချပေးပါ။

() ပြီးရင်တော့ကြက်သွန်ဥအလုံးသေးလေးများကို ရေနွေးနဲ့ပြုတ်ထားပေးပါ။ ကြက်သွန်ဥအသေးလေးမရှိရင် ဥကြီးကိုပဲ အစိတ်ခွဲပြီးပြုတ်ပေးလည်းရပါတယ်၊ ကြက်သွန်ဥနူးလာရင်တော့ ကြက်သွန်ပြုတ်တဲ့ရေထဲကို အပေါ်ကပဲရည်များလောင်းထည့်ပြီး ပဲနံ့ပျောက်သွားသည်အထိမွှေပေးရပါမယ်။

null

() ကြက်သွန်ဥလည်းနူးလာပြီ ပဲနံ့လည်းပျောက်ပြီဆိုရင်တော့ အပေါ်မှာချက်ခဲ့တဲ့ ကြက်သားဆီပြန်နဲ့ရောလိုက်ပါ။ အရသာအတွက် ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း ဆားအနည်းငယ်၊ အရသာမှုန့်အနည်းငယ်နဲ့ သကြားအနည်းငယ်ကိုလိုသလို ထည့်ပါ။ မြည်းကြည့်လို့ဟင်းရည်လေးအတော်ဖြစ်နေရင်တော့ ချလို့ရပါပြီနော်...

() ရွှေတောင်ခေါက်ဆွဲနဲ့စားဖို့ ငရုတ်သီးအကျက်မှုန့်ကို ဆီပူပူလေးနဲ့လှိမ့်ပြီဂ အိုးကင်းထိုးထားပေးပါ။ဒါဆိုရင်တော့ငရုတ်သီးကြော်ရပါပြီ

ပန်းကန်းထဲမှာ ခေါက်ဆွဲလေးထည့် ကြက်သွန်စိမ်းပါးပါးလေးလှီထည့် ၊နံနံပင်လေးထည့်၊ ငရုတ်သီးကြော်လေးထည့်၊ အုန်းဆီချက်လေးဆမ်း၊ ခေါက်ဆွဲကြွပ်ကြော်မွမွလေး ထည့်ပြီး အပေါ်ကနေ ဟင်းအရည်လေးဆမ်းလိုက်ပါ။ ဒါဆိုရင်တော့သိပ်ကိုအရသာရှိတဲ့ ရွှေတောင်ခေါက်ဆွဲကောင်းကောင်းလေးရပါပြီ... လက်ဝင်ပေမယ့်ချက်တတ်သွားရင်လွယ်တာမလို့ စမ်းချက်ကြည့်ကြဦးနော်...

null

Source from sl(own creation)

Photos credit from Google

Read More
Loading...
Loading...