ပဲပြားသုပ်ချဉ်ငံစပ်လေး သုပ်စားကြမယ်… - TrueID

ပဲပြားသုပ်ချဉ်ငံစပ်လေး သုပ်စားကြမယ်…

April 13, 2023

ရာသီဥတုက ပူတော ထမင်းကို အသားကြီးငါးကြီးနဲ့မစားချင်တဲ့သူတွေအတွက် ဒီနေ့မှာတော့ အရသာရှိပြီး စားလို့ကောင်းတဲ့ ပဲပြားသုပ်ချဉ်ငံစပ် လုပ်နည်းလေးကို ပြောပြပေးပါမယ်နော်…

null

အရမ်းကိုစားလို့ကောင်းပြီးထမင်းမြိန်တဲ့ အသုပ်လေးမလို့ အတူတူလိုက်လုပ်စားကြည့်ရအောင်နော်…

ပါဝင်ပစ္စည်းများ

ပဲပြား၊ ကြက်သွန်းနီ၊ နံနံပင်၊ရှောက်ရွက်၊ ငံပြာရည်၊မကျည်းသီး၊ထန်းညက်ခဲ၊ အရသာမှုန့်၊ ငရုတ်သီးမှုန့် ၊ ငရုတ်သီးစိမ်း

ပြုလုပ်ပုံအဆင့်ဆင့်

ပဲပြားများကို မိမိကြိုက်နှစ်သက်ရာ အနေထားထိ ကြော်ပြီး ဆီစစ်ထားပါ။

null

ကြက်သွန်နီများကို လှီးပြီး ဆီအနည်းငယ်နဲ့ဆီချက်ချက်ထားပါ။

ရှောက်ရွက်၊ ကြက်သွန်နီ၊နံနံပင်များကို ပါးပါးလှီးထားပါ။

မကျည်းသီးကိုရေနွေးစိမ်ပြီး စိမ်တဲ့ထဲကို ထန်းညက်ခဲ တစ်လုံးထည့်လိုက်ပါ။ ဒါမှ အချဉ်က ပိုအရသာရှိမှာနော်။ အရသာမှုန့်လေးလည်းအနည်းငယ်ထည့်ပေးပါ။

စသုပ်လို့ရပါပြီ…

null

ဇလုံထဲမှာ ပဲပြားများကို လှီးထားပါ။ ကြက်သွန်၊နံနံပင်နဲ့ ရှောက်ရွက်များထည့်ပါ။ ငံပြာရည်အနည်းငယ်၊ မကျည်းချဉ်အနည်းငယ်၊ ဆီချက်ဆီအနည်းငယ်၊ ပဲမှုန့်အနည်းငယ် ထည့်ပြီး သေချာနယ်ပါ။ ငရုတ်သီးစိမ်းနဲ့၊ ငရုတ်သီးမှုန့်ကို မိမိလိုသလောက်ထည့်ပါ။ မိမိလိုချင်တဲ့အရသာရပြီဆိုရင်တော့ အပေါ်ကနေ ဆီချက်လေးဖြူးပြီးစားလို့ရပါပြီနော်…

အရမ်းအရသာရှိပြီးထမင်းမြိန်လို့ သုပ်စားကြဦးနော်

 

Read More
Loading...
Loading...