ခံတွင်းမြိန်စေမယ့် ချဉ်ငံစပ် အသုပ်စုံလေးလုပ်စားကြရအောင်... - TrueID

ခံတွင်းမြိန်စေမယ့် ချဉ်ငံစပ် အသုပ်စုံလေးလုပ်စားကြရအောင်...

August 11, 2022

ထမင်းချည်းပဲစားနေတာ ရိုးနေပြီဆိုတဲ့ လူတွေရှိလား?... အခုလိုပူပြင်ရာသီမှာ မြန်မာပြည်က လူတော်တော်များများက ခံတွင်းပျက်ကြပါတယ်။ ဒီလိုအချိန်မှာ  ထမင်းဟင်းတွေအစား တစ်ခြား အစားစာလေးတွေကို ပိုပြီးတောင်းတတ်ကြတာ အမှန်ပါပဲနော်... ဆိုတော့ ခံတွင်းပျက်လို ထမင်းမစားချင်တဲ့အခါ ခံတွင်းမြိန်စေမယ့် ဗမာချဉ်ငံစပ် အသုပ်စုံလေးကို လုပ်စားကြည့်ရအောင်နော်...

null

ပါဝင်ပစ္စည်းများ

_ ခေါက်ဆွဲ၊ ကြာဇံ၊ ပဲပြား၊ တိုဖူး၊ အာလူး၊ ကြက်သွန်နီ၊ သခွားသီး၊ ပဲပင်ပေါက်၊နံနံပင် ၊ဂေါ်ဖီ၊‌ရှောက်ရွက်

_ ကြက်သွန်နီဆီချက်အဖက်၊အရည်၊ မကျည်းချဉ်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ အရသာမှုန့်၊ ငံပြာရည်အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

null

() မကျည်းသီးများကို ရေနွေးနဲ့ဖောက်ထားပါ။ မကျည်းသီးအချဉ်ဖောက်ထားတဲ့ထဲကို ဆားအနည်းငယ်နဲ့ ထန်းညက်အမဲတစ်ခဲထည့်ထားပါ။(မိနစ် ၂၀ ခန့် လောက်အချည်အရည်ကျလာတဲ့အထိစောင့်ပါ)

() ကြက်သွန်နီများကိုပါးပါးလှီးပြီး ဆီအေးအေးလေးနဲ့ ဆီချက်ချက်ထားပါ။

() တို့ဖူး၊ ကြက်သွန်နီ၊သခွားသီး၊ နံနံပင်၊ ရှောက်ရွက်နဲ့ဂေါ်ဖီတို့ကို ပါးပါးလေးလှီထားပါ၊ ပဲပေါက်ကို လည်းပြုတ်ပြီးသင်ထားပေးပါ။ အာလူးကိုးလည်း ပြုတ်ပြီးနွှာထားပါ။ ပဲပြားကိုလည်းအဆင်သင့်ကျော်ပြီးအတုံးလေးတွေတုံးထားပေးပါ။

() အားလုံးအဆင်သင့်ဖြစ်ရင်တော့ စပြီးသုပ်လို့ရပါပြီနော်...

null

() ဇလုံးသို့ ဗန်းကြီးကြီးကို ခေါက်ဆွဲ၊ ကြာဇံ၊ နဲ့ အဆင့်သင့်ဖြစ်နေတဲ့ အသီးရွက်အားလုံးကို ထည့်ပါ အရသာအနေနဲ့ မကျည်းရည် အနည်းငယ်၊ ကြက်သွန်နီဆီချက် အရည် အနည်းငယ်၊  ပဲမှုန့်၊ ပုစွန်ခြောက် အရသာမှုန့် နဲ့ငံပြာရည် အနည်းငယ်ကို ထည့်ပါ ပြီးရင်တော့ သမအောင် သုပ်နယ်လိုက်ပါနော်...

null

အရသာအားလုံးအနေတော်ဖြစ်သွားပြီဆိုရင်တော့ အပေါ်ကနေ ဆီချက်လေးဖြူးပြီး စားလို့ရပါပြီနော်...

 

null

ကဲ... နေပူပူမှာ ခံတွင်းပျက်နေရင် ဒါလေးလုပ်စားကြည့်နော်

Source from Own creation

Photos credit from Google

Read More
Loading...
Loading...