ကြက်သားလို့ပြောလိုက်တာနဲ့ လူတိုင်းလိုလိုကြိုက်ကြတဲ့အသားတစ်မျိုးလို့ပြောလို့ရပါတယ်။ ကြော်ပဲကြော် ချက်ပဲချက် အရသာရှိတဲ့ ကြက်သားကို ဒီတစ်ခေါက်မှာ လူကြီးရော လူငယ်ရော ကြိုက်နှစ်သက်လောက်တဲ့အရသာမျိုးဖြစ်အောင် အချိုချက်နည်းလေးဝေမျှပေးချင်ပါတယ်နော်....
ပါဝင်ပစ္စည်းများ
_ ကြက်သား၊ ခရုဆီ၊ ငံပြာရည်အကြည်၊ငံပြည်အနောက်၊အရသာမှုန့်
_ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဆီအနည်းငယ်၊ ရေ
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ကြက်သားများကိုဆေးကြောသန့်စင်ပြီး အရသာမှုန့်အနည်းငယ်၊ ခရုဆီအနည်းငယ် နယ်ကာ နှပ်ထားပါ
(၂) ဆီအိုးထဲကို ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂျင်းထောင်းထားသည်များကို ထည့်ပြီး ဆီသပ်ပါ
(၃) ဆီကျက်လာရင် ကြက်သားများကို ထည့်ပြီး ရေမြုတ်သည်ထိရေထည့်ပြီး အုပ်ထားပါ
(၄) ရေနည်းနည်းခန်းသွားတဲ့အခါ အရသာမှုန့်အနည်းငယ်၊ ပဲငံပြာရည်အကြည်အနည်းငယ်၊ အနောက်အနည်းငယ်ကို ထည့်ပြီး ဆီပြန်လာသည်အထိထားလိုက်ပါ
(၅) ကြက်သားလေးနူးအိလာပြီး အညိုစိုစိုလေး ဖြစ်လာရင်တော့ ချလို့ရပါပြီနော်
အရမ်းအရသာရှိပြီး စားလို့ကောင်းတဲ့ ဟင်းလေးတစ်ခွက်မလို့ အိမ်မှာချက်စားကြည့်ကြဦးနော်
Source from sl(own creation)
Photos credit from google